2 3 4 5 6 7 8 9 10

Friday, May 24, 2013

ဘုရားပြစ်မှားသူ မာရ်နတ် မြေမျို မမျို ( ဘာသာရေး အမေး၊ အဖြေများ )

မေး။        ။ မြတ်စွာဘုရား၏ အသက်ကို လုပ်ကြံသူ ဒေ၀ဒတ် မြေမျို၍ အ၀ီစိကျရ၏။ လူပုံအလယ်၌ မြတ်စွာဘုရားကို အရှက်ခွဲသည့် စိဉ္စမာနလည်း မြေမျို၍ အ၀ီဝိသို့ ကျရ၏။ သို့ရာတွင် လက်ရုံး တစ်ထောင် ဖြင့် မြတ်စွာဘုရားအား စစ်ခင်းကာ အစဉ်နှောင့်ယှက်နေသူ မာရ်နတ်မှာ အဘယ်ကြောင့် မြေမျို၍ ငရဲမကျ ပါသလဲ အရှင်ဘုရား ဖြေကြားပေးတော်မူပါဘုရား။

ကိုဟန်ဝင်း
၅၇၄၊ လှိုင်သဇင်လမ်း
၁၂ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်။

ဖြေ။       ။ မာရ်နတ်သည် နတ်ပြည်ခြောက်ထပ် အထက်ဆုံး ၀သ၀တ္တီနတ်ဘုံမှ ဖြစ်၍
တန်ခိုးလည်း ကြီးမား သည်။ ထိုတန်ခိုးကြီးနတ်ဘုံသားတို့သည် မိမိတို့ နတ်ဘုံမှအပ
အခြားလူ့ပြည်စသည်တို့၌ စုတေသေလွန် ရသော ထုံးစံမရှိ။ မိမိတို့ နတ်ဘုံမှာသာ စုတေရမြဲ ဖြစ်သည်။ ထို့ကြောင့် မာရ်နတ်သည် မြတ်စွာဘုရားအား ပြစ်မှားသော်လည်း မြေမျိုခြင်း စသော
လူ့ဘုံ၌ဖြစ်သည့် ဘေးဒုက္ခနှင့် စုတေကွယ်လွန်ရခြင်းမျိုး မဖြစ်ဟု မှတ်ရာ၏။
သို့သော် ယင်းအကုသိုလ်ကံများကြောင့် ၀သ၀တ္တီနတ်ပြည်သို့ပြန်၍ သက်တမ်းမကုန်မီ ဖြစ်စေ၊
အသက်တမ်းကုန်၍ ဖြစ်စေ ကွယ်လွန်၍ အ၀ီစိငရဲသို့ ဖြစ်စေ၊ အ၀ီစိနှင့်အလားတူသော
ငရဲသို့ ဖြစ်စေ ကျရောက်ရပေလိမ့်မည်။
            သာဓကမှာ ဒူသီ မည်သော မာရ်နတ်သည် ဤကမ္ဘာ၌ အစဦးဆုံးပွင့်တော်မူသော
ကကုသန် မြတ်စွာဘုရား၏ လက်ယာတော်ရံ အရှင်ဝိဓုရအား ဦးခေါင်းကွဲအောင် နှိပ်စက်၍
ကကုသန်မြတ်စွာဘုရားက "ဤ ဒူသီမာရ်နတ်သည် မိမိ၏ အတိုင်းအရှည်ကို မသိစွတကား" ဟု
မိန့်တော်မူ၏။ ထိုအခါ မာရ်နတ်သည် မိမိအား မြတ်စွာဘုရား သိတော်မူပြီဟု ၀သ၀တ္တီ
နတ်ပြည်သို့ ပြန်သွား၏။ နတ်ပြည်သို့ရောက်၍ မကြာမီပင် နတ်သက်တမ်းကြွေကာ ဆဖဿာတနိယ
ငရဲကြီးဟူ၍လည်းကောင်း၊ သင်္ကုသမာဟတ ဟူ၍လည်းကောင်း ပစ္စတ္တဝေဒနီယ ဟူ၍
လည်းကောင်း သုံးမည်ရသော ( အ၀ီစိတမျှ ဒုက္ခခံစားရမှု ပြင်းထန်ဆိုးဝါးလှသည့် )
ငရဲ ၌ ဖြစ်ရလေသည်။ 
( အကျယ် မူလသဏ္ဏာသ၊ မာရတဇ္ဇနီယသုတ်၊ မဟာ ဗုဒ္ဓ၀င် တတိယ ၆၆၆ )

 ဘာသာရေး ပြဿနာ အမေးအဖြေများ
ရဝေထွန်း ( မြတ်မင်္ဂလာ )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>