2 3 4 5 6 7 8 9 10

Monday, August 13, 2012

ကရကဋ် ရာသီဖွား ညီမငယ့်စိတ်ထား

*** ကရကဋ် ရာသီဖွား ညီမငယ့်စိတ်ထား…
(ကရကဋ်ရာသီ-CANCER)…
ဝါဆိုလဖွား ( June 22nd to July 23nd )

…၀ါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုစကားနှင့်အညီ ၀ါဆိုလဖွားသူလေးတွေဟာရေဓာတ်ကြီးစိုးသူများဖြစ်ကြတယ်။  မြန်မာရာသီခွင် အခေါ်က ကရကဋ်လို့ ခေါ်တယ်။ အဓိပ္ပါယ်ဖွင့်ရင်တော့ “ကဏန်း” ရာသီရုပ် သရုပ်ဖော်တဲ့အချိန် ဖြစ်တယ်။
အင်္ဂလိပ် ပြက္ခဒိန်ရက်က ဇွန် ၂၂ ရက်က ဇူလိုင် ၂၃ ရက်အထိဖြစ်တယ်။



  •        လ၀န်းမျက်နှာ…
…ချစ်သူ ငွေလမင်းကလေးလို့ ခေါ်နိုင်အောင် လမင်းရဲ့ဂြိုလ်ဖြစ်တဲ့“တနင်္လာဂြိုလ်” က စိုးမိုးထားသူမို့ သူတို့မျက်နှာလေးတွေက ပါးပြည့်ပြည့်ဖောင်းဖောင်းကလေးနှင့်  ချစ်စရာမျက်နှာ ပိုင်ရှင်လေး များဖြစ်ကြတယ်။ ညနေခင်းအလွန်မှာ လမင်းကလေး ထွက်လာသလို သူတို့ရဲ့လှုပ်ရှားမှုတွေဟာ လည်း နုညက်သိမ်မွေ့ကြတယ်။ ပတ်ဝန်းကျင်နှင့် ညှိုနှိုင်းပြေပြစ်စွာ လှုပ်ရှားတတ် ကြတယ်။
 
