2 3 4 5 6 7 8 9 10

Friday, May 6, 2016

ပုဂံအလှ မြန်မာ့တာဝန်



ကောက်ကြောင်းမှာ ဆေးရည်ဆိုး
ဂူပုထိုး နံရံမှာ။
နိပါတ်တော် ထုပ္ပတ္တိ
အဘိုး၏ လက်ရာ ။
ဝါးနှီး ခွေကာ
သစ်စေးကာ လူး။
ကနုတ်နွယ် ထည်ကာကြွလို့
အဘွား လက်ရာလှ
ချစ်စရာ့ ယွန်းဘူး။

ပန်းချီကား ဘိုးလက်ရာ
ဆေးစက် ဖြာလို့ကြည်။
ခံ့ထည်စွာ တီထွင်ပန်း
သန်စွမ်း ဝေစီ။
ရှုစမ်းတော့ညီ
ပီလေရဲ့  ရောင်စုံကား။
မြန်မာ့ဟန် ပီပီနှိုး
ဘိုး ပုဂံသား။

ယွန်းဘူးလေး ချစ်စရာ
တစ်မျိုး သာလှသည်။
ရိုးရာညီ တီထွင်လုပ်
အရုပ် စုံသည်။
ရှုစမ်းတော့ညီ
ရေကြည်ထည့် သောက်မှာလား။
လက်ဆောင်ပေးချင်လည်း
အသွေးယဉ် အဆင်ကွဲဟန်တစ်မူနဲ့
ပုဂံသူ အဘွား။

တို့အဘိုး တို့အဘွား
ပုဂံသား ရာဇ၀င်
အယဉ်မှာ အစဉ်သာလို့
မြန်မာတို့ ဂုဏ်လွင်။
ပန်းမျိုးစုံလင်
အမျိုးဂုဏ်တင်လို့ သစ်လွင်ဟိန်း။
ရှေးအတီ ပုဂံအလှကိုက
မွှေးကြည်ကြည် မြန်မာဆန်လှပါပကော
ကြံဆကာ တီထွင်ထားလေတဲ့
ဘိုးဘွားမွေ ရိုးရာဟန်ကိုဖြင့်
ရိုးညှာတံ အရွက်မဖုံးရအောင်
မက်ဆုံးမပြေ ရွှေအလှကိုကွယ်
သက်ဆုံးလေ ဝေကြွအောင်တဲ့
ညီရယ်
ကြွေမကျအောင်ထိန်း..။    ။

ပြင်စည်အောင်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>