2 3 4 5 6 7 8 9 10

Saturday, March 16, 2013

ချစ်စရာ့ မြန်မာ


ကျွန်မ ဘန်ကောက် ရောက်တဲ့အခါတိုင်း ဆွမ်းတော် တင်ဖို့ အချိုတစ်မျိုးမျိုး ဝယ်တတ် ပါတယ်။ မေမေက ဆွမ်းတော်ကပ်တိုင်း အချိုယိုအစုံ လှူတတ်တာကြောင့် ဝယ်ဖြစ်နေတာပါ။ ဒါကြောင့် လွန်ခဲ့တဲ့ ဆယ်နှစ်လောက် က ရန်ကုန် ၊ လေဟာပြင် လိုဈေးမျိုးမှာ ခင်းကျင်းရောင်းတဲ့ဆိုင်ကို ကျွန်မ ရောက်သွားပါတယ်။ ယိုတွေက စုံတဲ့အပြင် အမြည်းလည်း ပေးပါတယ်။



ပထမတော့ တစ်မျိုး နှစ်မျိုးလောက်သာ ကျွန်မ မြည်းကြည့် ဖြစ်တယ်။ အားလုံး မြည်းကြည့်ရမှာက အားနာ စရာကြီး ဖြစ်နေတာ ကိုး။ ခင်းကျင်းထားတဲ့အထဲက ကြိုက်မယ်ထင်တာလောက်သာ ကျွန်မ မြည်းပြီး ဝယ်လေ့ရှိပါတယ်။

Friday, March 15, 2013

မှတ်သားဖွယ် အဆိုအမိန့်များ ( ဦးသန့် )

"တိုင်းပြည်အုပ်ချုပ်ရေး စနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ခဲဆုံး ဖြစ်လေသည်။ ဒီမိုကရေစီ အောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဥာဏ်ပညာနှင့် ဆင်ခြင်တုံတရား
လုံလောက်အောင် ရှိကြရမည်။ အသိဥာဏ် ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် 
ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ဆင်ခြင်တုံတရားကို သုံးနိုင်ကြရမည်။ ပညာရေးသည် နိုင်ငံရေး၏ အခြေခံအစစ် ဖြစ်၏။"

ဦးသန့် ( ဗမာသစ်နှင့်ပညာသစ် )


Wednesday, March 13, 2013

နောက်ဆုံးကောက်ရိုးတစ်မျှင်ရဲ့တန်ဖိုး



    
ကုလားအုတ်ရဲ့ခါးကိုချိုးပစ်လိုက်တဲ့သူဟာနောက်ဆုံးကောက်ရိုးတစ်မျှင်ပဲဖြစ်တယ်ဆိုတဲ့စကားကို ကြားဖူးပါတယ်။ အင်မတန်လည်း သဘောကျပါတယ်။ အဆုံးအဖြတ်ကဏ္ဍမှာ ပါဝင်လှုပ် ရှားခဲ့တဲ့ ကောက်ရိုးတစ်မျှင်ရဲ့ တန် ဖိုးကိုလည်း လေးစားမိတာ အမှန် ပါ။ ကုလားအုတ်ရဲ့ ခါးပေါ်မှာသာ သူမရောက်ခဲ့ရင် ကုလားအုတ် ခါး ကျိုးဖို့ ခက်ကောင်းခက်နေဦးမှာ သေချာပါတယ်။ အခုတော့ သူ့ ကြောင့်၊ ကောက်ရိုးတစ်မျှင်ကြောင့် ကုလားအုတ်ကြီးခမျာ ခါးသွင်သွင် ကျိုးခဲ့ရှာပေါ့။ ဘယ်လောက်လေး စားစရာကောင်းတဲ့ ကောက်ရိုးတစ် မျှင်လဲ။

Tuesday, March 12, 2013

စောင့်လေမျိုးနွယ် လူတိုင်းဝယ်


ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီသော ကျင့်ထုံးများကို ကျင့်သုံး၍နေမိပါက မိမိသည် ပင်လျှင် သာသနာကွယ်ပျောက်အောင် ဖန်တီးနေသူ တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေ တတ်ပါသည်။
အရှင်ဇ၀န (မေတ္တာရှင်)

မြတ်စွာဘုရားရှင် ဟောကြားခဲ့သောတရား ဒေသနာတော်များကို ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ခြင်း မရှိဘဲ မူရင်းအတိုင်း အဆင့်ဆင့် ထိန်းသိမ်းကာ စောင့်ရှောက်ခဲ့သော အဆုံးအမ တရားဓမ္မများကို ဗုဒ္ဓ၏ သာသနာတော်လို့ ခေါ်ပါတယ်။ ထိုတရားဓမ္မတွေအတိုင်း လိုက်နာ ကျင့်ကြံနေထိုင်သော သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်ဆိုထိုက်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်လို့ ခံယူထားကြတဲ့ လူတွေအားလုံး ဗုဒ္ဓရဲ့ အဆုံးအမ အတိုင်း လိုက်နာ နေထိုင်ရပါတယ်။

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>