2 3 4 5 6 7 8 9 10

Sunday, June 21, 2015

ကမ္ဘာ့ဖခင်နေ့



စိတ်ထဲချမ်းမြေ့၊ ဖခင်နေ့ကို
မမေ့မလျော့၊ ညီ မပေါ့ဟု
ရတနာ သုံးဖြာ
ဆရာ မိဘ၊ ငါးပဉ္စ၌
ဖခင်ပါဝင်၊ ကျေးဇူးရှင် ဟု
မိသားစုတိုင်း
ကိုင်းရှိုင်းကြည်ဖြူ၊ ဆရာတစ်ဆူ ဟု
စားဝတ်နေရေး၊ ရှုပ်အထွေးကို
ဖြေပေးတတ်သူ၊ ရှင်းတတ်သူဟု
မိသားစု၌၊ သုခဒုက္ခ
ကြုံလာရသော်
ဖခင်မရှောင်၊ သူဦးဆောင် ဟု
သနားသည်းခံ၊ ဆင်ခြင်ဥာဏ်နှင့်
အားမာန်လွှင့်ထူ၊ ပြုတတ်သူဟု
ယူဆသေချာ၊ စွဲမြဲလာသည်
ညီမျှပွားများ၊ ဖခင်တရား။     ။

ဇော်ဂျီ
ဇွန်လ၊ ၁၉၈၇
ဇွန်လ တတိယပတ်၊ တနင်္ဂနွေနေ့တွင် ကျရောက်သော ကမ္ဘာ့ဖခင်များနေ့ အထိမ်းအမှတ် ကဗျာ


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>