2 3 4 5 6 7 8 9 10

Tuesday, March 10, 2015

နွေဦးဝင်သော်



နွေဦးဝင်သော်
လေရှင်နှင်မှုတ်၊ ပင်မှပြုတ်၍
ရုတ်ရက်ဝဲကာ၊ ရွက်နီဝါတို့ 
လိပ်ပြာမြေဆင်း၊ ဤတစ်သင်းသည်
ကွေကွင်းကြပြန် လေပြီတည်း..။
အဟောင်းပျက်မူ
အသစ်ပြူရ၊ ဖြစ်ကုန်ကြ၏
သစ်ခွပေါ်တွင်၊ လင်္ကာဆိုပြော၊ ရွှေဥသြသည်
သောသောထံတျာ၊ အသံသာသော်
နာခံသောတ၊ ပုရစ်မြသည်
ပြသည်ကိုယ်ထင်၊ ပွဲသစ်ယင်သည်
ကြည်ရွှင်ကြပြန် လေပြီတည်း....။

ဇော်ဂျီ

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>