  •        မူရာဟန်ပန်…
…ပင်လယ်ရေပြင်ဆန်တဲ့ မူရာဟန်ပန်တွေကို တွေ့ရမယ်။ နရီကျကျ လှုပ်ရှားတတ်တဲ့အမူအရာလေးတွေ၊ စိတ်ဝင်စား ပျော်ရွှင်တဲ့ အခါ မြူးရွှင်နေတဲ့ ဟန်ကလေးတွေကိုတွေ့ရမယ်။ ပင်လယ်မျက်နှာပြင်မှာ ဘာတွေဖြစ်နေနေ ပင်လယ်အောက်ခြေ ရေပြင်သားကတော့ ပကတိ ဆိတ်ငြိမ်နေပါတယ်ဆိုတဲ့ သဘာဝတရားလိုပဲ သူ့ရဲ့စိတ်ဓါတ်အမှန်ကတော့ ငြိမ်ငြိမ်အေးအေး နေတတ်သူလေး ဖြစ်တယ်။
ဝမ်းနည်း ရင်တော့ ဘယ်သူ့မှ ဖွင့်မပြောဘဲ တစ်ယောက်တည်း ကြိတ်မှိတ်ခံစားတတ်တယ်။ စကားပြောချိုသာသူ လေးတွေဖြစ်တယ်။ ဘယ်တော့မှ စကားမာမာကြမ်းကြမ်းတွေ မပြောတတ်ကြဘူး။
  •        စိတ်ထား…
…နုပျိုတဲ့ မိန်းမငယ်လေးအရွယ်မှာ ရယ်ဖွယ်ကောင်းလောက်အောင် ရိုးသားတတ်ကြတယ်။ ကြီးရင့်လာတော့ ရင့်ကျက်သိမ်မွေ့ လာတယ်။ စိတ်ဓါတ်လည်း ကြံ့ခိုင်လာတယ်။ မိန်းမကြီး ဘ၀မှာတော့ အမှန်အတွက်ကို တိကျတယ်။အမှားတွေကို ကဲ့ရဲ့ တတ်သူများဖြစ်လာကြတယ်။ သူ့ကိုယ်ကို အမြဲ ကာကွယ်သူဖြစ်ပြီး သူတစ်ပါးကိုလည်း ထောက်ပံ့တတ် ကြင်နာယုယတတ်တယ်။ ပင်လယ်ရေအောက် က ရေပြင်လို ငြိမ်သက်တဲ့ စိတ်ထားရှိတယ်။
  •        ဆန္ဒသဘောထား…
…ရေဓါတ်ကြီးစိုးသူလေးတွေဖြစ်တာမို့ ထည့်တဲ့ခွက်ပုံစံအတိုင်း ပြောင်းလဲတတ်သလို ပတ်ဝန်းကျင်ရဲ့ မတူတာတွေကို ပြောင်းလဲနေနိုင်တဲ့ အရည်အချင်းထူးတာတွေရှိတယ်။ သူ့စိတ်ကူးထဲက ချစ်သူကို သူက
ပုံဖော်ပြီးသားဖြစ်တယ်။ အဲဒီလူဟာ သူ့အတွက်ရှိနေတယ်လို့ ယုံကြည်သူလေးဖြစ်တယ်။ ချစ်တဲ့သူ က ကြွေပန်းကန်လေးတစ်ချပ်ကို ဂရုစိုက်သလို သူ့ကို ဂရုတစိုက် ဖြစ်စေချင်တဲ့ သူကလေးဖြစ်တယ်။ သူချစ်တဲ့သူကို တွေ့ပြီလို့ ဆုံးဖြတ်ပြီးရင်တော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘူး။ စိတ်ချရတဲ့ ချစ်သူကလေးပါပဲ။
  •        အကြိုက်…
…လရောင်ကို ကြိုက်တဲ့မိန်းကလေးဖြစ်သလို ကမ်းခြေနား ရေနားမှာ စုဝေးစားသောက်ရတာ ကို ပျော်တတ်သေး တယ်။ မိတ်ဆွေတွေနှင့် ပါတီပွဲလေးဖြစ်ဖြစ်၊ အထူးအထိမ်းအမှတ်ပွဲလေးဖြစ်ဖြစ် မကြာခဏပြုလုပ်တတ်တယ်။ လသာတဲ့ညမှာ ချစ်ခင်သူတွေနှင့် စားပွဲသောက်ပွဲကလေးကို ဖန်တီးပေးတတ် တယ်။ မင်းရဲ့ကိုယ်မှာ ၀တ်တဲ့အ၀တ်အစားတွေ၊ သူ့အတွက် ယူသွားတဲ့ ပစ္စည်းလေးတွေ ဟာ အပြာနု၊ အစိမ်းနုလို အရောင်အေးလေးတွေဖြစ်ဖို့လိုတယ်။ အဖြူရောင်၊ နို့နှစ်ရောင်၊ ကြက်ဥရောင် လေးတွေ၊ မစူးမရဲတဲ့ အရောင်လေးတွေ ကြိုက်တယ်။ အ၀တ်အစားကို နူးညံ့တဲ့ ပိုးသားပျော့ပျော့၊ အိပျော့တဲ့အသားနှင့် ပဒုမ္မာသားမျိုး နူးညံ့တာလေးတွေကို ကြိုက်တယ်။
  •        အစား…
…ပတ်ဝန်းကျင်ကောင်းကောင်းကို အခြေခံပြီး အေးအေးဆေးဆေး စားရတာကို နှစ်သက်တယ်။ သီချင်းလေးနားထောင်ပြီး စားရရင် ပိုပြီး နှစ်သက်တယ်။ အစာတွေကို အထူးတလည် ချက်ပြုတ်ထားတာတို့၊ လှလှပပ ပြင်ဆင်ထားတာတို့၊ ရသစုံအစာတို့ကို ကြိုက်တယ်။ ပိုက်ဆံများများ ပေးရင်ပေးရပါစေ၊သူကြိုက်ရင်စားမှာပဲ၊ ကြေးအိုးပြုတ်လို ပူပူနွေးနွေးစားရတဲ့ အစားမျိုးကိုအေးနေတဲ့ အစားထက် ပိုကြိုက်တယ်။ နေ့လည် နှစ်နာရီနောက်ပိုင်းကနေ ညခင်း “လ”ထွက်တဲ့အချိန်တွေဟာ သူလေးရဲ့ အစားအသောက်ကို အချိန်ပေးပြီး စားချင်တဲ့အချိန်တွေပဲ။

