2 3 4 5 6 7 8 9 10

Friday, December 5, 2014

ပင်ပန်းမှု၊ စိတ်ဖိစီးမှုများနှင့် သွေးပေါင်ကျခြင်း

“နေပူထဲကနေချွေးစိုစိုနဲ့ပြန်လာပြီး အဲကွန်းနဲ့အေးနေတဲ့ ရုံးခန်း ထဲကိုဝင်လိုက်ရာကနေ သူငယ်ချင်းတစ်ယောက် သွေးပေါင်တွေ ကျ ၊ခေါင်းတွေမူးပြီးသတိလစ်သလို ဖြစ်သွားတယ်”
“အအိပ်ပျက် ၊ အစားမမှန်၊ အလုပ်နဲ့   စိတ်ဖိစီးမှုတွေ များပြီး သွေးပေါင်တွေကျပြီး    အန်လို့၊ ဆေးသွားသွင်းလိုက် ရတယ်”စသည်ဖြင့်  ယခုရက်ပိုင်းအတွင်း အနီးပတ်ဝန်းကျင်တွင် ရာသီဥတုပူပြင်းခြင်းကြောင့် သော်လည်းကောင်း၊ စိတ်ခံစားမှုနှင့်နေ ထိုင်စားသောက်မှုပုံမှန်မဟုတ် ခြင်း စသည့်အကြောင်းရင်းများ ကြောင့်သော်လည်းကောင်း သွေးပေါင်ကျမှုများအဖြစ်များလျက်ရှိသည်။
“ပူပြင်းတဲ့ရာသီဥတုမှာသွားလာလှုပ်ရှားရင်း ချွေးထွက်များတာတွေ၊ လေ့ကျင့်ခန်းတွေ မနားတမ်းလုပ်တာတွေ၊   အစားအသောက်မမှန်တာတွေ၊ အအိပ်ပျက်တာများရင်လည်း သွေးပေါင်ကျ တတ်တယ်။ ကိုယ်နေထိုင်တဲ့ ပတ်
ဝန်းကျင်တို့၊ လုပ်ငန်းခွင်တို့မှာလည်း စိတ်ဖိစီးမှုတွေများလို့လည်း ဖြစ်တတ်ပါတယ်”ဟု အထွေထွေ
ရောဂါကုဆရာဝန် ဒေါက်တာခင် ဇော်ကပြောသည်။


သွေးပေါင်ကျခြင်း (Hypo tension) သည်အသက်အရွယ် အပိုင်းအခြားမရွေးဖြစ်ပွားလေ့ ရှိပြီး အသက် ၄၀ အောက်ဆိုပါက ပုံမှန်သွေးဖိအား ၁၂၀/၈၀ ရှိရ မည်ဖြစ်ကာ၊ အသက် ၄၀ ကျော် ဆိုပါက အသက်အရွယ်အလိုက် သွေးပေါင်တက်သွားသည်ဟုဆို သည်။
“အသက် ၅၀ မှာသွေးပေါင် ၁၅၀ ဆိုရင် သွေးတိုးတယ်လို့မဆို နိုင်ဘူး။ အသက် ၆၀ ကျော်မှာသွေး ပေါင် ၁၆၀ ရှိတယ်ဆိုရင်လည်း သွေးတိုးနေတယ်လို့မပြောဘူး။ ဒါပေမဲ့  ပုံမှန်ဆိုရင်    အောက်သွေးက ၉၀ထက် မကျော်ရဘူး” ဟုဒေါက်တာခင်ဇော်က    ပြောသည်။
နှလုံးကညှစ်ပြီးထုတ်လိုက်သည့် သွေးသည် ခန္ဓာကိုယ်ထဲရှိသွေး ကြောများမှတစ်ဆင့်လည်ပတ်စီး ဆင်းခြင်းဖြစ်ပြီး သွေးပေါင်တက် ခြင်း၊ ကျခြင်းကိုတိုင်းတာခြင်းမှာ နှလုံးခုန်လိုက်ပြီး   ညှစ်လိုက်ချိန်တွင် သွေးကြော၏တွန်းကန် အားကိုတိုင်းတာခြင်းဖြစ်သည်။



