2 3 4 5 6 7 8 9 10

Saturday, March 21, 2015

အလှကိုယ်စီ ( တင်မိုး )



ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့်..
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့် အစွယ်နှင့်..
စပယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်..
ပိတောက်ဝါလည်း
သူ့အခါနှင့် နံ့သာနှင့်..
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်..
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့် လောင်းလှေနှင့်..
မည်သည့်အရာ၊ မဆိုသာတည့်
သူ့မှာကိုယ့်မှာ၊ အလှသာတည့်..
သဘာဝလျှင်
အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င
လက်ဆောင်ငှ၏..
အလှဝန်တို၊ မငြင်ငြိုနှင့်
ဝန်တိုမှုသာ၊ မလှရာတည့်..
သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့်
အချိန်အခါ၊ နေရာဒေသ
ဌာနအလျှောက်၊ အရေးရောက်သည်
စွမ်းလောက်နိုင်သူချည်းပါတကား… ။ ။

( တင်မိုး )


  

*သာသည့်မြေသို့*



အလှထူးပါဘိ
မြဖူးပြာအငုံနှင့်
လွှာရုံမှာ ညှာစုံကျင်းရော့ထင်
ဖြူဝင်း ငွေမှုန်လွှာတို့
လေယူရာ ရနံ့ညင်း
သင်းပျံ့ခဲ သူ့ခြံမှာ။

ငါ့ခြံ ကြည့်ပြန်တော့
မချိ ပူပွေဖြာခဲ့
မြေပြာမှာ နေစာမတင့်နိုင်ဘု
ကြည်စရာ နီဝါတွေလည်း မပွင့်လေတော့
စိမ်းရင့်ရောင် နွယ်ချုံပုတ်တွေက
ရှုပ်ထွေးကာ လိမ်ခွေယှက်
အားပျက်စရာ။

သူ့စခန်း
သာဆန်း ရဂုံသွင်မို့
ငါလှမ်းကာ ခိုဝင်လို့
ပြာငွေစင် ကြိုင်ပျံ့ရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှာလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြက်ခင်း ရယ်နဲ့
ညင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တစ်ကိုယ်သာ
ရွှင်ပါချင့်စိတ်ထဲ။


သို့လည်းလေ
မသင့်လျော်ပေဘု
ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေ၀င့်အောင်လေ
င့ါခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါ မျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ။

(ငွေတာရီ)

 Posted by Kyikyihan

Wednesday, March 18, 2015

တောင်သမန်သစ္စာ



သက်မဲ့ဖြစ်သော...
လေတို့သည် ပုံမှန်တိုက်၏ ။
မယ်ဇယ်ပင်သည် သူ့တာဝန်အတိုင်း ဖူး၏ ပွင့်၏ ။
ရွက်သစ်တို့သည် ဝေချိန်တန်ဝေ၍...
ရွက်ဟောင်းတို့သည် ကြွေချိန်တန်လျှင် ကြွေ၏ ။
ချစ်သော တောင်သမန်အင်းသည်လည်း...
နွေတွင် ခြောက်သွေ့၍...
မိုးအခါ ရေတိုးချိန်မှာ အင်းရေပြင်ကို တပြင်တပြန့်ကြီးတွေ့မြင်နိုင်သည်။
ဤသဘာဝတရားတို့သည် သစ္စာတရားကြီးမားလွန်းစွာဖြင့်
သူ့တာဝန်ကို သူကျေပွန်စွာဆောင်ရွက်နေကြသည်။
အတိမ်းအစောင်း အပြောင်းအလဲမရှိချေ။
သက်ရှိလူသားတို့သည်သာ..
သစ္စာတရားကို အချိန်ပြည့် မထိန်းသိမ်း...
သိက္ခာတရားကိုလည်း ရာသက်ပန် မစောင့်စည်း။
ဆိတ်ကွယ်ရာရသည်နှင့် သစ္စာနှင့် သိက္ခာကို မစောင့်ထိန်းနိုင်ကြသည်မှာ
လူ့သဘာဝကြီးများ ဖြစ်နေလေရော့သလား။