  •        ရင်းနှီးမှု…
…၀တ္ထုထဲက ကောင်မလေးရဲ့ချစ်သူလို သူ့ကို သိပ်ဂရုမစိုက်တဲ့ သူကိုရင်းနှီးကျွမ်းဝင်လိမ့်မယ်။ ရယ်စရာတွေ့ရင် အားရပါးရ ရယ်မောတတ်ပြီးခင်မင်ဖော်ရွေတတ်သူလေး ဖြစ်တယ်။ သူနဲ့စကားပြောရတာကို မင်းအနေနဲ့တန်ဖိုးတစ်ခုခုရရှိသလို ခံစားရလိမ့်မယ်။ ဒါပေမယ့် သူဝမ်းနည်းလို့ စိတ်လှုပ်ရှားနေတဲ့အချိန်မှာတော့ ကလေးလို ၀မ်းပန်းတနည်း ငိုတတ်တာမို့မင်းက ချော့မော့ တတ်ဖို့လိုတယ်။ မင်းရဲ့ “ယောက်ကျားရင့်မကြီး” ဆိုတဲ့ဂုဏ်ပုဒ်ကို ထုတ်ဖော်ခွင့်ရတဲ့ အနေနှင့် သူ့ကို အားပေးပါ။ ကူညီပါ။ နှစ်သိမ့်ပါ။ မင်းကို ယုံကြည်သွားလို့ကတော့ ကမ္ဘာပေါ်မှာ မင်းဟာ တစ်ဦးတည်းသော ချစ်ရတဲ့သူပါ။
  •        ၀ါသနာ…
…အိမ်ကို ခင်တွယ်တတ်ပြီး အိမ်ကလေးကို အပန်းဖြေစရာနေရာကလေးလို ချစ်ခင်တွယ်တာတတ်တယ်။ ဒါကြောင့် အိမ်ကို လှပဖို့ ပြင်ဆင်စရာတွေကို ဂရုတစိုက် ရှာဖွေတတ်တယ်။ အလှပြင်ဆိုင်ပိုင်ရှင်၊ အိမ်တွင်း စီးပွား ရှာတတ်သူ၊ ကိုယ်ပိုင် အိမ်ဆိုင်ကလေး ထားရှိတဲ့ ၀ါသနာပါမယ်။
…လူတစ်ဦးကို မိတ်ဆက်ပေးပြီး သိရင်လည်း စနစ်တကျ စုံစမ်းတတ်တဲ့ဝါသနာရှိတယ်။ ပိုက်ဆံစုတတ်ပြီး ငွေကို တိုးပွားအောင် ပြုလုပ်ချင်တဲ့ဆန္ဒရှိတယ်။ ကလေးထိန်းကျောင်းတွေမှာ အလုပ်လုပ်ရတာ ၀ါသနာရှိတတ်တယ်။

  •        စရိုက်…
…သူ့ရဲ့စိတ် အတက်အကျဟာ လရဲ့ လပြည့်ရက်၊ လဆုတ်ရက်တွေနှင့် တိုက်ရိုက်ပတ်သတ်တယ် ။ အောင်မြင် ရင် ပျော်ရွှင် နေတတ်ပြီး ကျဆုံးတာကြုံရင်တော့ ငြိမ်ငြိမ်ကလေး ဖြစ်သွားရော ။ မြန်မာ့ ဓလေ့ ထုံးစံများကို လေးစားစိတ်ကလေးလည်း ရှိတယ်။ လူတော်တော်များများနဲ့ ပြေပြစ်အောင် ညှိနှိုင်းနေ ထိုင်တတ်တယ်။ သူ့ကို တစ်ဦးဦးက လျှို့ဝှက်စွာ မကောင်းစိတ်ထားရင်၊ မကောင်းကြံရင်တောင် သူက တုံ့ပြန်မှာ မဟုတ်ဘူး။ ရှောင်ထွက်သွားမှာ၊ လွတ်အောင်နေမှာဖြစ်တယ်။
  •        အတွေးစိတ်ကူး…
…သူ့အတွေးထဲမှာ ၀တ္ထုထဲက ဇာတ်ကောင်လို ချစ်သူမျိုးကို စိတ်ကူးထားပြီးသားဖြစ်တယ်။ ချစ်သူကို တိတ်တခိုးမြတ်နိုးစွာ ကြာရှည်စွာ ချစ်ပြီးမှ လက်ထပ်တယ်။ ခုတွေ့၊ ခုကြိုက်ဆိုတာမျိုး လုံးဝမလုပ်ဘူး။ လူသားဆန်တဲ့ ဘ၀အမှန်ကို ချစ်သူနဲ့လက်တွဲ ရမယ်ဆိုရင် မြင့်မားထင်ရှားတဲ့ ဘ၀ကနေဆင်းသွားနိုင်တဲ့ စိတ်ကူးအတွေးတွေရှိတယ်။ ငွေမရှိတဲ့အချစ်ကိုတော့ မဖန်တီးဘူး။ ငွေရဲ့အရေးပါမှုကို သူ့အတွေးမှာ အမြဲသိနေတယ်။ သပ်ရပ်ပြည့်စုံတဲ့ နိဗ္ဗာန်ဘုံ အချစ်အိမ်လေးကို   တည်ဆောက်လိုတာဟာ သူ့ရဲ့အဓိက အတွေးတွေဖြစ်တယ်…..။
…ဥမ္မာရီ ( မဟာဝိဇ္ဇာ လက္ခဏာပါရဂူ )၏ မောင့်ရဲ့သက်ထား ပျို့စိတ်ထားမှ ကမ္ဘာသစ်သူငယ်ချင်းများအတွက် မျှဝေပေးပါတယ်
Posted by ayeayemoemeeku on December 30, 2011

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>