2 3 4 5 6 7 8 9 10

Saturday, January 4, 2014

သခင်အောင်ဆန်းတရား



ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။
ဆန်း၏ သမာဓိ၊ ဆန်း၏ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့ 
မင့်သား သိစေချင်လှ၏။
သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏။
ခေတ်လိုက်ခါညီ၊ ခေတ်မှီပညာ
ကြုံရာဘ၀၊ မုတလုံလောက်၊ ခံမြို့ ဆောက်၏
ထိုနောက်တစ်ဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့ အလံတည့်
ပျံတလူလူ၊ သူ ထူခဲ့ကြောင်း၊
ခေါင်းဆောင်သဘော မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ..။ ။

ဇော်ဂျီ ( ၁၅.၇.၁၉၆၆ )


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>