2 3 4 5 6 7 8 9 10

Monday, May 18, 2015

ချစ်ဖွယ်ရိုး





ဟိုးမှာ..
မိုးပြာကိုလှမ်း၊ တိမ်မတန်းကို
ဖက်နမ်းတောင်ခိုး၊ သားလူဆိုးကြောင့်
ရိုးကား ရင်တုန်နေရော့မည်..။

ဟိုးမှာ
တောင်ခိုးကဖက်၊ တိမ်မ ရှက်လို့
မျက်နှာဝှက်သတဲ့၊ ရှိုက်လျက်နှင့်ညား
ရိုးကား ရင်ခုန်နေရော့မည်..။

ဟိုးမှာ..
တိမ်နှင့်တောင်ခိုး၊ မေတ္တာနိုး၍
မိုးကိုမွေးဖွား၊ သူ့မြေးသားကြောင့်
ရိုးကား ပျော်ရွှင်နေရော့မည်..။

တိမ်နှင့်တောင်ခိုး၊ ရိုးမိသားစု
ပျော်ရွှင်မှုမှ၊ ယခုတို့ရွာ
ရတနာဟု၊ ဖွေရှာထုတ်လှစ်
ရွှေကျွန်းသစ်နှင့်၊ ၀ါးမျှစ်မကျန်
ပေါပြည့်လျှံသည်
မြန်မာပြည်၏ ချစ်ဖွယ်ရိုး…။

( ရိုး = ရိုးမတောင်တန်းကြီးများ )

ပြင်စည်အောင်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>