2 3 4 5 6 7 8 9 10

Sunday, May 24, 2015

လွမ်းသမုဒ်ပြင်



ရင်မှာဖြစ်သည့် ချစ်ခြင်းတေးနု
ခံစားမှုကို ယခုထက်တိုင်
မဆိုနိုင်သေး..။
နုနုပျောင်းပျောင်း သွယ်လက်ချောင်းဖြင့်
စောင်းကြိုးညှိရင်း အတင်းအလျော့
အပျော့အမာ အသံသာကို
ဖွေရှာမောလျက် နာရီရက်တို့
သက်သက်ကုန်လွန်စေခဲ့လေပြီ..။
ဆိုမည့်တေးလဲ ရေးပြီးမဟုတ်
အတွေးရှုပ်လျက် အသိခက်၏
ဆိုရက်ဝေးကာ ဝေဒနာနှင့်
ရင်မှာပြင်းပြ ခံစားရသည့်
ဆန္ဒသာလျှင် ရှိခဲ့သည်..။
မြနုရွက်ဆင့် ပန်းမပွင့်သေး
လေနုထွေး၏ အေးအေးသံသာ
ကြားနေပါရဲ့ ..။
သက်လျာနုသစ် အချစ်မျက်နှာ
မမြင်ပါသေး နုထွေးပါးလျား
နှုတ်ခမ်းဖျားမှာ စကားချိုမြ
မကြားရပေ ခြေသံဖွဖွ
ရှေ့လမ်းမမှာ ကြားရရုံသာ ရှိသေးသည်..။
သခင့်အတွက် ညံ့သက်ကြည်သာ
နေနားပါရန် နေရာထိုင်ခင်း
ပြင်ဆင်ရင်းနှင့် အသင့်ဖြစ်လျက်
မီးခွက်ဆီဖြည့် မညှိရသေး
မှုန်ရီမှေးမှိန် ကိုယ့်နေအိမ်ထက်
သခင်တက်ရန် နှုတ်ဆက်မဖိတ်ကြားပါနိုင်..။
တစ်နေ့နေ့လျှင် သခင်နှင့်တွေ့
မွေ့ရမည်ထင့် မျှော်လင့်စောင့်စား
နေရငြားလည်း မြသားရွှေဥ
ချစ်သက်စုနှင့် ယခုထိတိုင် မဆုံသေး…။

ရာဘင်ဒြာနတ်တဂိုး

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>