2 3 4 5 6 7 8 9 10

Tuesday, April 30, 2013

အနေနီးတိုင်းလည်း အနီးနေမဟုတ်




လောကမှာ ဘယ်သူမဆို
ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူ၊
ကိုယ်ကြည်ညို လေးစားတဲ့သူနဲ့
အနေနီးချင်ကြတဲ့ သူတွေချည်းပါပဲ
ဘယ်သူမှ အနေမဝေးချင်ကြပါဘူး။

ဒါပေမဲ့ ကံတရားစတဲ့ အကြောင်းတရား အမျိုးမျိုးကြောင့် ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူ၊
ကိုယ်ကြည်ညို လေးစားတဲ့သူတွေနဲ့ အနေဝေးရတဲ့ အဖြစ်မျိုးတွေလည်း ကြုံရတတ်ပါတယ်။

ခေတ္တခဏ အနေဝေးတာမျိုးလည်းရှိတယ်။
အကြာကြီး အနေဝေးတာမျိုးလည်းရှိတယ်။
တစ်သက်တာလုံး ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့
ဝေးခြင်းမျိုးနဲ့ ထာဝရအနေ ဝေးတာမျိုးလည်းရှိပါတယ်။

“လူချင်း”အနေဝေးပေမယ့် “စိတ်ချင်း” အနေမဝေးရင်
အဝေးနေတယ်လို့ မခေါ်နိုင်တော့ပါဘူး။

 အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>