2 3 4 5 6 7 8 9 10

Saturday, June 23, 2012

ဗုဒ္ဓအရိပ်


အ၀ိဇ္ဇာစ၊ ကန္တာရ၌
အပေါ်ကပူ၊ အောက်ကပူမို့
လောင်ဆူဟိုက်မော၊ ခရီးကြောတွင်
အေးသောနေရာ၊ တစ်ကွက်တာကို
ဘယ်မှာရှာရပါမည်လဲ ...

အ၀ိဇ္ဇာစ၊ ကန္တာရ၌
ဗုဒ္ဓညွှန်ကြား၊ လမ်းမှန်သွားက
ခိုနားအေးရိပ်၊ တွေ့ပေလိမ့်မည်
အေးစိမ့်သာယာ၊ နိဗ္ဗာန်ရွာတည်း ...။


 Posted by Than Zaw (Nyaungkan) on November 6, 2010 at 9:30am

မြေလတ်မြို့ တော် မကွေး


မကွေးမြို့  ....


မြန်မာနိုင်ငံမြေပုံမှာ ကြည့်လိုက်မယ်ဆိုရင် အလယ်ပိုင်းဒေသမြို့လေး တစ်မြို့ပါ။ သာယာအေးချမ်းပြီးနေချင့်စဖွယ်ကောင်းတဲ့ မြို့လေးပေါ့၊ စီးပွားရေးလုပ်ရကိုင်ရတာလမ်းပွင့်ပြီး ခောတ်မှီတဲ့မြို့လေး တစ်မြို့ပါပဲ။ စက်မှု့၊လက်မှု့ တိုးတက်ပြီး ကျောင်း၊ တက္ကသိုလ်ပေါင်းစုံရှိတဲ့ ရှိတဲ့မြို့လေးပါ။စေတီကျောင်းကန် ဘုရားပေါင်းမြောက်များစွာရှိတဲ့မြို့ ဆိုလဲ မမှားပါဘူး။ “မကွေးမြို့“ လို့ကြားလိုက်တဲ့လူတိုင်းက မြသလွန်ဘုရား နဲ့ ဧရာဝတီတံတား ကိုတော့တွဲလျှက်မြင်ကြမှာပါ။