ကလျာ (ဝိဇ္ဇာ-သိပ္ပံ)
တောင်သမန်သစ္စာ


Posted by ဘုန်းမြင့်ငြိမ်း on June 2, 2012 

Tuesday, March 17, 2015

လွယ်မောက်တောင်သို့ ဖိတ်ခေါ်ခြင်း



မင်းဝံတောင် မြူတွေဆိုင်းလို့
စစ်ကိုင်းရဲ့  မြောက်ဌာနီ။
တောင်ဆုံးသည့် နေရာ၌
မဲဇာတောင် မဲဇာတော
ရှုမောသာစည်။
အနောက်တောင် ၀န်းသိုဆီ
ခန္တီးမည် တောင်ကုန်း။
မှန်ကင်းရွှေတောင်နှင့်
မိုင်းသုန်တောင် တောင်သင်တိုင်းတို့
မှိုင်းညှို့  မဆုံး။
မြစ်ဧရာ အနောက်ချဉ်းလို့
မင်းဝံတောင် ဖြတ်ကျော်နင်းပြန်တော့
ရွှေတွင်းတဲ့ တောင်ညိုညို။
အနောက်ဆီ မိုင် ၂၀ လောက်မှာလည်း
မြောက်မှတောင် ဖြတ်ကာသန်းတဲ့
မြစ်ကြီးနား ရထားလမ်းက
မန်းရောက်ထိကို။
ခန္တီးတောင် တောင်ဘက်ကျတော့
မြေပြန့်လှ ကောလင်းဆို
စိမ်းစိုတဲ့ မြို့စခန်း။
တောင်ညိုဟာ ဟိုအနောက်မှာပေါ့
လေးမိုင်သာ စခန်းထောက်ရင်
လွယ်မောက်တောင်တန်း။
တပေါင်းဆို လမြတ်ထူး
တန်ခူးနှင့်ကဆုန်
မဲကျရာ ကျင်းပမြဲတဲ့
လွယ်မောက်တောင် ဘုရားပွဲ
နွှဲဖို့သာကြုံ။
ဆွမ်းကြီးလောင်း လှူဖို့မှန်းလို့
လှမ်းခဲ့ပါ ဆွေအစုံ
ကားဖုံဖုံ လှည်းကြုံပေါ။
ပွဲတော်ရက်မှာ
ဆင်နွှဲ ပျော်စရာပေါ့
စေတနာ သည်ထမင်းရယ်နဲ့
ခံတက်ချဉ် ငရုတ်ပေါင်းလေတော့
ရွှေပွဲလာ ခံတွင်းတောင်းတဲ့ပြင်
ညခင်းအခါ
လမင်းဝါ တောင်ခါးစောင်းတင်တော့
လွမ်းကောင်းမယ်နော…။

