2 3 4 5 6 7 8 9 10

Wednesday, September 5, 2012

အိမ်သုံး သကြားနှင့် သိမှတ်ဖွယ်ရာ






            ယနေ့ခေတ် လူကြီးလူငယ်များနှင့် ကလေးသူငယ်အများစုသည် သကြားအသုံးပြုသော အချိုဓာတ်ပါဝင်သည့် အစားအစာ များကို ခုံမင်နှစ်သက်စွာ စားသုံးလေ့ ရှိကြသည်။ သကြားအသုံးမပြုသော မုန့်မျိုးစုံမှာ ယနေ့ခေတ်တွင် နည်းပါးလှ သည်။ သကြားကိုအလွန်အကျွံစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် မလိုလားအပ်သော ဆိုကျိုးများကို ဖြစ်စေနိုင်သည်။
သကြားကို အလွန်အကျွံစားသုံးပါက အ၀လွန်ရောဂါ၊ ဆီးချို၊ သွေးချိုရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ စသည်တို့ကို ဖြစ်ပွားစေနိုင်ပြီး သွားဖုံးနာခြင်း၊ သွားကိုက်ခြင်း၊ သွားပိုးစားခြင်းများကိုလည်း ဖြစ်စေသည်။ အဆိုပါရောဂါများ ခံစားနေရ သူများအား ဆရာဝန်များက အဆီနှင့် အချိုဓာတ်ပါသော အစားအစာများ လျော့စားရန် ညွှန်ကြားလေ့ ရှိသော်လည်း လိုက်နာဆောင်ရွက်ကြသူများ ရှိသလို အမှုမဲ့အမှတ်မဲ့ စားသုံးကြသူများလည်း ရှိသည်။
           ထို့အတူ သကြားကိုစနစ်တကျအသုံးပြုခြင်းနှင့် စနစ်တကျသုံးပါက ကျန်းမာရေးအတွက် သင့်လျော်ရုံသာမက မိမိ ပတ်ဝန်းကျင်၌ ရှိသော အရာဝတ္ထုများကိုပါ အသုံးဝင်စေသည်။ သကြားမပါသော မုန့်ကြွပ်၊ သကြားမထည့်သော မုန့် အမျိုးမျိုးကို သကြားနှစ်ဇွန်းထည့်ပြီး ထုပ်ပိုးသိမ်းဆည်းထားပါက အနံ့အသက်ကင်းစေပြီး ကြာရှည်ခံစေသည်။ 
          ထို့အပြင် ဆီများပေကျံနေသော အိုးခွက်ပန်းကန်များကို ဆေးကြောသုတ်သင်ထားသော်လည်း ဆီများကျန်ရှိနေသေး သည်ကို လူတိုင်း သတိမထားမိကြပေ။ ဆီများပေကျံသော အိုးခွက်ပန်းကန်များကို သကြားအနည်းငယ်မျှထည့်ပြီး ပုရွက်ဆိတ် လွတ်ကင်းသော နေရာတွင် လုံလုံခြုံခြုံ ဖုံးအုပ်ထားပါက ပေကျံနေသော ဆီများကို စုပ်ယူပေးပြီး အနံ့အသက်များ သက်သာ ပျောက်ကင်းစေသည်။
ထို့ပြင် ပူစပ်ပူလောင်ဖြစ်စေသော အစားအစာများကို စားသုံးခြင်းဖြင့် မထင်မှတ်ဘဲ လျှာပူလောင်ခြင်း၊ လျှာကျက်သွားခြင်း များ ဖြစ်ပါက ပူလောင်သွားသောနေရာတွင် သကြားအနည်းငယ် တင်ထားပေးခြင်းဖြင့် အပူလောင်ခြင်းကို သက်သာ ပျောက် ကင်းစေသည်။
           ထို့ကြောင့် မိမိတို့နေ့စဉ်ဘ၀တွင် သကြားစားသုံးခြင်းသည် ကျန်းမာရေးအတွက် ဆိုးကျိုးများ ဖြစ်စေနိုင်သလို ကောင်းကျိုး များကိုလည်း အထောက်အကူ ဖြစ်စေနိုင်သည့်အတွက် အိမ်တိုင်းအိမ်တိုင်းတွင် မရှိမဖြစ် အသုံးပြုနိုင်သည့် ပစ္စည်းတစ်ခု အဖြစ် ရေးသားဖော်ပြလိုက်ပါသည်။

( ဇင်ဘို )

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>