Friday, June 22, 2012

သုံးသပ်ပါ


ကျန်းမာခြင်းဟာ လာဘ်ကြီးတပါးရယ်လို့ ရှေးကဆိုရိုးစကားရှိပါတယ်။
လူရယ်လို့ဖြစ်လာရင် အသက်ရှင်နေထိုင်မှ ကျန်းမာရေးကောင်းမှ ဖြစ်မှာပါ။ တချို့လူတွေက သေရမည့်ရက်ကို ထမင်းစားပြီး စောင့်နေရတယ်လို့ ပြောကြပါတယ်။ ဒီလိုအပြောအဆိုမျိုးကို လက်မခံချင်ပါဘူး။ တကယ်တော့ လူဟာတန်ဖိုးရှိပါတယ်။ လူဖြစ်ရတာကိုက တန်ဖိုးမဖြတ်နိုင်ပါဘူး။ အလုပ်အကိုင်အတည်တကျရှိနေတဲ့ သာမာန် ၀န်ထမ်းတစ်ယောက်ကိုကြည့်ပါ။ သူဟာ တလကို ကျပ်တစ်သိန်းရမယ်ဆိုရင် မနက်အိပ်ရာကနိုးထလို့ မျက်လုံးနှစ်လုံးဖွင့်တာနဲ့ ကျန်းမာနေမယ် အလုပ်သွားမယ်ဆိုတာနဲ့ အဲ့ဒီနေ့အတွက် (3500)တန်နေပါပြီ။ ကျန်တဲ့အလုပ်လေးတွေတွဲလုပ်ဦးမယ်ဆိုရင် ၀င်ငွေပိုလာမယ်ဆိုရင် ဒီထက်ပိုတန်ဖိုးရှိနေပါတယ်။ ဒါကသာမာန်ငွေကြေးလေးကို သာမာန်အတွေးလေးနဲ့ တိုင်းတာကြည့်တာပါ။
...လူဟာတကယ်တော့ အတ္တကြီးကြပါတယ် ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဘဲ အမြဲလိုလို ရအောင် ကြိုးစားကြတယ်။ သူတပါးအတွက် ပေးဆပ်စရာကြုံလာရင် တွန့်တိုတတ်ကြတယ်။လူဟာ သူတပါးအတွက် အများအတွက်ပေးဆပ်တဲ့အရာကကြီးမားခဲ့တယ်ဆိုရင် အဲ့ဒီလူကို သူရဲကောင်းလို့ သတ်မှတ်ကြတယ်။ သူရဲကောင်းမဖြစ်ရင်လဲ ဒီလိုကောင်းတဲ့ အပြုအမူမျိုးကို မွေးမြူသင့်ပါတယ်။ No pain No game ဆိုတဲ့ စကားပုံလေးကို စာရေးသူက အရမ်းကြိုက်နှက်သက်ပါတယ်။မြန်မာလို အနာမခံရင် အသာမစံရဘူးပေါ့။တခုခုကို လိုချင်ရင် တခုခုကိုပေးဆပ်ရတာသဘာဝပါဘဲ။
... သေချာစဉ်းစားကြည့်ရင် လူရယ်လို့ဖြစ်လာကတဲက သူတပါးအတွက် ကြီးပြင်းလာရတာပါ။ မိဘဖြစ်တဲ့ မိဘနှစ်ပါးကလည်း ငယ်ရွယ်တဲ့ သားသမီးကို စောင့်ရှောက်ရသလို အရွယ်ရောက်တဲ့ လူတစ်ယောက်ဟာလည်း မိသားစုတာဝန်တွေထမ်းဆောင်နေကြရတာပါ။ အလုပ်လုပ်ရင်တောင် သူဌေးအတွက်လုပ်ပေးနေရတာပါ။ သူဌေးရဲ့အလုပ်တွေ အောင်မြင်အောင်ကြိုးစားလုပ်ဆောင်ပေးမှ သူဌေးက ကိုယ့်ကိုလစာပေးတာပါ။ သူတပါးအလုပ်ဖြစ်ပေမဲ့ ကိုယ်ကကြိုးစားလုပ်ဆောင်ခဲ့မယ်ဆိုရင် မြင့်မားတဲ့ရာထူးလစာတွေ ခံစားနိုင်ပါတယ်။ ကိုယ်ပိုင်အလုပ်ဘဲဖြစ်ဖြစ် လခစားဘဲဖြစ်ဖြစ် ကြိုးစားခြင်းဟာ ဘယ်တော့မှ အချည်းနှီးမဖြစ်ပါဘူး။


မိသားစုနဲ့ ခွဲခွါနေရတဲ့ဘ၀မှာ ငွေကြေးကလွဲရင် ဘာမှမဖြည့်ဆည်းပေးနိုင်ဘူး။ ငွေဟာအရေးကြီးပါတယ် မိသားစုအပေါ် ပေးတဲ့နွေးထွေးမှုကလည်း ပိုအရေးကြီးပါတယ်။ မိသားစုနဲ့ နေတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ညာတာပြီး မိသားစုရဲ့ ကိစ္စအသေးအဖွဲလေးတွေကို ကူညီလုပ်ဆောင်ပေးခြင်းက မိသားစုကို စိတ်ချမ်းသာမှုပေးတာနဲ့ အတူတူပါဘဲ။ တနယ်တခြားမှာနေမှ ဒီလိုအပြုအမူတွေ ပေးဆပ်ဖို့မလွယ်တော့ဘူးလေ။