မိုးနောင်


ဘ၀တစ်ကွေ့ဝယ်






သိကျွမ်းခင်မင်  ၊ တွေ့ မြင်ဆုံစည်း
ရင်းနှီးချစ်ကြည် ၊ သွားမည်လက်တွဲ
တူတူပဲလျှင် ၊ စိတ်ထဲရည်စူး
ကြည်ရွှင်မြူးလျှက် ၊ ခေါ်ထူးမေးပြော
ရယ်တမောတည့် ၊ ဘယ်သောခါမှ
စခန်းလှသို့   ရောက်ရမည်နော်
မသိသော်လည်း ၊ ရွှင်ပျော်စိတ်ဝမ်း
တူလျှင်လှမ်းသည်
သည်လမ်း ဘ၀ ဆီမှာတည်း..။
ဘ၀ကွေ့ ဝယ်
ပျော်မွေ့ ကြည်သာ ၊ သွားလေရာက
နှစ်ဖြာလမ်းခွဲ  ရောက်မလွဲတည့်
သူလဲ ဟိုဆီ ၊ တပ်ဦးချီ၍
သည်ဆီငါလှမ်း  ၊ ဆက်၍မြန်းသော်
စိတ်ဝမ်းကြေကွဲ ၊ တစ်ကိုယ်ထဲလျှင်
လှိုက်လှဲပူတွေ့  ၊ ချိမမြေ့သည်
အကွေ့  ဘ၀ ဆီမှာတည်း..။   
သို့ ဖြစ်သည်ကြောင့်
ချစ်ကြည်မြတ်လေး ၊ ဆွေအတွေးဝယ်
မဝေးလှသည့်  ဘ၀ ထိုထို
လမ်းတခို၌
လျှပ်လိုခဏ ၊ တွေ့ ကြရခိုက်
မေတ္တာမဏ္ဍိုင် ၊ တူစိုက်ပြိုင်စို့ 
တတ်နိုင်သမျှ ချစ်ကြပါစို့ 
ဘ၀လမ်းတာ  တိုတောင်းစွာကို
သာယာသမှု ငါတို့ ပြုစို့ 
ညစ်ကျုမထင် စိတ်ဖြူစင်ဖြင့်
များရှင်လူသူ ငါတို့ ကူစို့ 
နိဗ္ဗူမြတ်နန်း ခေမာကမ်းသို့ 
တက်လမ်းပြညွှန် ခရီးမွန်ဝယ်
အားသွန်ကြိုးစား ရောက်လိုအားနှင့်
တရားရှာဖွေ မွေ့ ပါစို့ .. ။      

(ငွေတာရီ)


Posted by khaingsukyi on March 24, 2011 at 11:00am

Sunday, March 15, 2015

စိတ်ဓါတ်ရင့်ကျက်ခြင်း (Emotional Maturity)


"ရင့်" ဟူသောဝေါဟာရသည် နုနယ်သော ပျိုရွယ်သော အဓိပ္ဖါယ်တို့၏ ဆန့်ကျင်ဘက် 
အဓိပ္ဖါယ်ကိုဆောင်သည်။ ထိုပင်ရင်းဝေါဟာရ၌ အမှားများရှိသည်။ရင့်ရော်သော၊ရင့်သန်သော၊
ရင့်ကျက်သော ဟူသည်တို့ရှိသည်။
ရင့်သော ဟူသည် မနုသော သို့မဟုတ် အရွယ်ငယ်သော အစသာရှိသော မနူးမနပ်သေးသော ဟူသည့် 

အဓိပ္ဖါယ်တို့ကို အကြမ်းဖျဉ်း အားဖြင့်ဆောင်သည်။ သူ့အသက်ငယ်ပေမယ့် သူ့မျက်နှာက ရင့်လိုက်တာ ဟူသောစကားသည် ထိုပုဂ္ဂိုလ်၏ မျက်နှာသည် အရွယ်အ လိုက် နုပျိုသင့်ပါလျက် အရွယ်ကြီးသူတို့၏ 
မျက်နှာကဲ့သို့ ရင့်နေသည်ဟူသည့် အဓိပ္ဖါယ်ကို ဖော်ညွန်းသည်။
သရက်သီးက နုသေးသည်။ရင့်အောင်ထားဦး၊ရင့်မှခူး ဟူသောစကား၌ နုရာမှ ရင့်လာသည့် 

အဓိပ္ဖါယ်ပါရှိသည်။
ရင့်ရော်သော ဟူသည့်စကားသည် နုရာမှ ရင့်သွားရုံသာမက တဖြည်းဖြည်းပျက်ဆီး ယိုယွင်းလာပြီး 
လတ်ဆတ်ခြင်းမရှိတော့ဟု အဓိပ္ဖါယ်ကိုဆောင်သည်။
သစ်ပင်များသည် ပေါက်ခါစ၌ သေးသွယ်နုနယ်ကြသည်။တဖြည်းဖြည်းနုရာမှ ရင့်လာသောအခါ 

