2 3 4 5 6 7 8 9 10

Monday, May 20, 2013

မဃဒေ၀လင်္ကာ ဆုံးမစာများ ( ၉ )


         တရားမကြိုက်၊ လျှာဒုစရိုက်နှင့်၊ လူမိုက်တသောင်း၊ ခြီးမွမ်းရှောင်းလည်း၊ သူကောင်းတယောက်၊ ပြစ်တင်ကြောက်လော့ ၊ ရှေ့နောက်မဆ၊ လူ့ဗာလတို့၊ ဂုဏဒေါသ၊ နှစ်ဝကျိုးပြစ်၊ စိစစ်မြော်မြင် ၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျှင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက်ခြီးမွမ်း၊ ဂုဏ်နာနွမ်း၏၊ ၀မ်းမမြောက်သာ၊ ဤလူ့ရွာဝယ်၊ ကျွမ်းဝင်ရာညွတ်၊ ကြိုက်ရာနတ်နှင့်၊ မမှတ်ဂုဏ်ဝါ၊ ထူး မရှာဘူး၊ ကြည်ညို ရာမြတ် ၊ ချစ်ရာတတ်၏၊ ဆတ်ဆတ်ဧကန်၊ မှန်သည်မယှိ၊ လူ့ထုံး သိလော့၊ လောကီလူတမ်း၊ လူ့နှုတ်ခမ်းကား၊ ခြီးမွမ်းကဲ့ရဲ့ ၊ ဖြစ်တတ်ခဲ့ရှင့်၊ ပြစ်ဘွဲ့ကြည်ညို ၊ ပြောကြ ဆိုလည်း၊ ပြောဆိုသူနှင့် ၊ နှိုင်းကာ ချင့်တည့်၊ ယခင့်ထိုသူ၊ ယုတ်မြတ်ဟူလည်း၊ အယူတူမျှ၊ ကြည်ညိုကြ၏၊ လူမျှသည်သာ၊ မဟုတ်စွာသေး၊ သူရာ သုရ၊ သင်္ဂါမနှိုက်၊ သက္ကဣန္ဒာ၊ ဝေစိတ္တာတို့၊ သုဘာသိတ၊ ဆိုကုန်ကြသော်၊ ဗာလတို့အား၊ ဒဏ်ထားကြီးစွာ၊ ပြုအပ်ရာဟု၊ အသုရာ မင်း ၊ ရှေးဦးကျင်း၍၊ ဆိုလျှင်းသော့ခါ၊ အသုရာတို့၊ လွန်စွာရွှင်ပျို့ ၊ နှစ်လို့ကုန်ကြ ၊ ဒေ၀အများ၊ ၀တိန်သားမူ၊ နားနှိုက် မသာ၊ ခါးကြစွာ၏၊ ထိုဗာလအား၊ ဒဏ်မထားဘဲ၊ သိကြားသူဇံ၊ နတ်ဘုန်းလျှံက၊ သည်းခံအပ်စွာ၊ ဆိုသော့ခါနှိုက်၊ ၀တိန်သာသား၊ နတ်အများတို့၊ ရွှင်အားညီညာ၊ ကောင်းခြီးငြာ၏၊ အသုရာသား၊ အောက်နတ် များကား၊ တရားမဲ့ဘိ၊ လိုမယှိ၍၊ တုဏှိဘာဝ ၊ နေကုန်ကြရှင့်၊ ဓမ္မ အဓမ္မ၊ သဘာဝနှိုက်၊ ဟိန ဥက္ကဌ်၊ ယုတ်မြတ် ပုဂ္ဂိုလ်၊ အလိုနှစ်တို့၊ မတူတို့ဘူး၊ ဤသို့ခြင်းရာ၊ ၀တိံမှာလည်း၊ ၀တိံသာသား၊ တပါးအောက်ရွာ၊ အသုရာမှာ၊ အသုရာများ ၊ နှစ်ပုံခြား၍၊ ဓာတ်အားလျော်ရာ၊ ကြိုက်ကြစွာ၏၊ ပညာမဲ့ထ၊ ဗလလူကို၊ ခြီးမွမ်းဆိုသော်၊ ထိုသူဗာလ ၊ ကဲ့ရဲ့ ကလည်း ၊ မုချ ပဏ္ဍိ၊ အမှန်သိရှင့်၊ မှတ်ဘိအဟုတ်၊ လူ အစုတ်နှိုက်၊ သူယုတ်သဘော၊ ဓာတ်မနှော၍၊ မြတ်သောသူကို၊ မကြည်ညိုဘူး၊ အလိုစက္က၀ါ၊ ဝေးကြကွာ၏၊ သမ္မာမိစ္ဆာ၊ ဤနှစ်ဖြာကား၊ ဘယ်ခါသော်မှ၊ မတူကြ တည့်၊ မမျှကျိုးပြစ် ၊ ကျောက်စရစ်နှင့်၊ ဖေါ့နှစ် သွေးသီ၊ ရေနှင့်ဆီသို့၊ မညီစင်စစ်၊ ပေါ်နစ် ဆန်မျော၊ မနှီးနှောသည် ၊ သဘောအောက်ထက် ကြေညာတည်း။

❁ မန်လည်ဆရာတော်ဘုရားကြီး ❁
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>