သားယောက်ျားလေးတွေလည်း သောက်စားပြီး လောင်းကစားဘက်ကို အာရုံမလှည့်ဘဲ မိသားစုအတွက် နွေးထွေးမှုဖြစ်စေနိုင်တဲ့ ဆောင်ရွက်ချက်ဘက်ကို ဦးတည်ပြီး မိသားစုအတွက် ငွေသုံးစွဲတာချွေတာပြီး ထောက်ပံ့စေချင်တယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ ကြည်နူးမှု အရာသာနဲ့များစွာ ခြားနားပါတယ်။ ကိုယ်ရမဲ့ပျော်ရွှင်မှုနဲ့ မိသားစုတွေရဲ့ ကြည်နူးမှုနဲ့ လဲလှယ်ရတဲ့အခါ မကြေကွဲပါနဲ့ ဂုဏ်ယူပါ။
မိန်းကလေးတွေကို ပြောချင်ပါတယ်။ အမေက မွေးကျေးဇူးကြီးမားခဲ့တယ် ဆပ်လို့မကုန်နိုင်ပါဘူး။ မပြည့်စုံတဲ့မိခင်ဖြစ်မယ် အမေဟာစားဝတ်နေရေးအတွက် တဖက်တလမ်းက လုပ်ဆောင်ဦးမယ်ဆိုရင် ပိုပြီးဂရုစိုက်ပါ။ အမေက ဈေးရောင်းတယ်ဆိုရင် သမီးဖြစ်တဲ့သူက ဈေးရောင်းမကူနိုင်ရင်တောင် အိမ်မှုကိစ္စတွေကို မလစ်ဟင်းရအောင် ကူညီပေးပါ။ အမေက ပင်ပန်းတဲ့အခါအိမ်ထဲကို ၀င်လိုက်တာနဲ့ အိမ်အလုပ်ကလုပ်ရဦးမယ်ဆိုရင် အမောဆို့သွားနိုင်ပါတယ်။ ကိုယ်ကကူညီလုပ်ကိုင်ထားမယ်ဆိုရင် အမေဟာ အမောတွေပြေပျောက်မှာ သေချာပါတယ်။


မိဘက အဝေးရောက်နေတဲ့ သားသမီးကို ပိုချစ်တယ်လို့ထင်ပြီး မိသားစုတွေကြားမှာ စကားများတတ်ကြပါတယ်။ တကယ်တော့မိဘက အတူတူပါဘဲ။အနီးမှာရှိနေတဲ့သားသမီးကို အချိန်တိုင်းမျက်စိအောက်မှာတွေ့နေရတော့ စိတ်ချတာပေါ့။အဝေးမှာနေတဲ့ သားသမီးက မမြင်ရလို့စိတ်ပူတာပါ။မိဘက မေတ္တာစိတ်နဲ့ ပြောတဲ့အခါ မနာကျင်ပါနဲ့ မိဘကို နားလည်ပါ။ မိမိဘ၀ကိုမေ့ပစ်ပါ။ မိမိဖြစ်ချင်တာတွေကို သူတပါးအတွက် ပေးဆပ်ခြင်းဖြင့်ရယူပါ။ ကျန်းမာပြီး ရှင်သန်နိုင်အောင် ကြိုးစားပါ။ နောင်တဆိုတာ မချိုမြိန်ဘူး။ နောင်တနဲ့မဆိုင်သလိုနေကြည့်ပါ။ ကိုယ့်ကိုယ်ကို သုံးသပ်တတ်ပါစေ။
သူရဲကောင်းမဖြစ်ရင်တောင် သူရဲကောင်းစိတ်ဓါတ်ကိုမွေးမြူပါ။လူအများကြီးကို အကျိုးမပြုနိုင်ရင်တောင် မိသားစုကို အကျိုးပြုနိုင်သော လူပီသစေချင်တယ်။တကယ်တော့ ပေးဆပ်ခြင်းဆိုတာ ကိုယ်ကဆိုနင့်ပေမဲ့ အများအတွက်တော့ အနှိုင်းမဲ့ရလဒ်ပါ။
အဝေးရောက် မောင်နှမ များ၊မိသားစုနဲ့ အတူနေ မောင်နှမများ သုံးသပ်နိုင်စေရန် ရည်ညွန်းလျက်..။

လေးစားစွာဖြင့် ....
ကိုလင်း
 
 

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>