သန်မာလာသည်။ထိုနည်းတူပင် လူတို့၌လည်း မနူးမနပ်စိမ်းဆတ်ဆတ် စိတ်ဓါတ်မှသည်ရင့်လာ၍
 ပြီးလျှင် ထက်မြတ်သည့်စိတ်ဆန္ဒတို့သည် ထက်သန်လာသည်။
ထိုအဖြစ်မျိုးကို ရင့်သန်သောဟူသော နာမ၀ိသေသနပုဒ်ဖြင့် ဖော်ညွှန်းကြသည်။
ရင့်ကျက်သောဟူသည့် ပုဒ်၌ ရင့်ခြင်း နှင့် ကျက်ခြင်း အဖြစ်နှစ်မျိုးကို ရည်ညွန်းဖော်ပြသည်။

အသီးများသည် နုခိုက်၌ စိမ်းဆတ်ဆတ်ဖြစ်သည်။ တဖြည်းဖြည်းရင့်လာသောအခါ မှည့်လာသည်။
အရည်ရွှမ်း၍ အရသာချိုမြန်ဖွယ်ဖြစ်သည်။တဖန် ထမင်း၊ဟင်း၊စသည့် ကျိုချက်ရသည့် 

ပစ္စည်းတို့သည်လည်း လိုအပ်သော အပူဓါတ် အပြည့်ရသောအခါ ကျက်လာသည်။
မကျက် တကျက်အစားအစာသည် အရသာပျက်ရုံမက အန္တရယ်ပေးနိုင်သည်။
စိတ်ဓါတ်၌ ရင့်ကျက်မှုသည် အလွန်အရေးကြီးသည်။
စိတ်၏ ရင့်ကျက်မှုရအောင် အသက်ကြီးသည့်အထိ စောင့်ဖို့မလိုပေ။ငယ်ရွယ်စဉ်မှာပင် 

တဖြည်းဖြည်းရင့်ကျက်လာနိုင်သည်။ ထို့ကြောင့် မြန်မာဆိုရိုးစကားရှိသည်။အသက်ကြီးပေမဲ့ အချိန်မစီးဘူး ဟူသော စကား အချိန်စီးသည်ဟူုရာ၌ ကိုယ်ကာယ အလေးချိန်ကို မဆိုလို။စိတ်၌ လေးနက်ခြင်းကိုသာ ဆိုလိုသည်။
ကမ္ဘာကျော် စိတ်ရောဂါကုဆ၇ာဝန်ကြီး ဒေါက်တာ အက်ဒွတ်စထရတ်ကား (Dr.Edward A.Strecker) ကစိတ်ဓါတ်ရင့်ကျက်မှု ရရှိရေးအတွက် အကြံပေးချက်တို့ကိုပေးသည်။သူက စိတ်ဓါတ်ရင့်ကျက်မှု မရှိလျှင် ဤလောကကြီး၌ စကာတင်ကျန်ရစ်ဖို့ မလွယ်ဟုဆိုသည်။
ဆိုလိုသည်မှာ လူဦးရေတိုးပွား၍ စားဝတ်နေရေးကျပ်တည်းသည့်အလျောက် အလုပ်အကိုင်

စီးပွာရေးစသည်တို့၌ အပြိုင်အဆိုင်အင်အားကြီးမားသောကြောင့် လူကောင်းတော်ဖြစ်မှသာလျှင်
 မြုပ်မသွားဘဲ စကာတင်ကျန်ခဲ့မည်။
သို့မဟုတ်လျှင် လူ့ဘ၀နေရကျိုးနပ်မည်မဟုတ်ဟူ၍ပင်။
ဒေါက်တာစထရတ်ကားဆိုသည်မှာ အဏုမြုဗုံး၊ဟိုက်ဒရိုဂျင်ဗုံးတို့ ပေါက်ကွဲရာ၌ မသေဘဲ

