2 3 4 5 6 7 8 9 10

Thursday, August 16, 2012

ဝလုံးလေးက စ ခဲ့တယ် ( တင်မိုး )




ဝလုံးလေးက စ ခဲ့တယ်..။
ဘကုန်းကို ဦးထိပ်တင်ပြီး
ဘ၀ထဲကို ၀င်ခဲ့တယ်..။

ဝင်ခဲ့တဲ့ဘ၀ ထွေပြားစွ..။
ညည အခင်း ပပ၀င်း
လမင်းနဲ့လဲ ဆုံခဲ့တယ်..။


ညအခါ
လ မသာ လ ပျောက်
ဍ္ဍ ရင်ကောက် ဎ ရေမှုတ်
အရုပ်ဆိုးဆိုးတွေလဲ တွေ့ခဲ့တယ်..။

ကကြီး ခခွေး ငွေသူဌေး
ဆလုံး ဆလိမ် သုခမိန်
ချင့်ချင့်ချိန်ချိန် ရှိပါတယ်..။

ဆူဆူပူပူ တ၀မ်းပူတွေလဲ အများကြီး..။
ဘ၀ကျောင်း အစက ကောင်းပါရဲ့
မရဏ မောင်း က ခေါ်သံကြားရင်
အားလုံးထားလို့ သွားရမယ်...။ ။

တင်မိုး

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>