နှလုံးသည်  ၀ဒသမ၅ စက္ကန့်တွင် တစ်ခါခုန်ပြီး ၀ဒသမ၃ စက္ကန့်တွင် တစ်ခါနားသည်။   ၀ဒသမ၈စက္ကန့် သည် နှလုံးအလုပ်လုပ်သည့်OneCircle အချိန်ဖြစ်ပြီး ၀ဒသမ ၅စက္ကန့်အတွင်း   နှလုံးကညှစ်ထုတ်လိုက်ချိန် တွင် သွေးကြော၏တွန်းကန်အားကိုအပေါ်သွေးဟုသတ် မှတ်ပြီး၊ နှလုံးက မညှစ်ဘဲ နားလိုက်ချိန် ၊ Relax လုပ် လိုက်ချိန်သွေးကြော၏ တွန်းကန်အားကို အောက်သွေးဟု   သတ်မှတ်တိုင်းတာသည် ဟုဆိုသည်။
သွေးတိုး ၊ သွေးကျခြင်းများ ပုံမှန်ဖြစ်လေ့ရှိသူများအနေဖြင့် ဖြစ်နိုင်ပါက  နေအိမ်တွင်သွေးပေါင်ချိန် တိုင်း ကိရိယာ ကိုထားပြီး   ပုံမှန်တိုင်းတာမှုမျိုးပြုလုပ် သင့်ကာ သွေးပေါင်ချိန်တိုင်းစက် မရှိပါကလည်း  ထူးခြားသည့် လက္ခဏာဖြစ်ပါက ဆေးခန်းတွင် သွားရောက်သွေးပေါင်ချိန်ခြင်းမျိုး ပြုလုပ်သင့်သည်။
သွေးဖိအားကျသွားခြင်းမှာ ရှိရမည့်သွေးဖိအား    ထုထည်ပမာဏ လျော့သွားပြီး ရှိသင့်သည့် ပမာဏမရှိ သဖြင့် မူးဝေကာ ရှော့ခ်ဖြစ်ခြင်းမျိုးဖြစ်သည်။ ရုတ်တရက်သွေး ပေါင်ကျသည့်အနေအထားမျိုးတွင် သကြား ရည်ဖျော် သောက်ခြင်း၊ ဓာတ်ဆားရည်သောက်ခြင်း၊ ဖျော်ရည်သောက်ခြင်းများကို အမြန်ဆုံး ပြုလုပ်ရ မည်ဖြစ်သည်။
သွေးပေါင်ကျခြင်းကြောင့် မူးဝေခြင်း၊ အားနည်းခြင်း၊ အော့အန်ခြင်း၊ သတိလစ်ခြင်း စသည်များဖြစ် ပွား လေ့ရှိ သည် ။သွေးပေါင်ကျသည့် အခြေအ နေအလိုက် ဓာတ်ဆားရည်သောက်ခြင်း အပြင် ဆေးထိုး ၊ ဆေးသွင်းခြင်း များဖြင့်ပုံမှန်အခြေအနေရောက်အောင် လုပ်ဆောင်ရသည်ဟုဆို သည်။
“သွေးပေါင်ကျပြီး မူးမော်၊ သတိလစ်တာတွေက ပူပြင်းတဲ့ရာ သီဥတုတွေမှာ   ပိုပြီးဖြစ် တတ်တယ် ။ သွေးတိုးတတ်တဲ့သူကော၊ ကျတဲ့သူကောသွေးပေါင်ကျ တတ်တယ်။ ချွေးထွက်များပြီဆိုတာနဲ့ သီးစုံ ဓာတ်ဆားရည်လေးသောက်လိုက်တာ အကောင်းဆုံးပါပဲ။

May Win Mon 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>