2 3 4 5 6 7 8 9 10

Tuesday, May 13, 2014

ရေစက် ( ဘာသာရေး အမေးအဖြေများ )


မေး။       ။ အရှင်ဘုရား ရေစက် ဆိုတာ ဘာကိုခေါ်ပါသနည်း။ နောင်ဘ၀တွင် တစ်ဦးနှင့်တစ်ဦး ပြန်လည် ဆုံဆည်းနိုင်ဖို့ရန်အတွက် ရေစက်အတူတကွ ချရမည်လား၊ သို့မဟုတ် သည်ဘ၀တွင် ပြုလုပ်သည့် ကုသိုလ် ညီမျှမှသာ ပြန်လည်ဆုံစည်းနိုင်မည်လား။ သည်ဘ၀တွင် မိသားစုတစ်စုအဖြစ် ဆုံစည်းနေကြ သည်မှာ အတိတ်ဘ၀က ရေစက်အတူချခဲ့၍လား။ ကုသိုလ်ချင်းညီမျှခဲ့၍ပေလား။ သိလိုပါ၍ ဖြေကြားပေးတော်မူပါ ဘုရား။      ( သဉ္ဖာ - ရန်ကုန် )

ဖြေ။       ။ရှေးရှေးဘ၀များက အတူကုသိုလ်ပြုခဲ့၊ ဆုတောင်းဆုယူ ပြုခဲ့ဖူးကြသည်ကိုပင် ရေစက်ဆုံသည် ဟု ပြောဆိုကြပါသည်။ ကုသိုလ်အတူပြု၍ စိတ်တူကိုယ်တူ ရေစက်ချခဲ့ကြသည်ဟု ဆိုလိုပါသည်။ ဘ၀ပေါင်းများစွာ မိသားစုအဖြစ် တွေ့ကြကြုံကြလိုလျှင်
( ၁ ) သမသဒ္ဓါ = ယုံကြည်မှု တူမျှခြင်း
( ၂ ) သမသီလ= အကျင့်သီလ တူမျှခြင်း
( ၃ ) သမစာဂ  = စွန့်ကြဲလှူဒါန်းမှု တူမျှခြင်း
( ၄ ) သမပညာ = ကမ္မသကတပညာ = အသိဥာဏ်ခြင်း တူမျှခြင်း များရှိဖို့လိုကြောင်း ဘုရားဟော ရှိပါ သည်။ အလွန်တူမျှနိုင်ခဲပါသည်။ ဘုရားလောင်းနှင့် ယသော်ဓရာအလောင်းတို့ပင် အတူတကွ ဆုတောင်း ခဲ့သော်လည်း ဘ၀တိုင်း မတွေ့ရ၊ မဆုံဆည်းရပါ။ ဤသည်မှာ ဘုရားလောင်း၏ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တို့ကို ယသော်ဓရာ အလောင်းက မမီနိုင်၍ ဖြစ်ပါသည်။ အရှင်မဟာကဿပအလောင်းနှင့် ဘဒ္ဒါကာပိလာနီ အလောင်းမှာ အားလုံးတူမျှ၍ လူ့ပြည်တွင်လည်းကောင်း၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့တွင် လည်းကောင်း ၊ နောက်ဆုံးနိဗ္ဗာန်ဝင်ရာမှာလည်း မကွဲမကွာ ဖြစ်ရကြောင်း အဆိုရှိပါသည်။ ၎င်းကိုပင် ရေစက်ဆုံသည်ဟု ဆိုရမည် ဖြစ်ပါသည်။ ဤသို့ဖြင့် ရေစက် ဆိုသည်ကို မှတ်သားထားနိုင်ပါသည်။

ရဝေထွန်း 
(ဘာသာရေး အမေးအဖြေများ၊ မြတ်မင်္ဂလာ )

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>