2 3 4 5 6 7 8 9 10

Monday, June 6, 2016

ရှေ့ဆက်၍သာ


ခရီးလမ်းလျှင်
ကြမ်းတမ်းနက်ရှိုင်းနေသော်လည်း
ခရီးလမ်းလျှင်
ဖြောင့်တန်းမညီညာသော်လည်း
ခရီးလမ်းလျှင်
ရောပြွမ်းဆူးခက် ထူသော်လည်း
ခရီးလမ်းလျှင်
မျှော်မှန်းမမြင်ရသော်လည်း
အားမပျက်နှင့်
ရှေ့ဆက်၍သာ လှမ်းခဲ့ပါလျှင်
ကြယ်ပြာကွန့်မြူး လ၀ါထူးနှင့်
လေရူးသုန်သုန် သင်းပျံ့ထုံကို
တွေ့ကြုံခံစားရလိမ့်တကား..။

( လှဝင်းညို )

စာပေလောက



စာပေလောက၊ ကျယ်ပြောလှ၏
သူကတစ်ဖြာ၊ ငါကတစ်ဖုံ
ထုံတတ်သည်မှာ၊ ဓမ္မတာတည့်။
ငါ့ဥာဏ် ငါ့ယူ၊ သူနှင့်မညီ
ဖီတတ်သည်မှာ၊ ဓမ္မတာတည့်။
အထုံအဖီ
စုံညီအတွဲ၊ ရှိစမြဲတည့်
ငါစွဲမသို၊ ကိုယ်စွဲမထား
စာပေအားသာ၊ ပွားပါစေချင်
ကြိုးစေချင်သည်
ငါ့တွင်ဆန္ဒ ကြီးနိုင်မှ..။

ဇော်ဂျီ 
မြ၀တီ အတွဲ ၁၁၊ အမှတ် ၁၊ ၁၉၆၂

ထိကရုံးပင် ( ဇော်ဂျီ )


ခရမ်းရောင် ငွေမှုန်လဲ့နှင့်
နွဲ့ပါဘိ သူ့ဟန်သွင်
ဆွတ်ချင်လို့မေး..။

ထိစမ်းနှင့်လေ
ပွေလာလျှင် တကယ် မုန်းပါငဲ့
ရုန်းလိုက်မယ်လေး.. ။

ဇော်ဂျီ 
ဂန္တလောက၊ ၁၉၃၆


Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>