2 3 4 5 6 7 8 9 10

Wednesday, April 15, 2015

လှိုင်းကလေးသင်




ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက
သည်ကမ်းယံစေတီဦးဆီသို့ 
ဖူးမြော်ရန် ရောက်လာပေလာ့
ဘော အိုအချင်း လှိုင်းကလေး သင် ..။
ကမ်းရောက်ပြန်တော့
တဖြောက် မြည်သံကျူ၍
နဂိုမူ စွန့် ကာပစ်ပါလို့ 
မူသစ် တစ်ဆင်ခြယ်၍
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီသို့ 
မြန်းကြွမည့်သွင် ...။
ဘယ်ဒေသဆီက
သင်ကြွကာ ဒီကိုလာ၍
ဘယ်နေရာ ဘယ်ဆိပ်ကမ်းဆီသို့ 
မြန်းမယ်လို့ သင်ဟန်ပြင်
ကြံချင်ဘူ့  သည်အရေး ...။
သို့ ကတဲ
စိတ်ထဲ ငါဆင်ခြင်ခဲ့
သင်လာစဉ် ပင်လယ်လမ်းမှာဖြင့်
မုန်တိုင်းလေ လှိုင်းရေ ကြမ်းသော်ကြောင့်
ပန်းခဲ့သူ စင်ရော်ငှက်ကိုလ
ကျောထက်ဝယ် ဆောင်ယူသယ်၍
ဖောင်သဖွယ် သင် ကူမတယ်လို့ 
တွေးဆကာ သည်အလွမ်းရယ်နဲ့ 
ဝမ်းမြောက်တယ်လေး ...။ ။

ဇော်ဂျီ
စက်တင်ဘာ( ၁၉၃၁ )







No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>