ကျန်ခဲ့လေအောင် ကြိုးပမ်းအားထုတ်ဖို့အရေးကြီးသည်ထက် လူ့ဘ၀၌ လူဖြစ်ကျိုးနပ်နပ် နေနိုင်ဖို့
အားထုတ်ရာ၌ စိတ်ဓါတ်ရင့်ကျက်မှုက ပို၍အရေးကြီးသည်ဟူ၍ပင်။
စိတ်ဓါတ်ရင်ကျက်မှုရရှိရေးအတွက် အောက်ပါနည်းလမ်းများကို ဖော်ပြသည်။

(၁) အလုပ်တစ်ခုကို ရလာပြီးလျှင် ထိုအလုပ်ကိုပြီးဆုံးသည်အထိ၊မိမိအတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်၍ စွဲစွဲမြဲမြဲလုပ်နိုင်သော
သတ္တိကိုမွေးရန်
(၂)အကြောင်းကိစ္စတစ်ခုခုပေါ်ပေါက်လာလျှင် မိမိကလိုအပ်သည့်ထက်မလျှော့ဘဲ တတ်နိုင်သမျှပို၍ပင်

၊ကြိုးပမ်းဆောင်ရွက်နိုင်သော သတ္တိကိုမွေးရန်၊ထိုသတ္တိမျိုးရှိမှသာ မိမိကိုအားကိုးကြလိမ့်မည်။
(၃)အခက်အခဲတို့ကို ရင်ဆိုင်ပြီးလျှင် ရည်မှန်းသောပန်းတိုင်သို့ ရောက်အောင်မဆုတ်မနစ်ကြိုးပမ်းသော 

ဇွဲကိုမွေးရန်
(၄)အခက်အခဲများ၊မလိုလားအပ်သော အဖြစ်အပျက်အတွေ့အကြုံများ၊သက်တောင့် သက်သာမရှိခြင်းများ၊

စိတ်ပျက်စရာများအနှောက်အယှက် အကြပ်အတည်းများကို လက်ခံနိုင်သော ခံနိုင်ရည်ရှိစေရန်
(၅)အောင်မြင်ခြင်းကို အရယူမည်ဟူသော စိတ်ဓါတ်နှင့်လေးနက်သော ဆုံးဖြတ်ချက်တို့ဖြင့် 

ဘ၀မှာအပြည့်အ၀ အဓိပ္ဖါယ်ရှိရှိနေမည်ဟူသော ခိုင်မာသောစိတ်ဓါတ်ရှိရန်
(၆)ကိစ္စများ၊ပြသ၁နာများကို ကောင်းစွာသုံးသပ်ဆင်ခြင်၍ မိမိ၏ကိုယ်ပိုင် အဆုံးအဖြတ်ကို ပြုရန်။
(၇)သူတစ်ပါး၊လူအများတို့နှင့် ပူးပေါင်းဆောင်ရွက်တတ်သော စွမ်းရည်၊အဖွဲ့အစည်းများ၌ 

အခြားပုဂ္ဂိုလ်များနှင့် လုပ်ဆောင်နိုင်သော စွမ်းရည်တို့ကို ဆည်းပူးရန်
(၈)ကာလ၊ဒေသ၊ပယောဂ ဟူသော အကြောင်းတို့ကို ထောက်ထား၍ အချိန်ယူတတ်ရန် ၊အများနှင့် 

ဆက်ဆံရာ၌ အဆင်ပြေပြေဆက်ဆံတတ်ရန်၊အထက်ပါအချက်အလက်တို့ကို သုံးသပ်စီစစ်၍
 အဓိပ္ဖါယ်ဖွင့်ဆိုပါအုံးမည်။

တက်တိုး
* Posted by khaingsukyi 

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>