2 3 4 5 6 7 8 9 10

Friday, April 1, 2016

အလွမ်းသင့်စေ ... တန်ခူးလေ

အလွမ်းသင့်စေ ... တန်ခူးလေ




မိုးတစ်ပေါက်နဲ့
ပိတောက်တွေပွင့်တဲ့ .. နွေ ... ။
ပင့်သက်တို့ ကြွေစေဖို့
တကျော့ပြန် ရောက်လာခဲ့ပေါ့ ... ။
ခုချိန်လောက်ဆို
ဧပရယ်လ်ရဲ့နှလုံးသားဗဟိုချက်က
ရေသဘင်မဏ္ဍပ်တွေဆီိမှာ
စည်းချက်ညီ တူးပို့သံတွေနဲ့
ဘယ်ညာချီ ယိမ်းနွဲ့ကခုန်လို့
အစွမ်းကုန် ပျော်နေကြရော့မယ် ... ။
သြော် ...
ခြစ်ခြစ်တောက်ပူနေတဲ့ ရေနဲ့
ဒီမြေမှာ ပိတောက်ပန်းမရှိပေမဲ့
နွေလယ်ခေါင် ကောင်းကင်ပြင်မှာတော့
လေယာဉ်ပျံတွေကအဆက်မပြတ်ပျံသန်းဆဲ ... ။
အတွေးထဲ ...
အိမ်အလွမ်းတွေနဲ့ ပြန်လာချင်ပေမဲ့
လှမ်းလက်စခြေလှမ်းတွေက
ဟိုးအဝေးကိုသာ ခေါ်ဆောင်သွားကြ ... ။
ဒီလိုနဲ့ ...
တစ်ရက်ပြီး တစ်ရက်
နွေသစ်ရွက်တွေလို
အဆက်မပြတ် ကြွေခဲ့ကြပေမဲ့
အိမ်နဲ့ဝေးနေဆဲ နေ့ရက်တွေမှာ
ပိတောက်ပန်းမပွင့်တဲ့မြေက
လေယာဉ်သံတွေကိုပဲ
ငါအကြိမ်ကြိမ် မုန်းနေမိတော့တယ် ... ။

ကောင်မလေး13

 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>