2 3 4 5 6 7 8 9 10

Monday, July 11, 2016

မိုးသည်းနေ့


တောင်ပေါ်မြို့လေးက ပိုအေးနေခဲ့သလား။
မြို့ပြရန်ကုန်လို ကားအန္တရာယ်သိပ်မပူရပေမယ့်
အလွမ်းတွေနဲ့ 
မကြာခဏ တိုက်မိပြန်ကော။

ပျော်ရာမနေ တော်ရာမှာနေကြတဲ့
ခြေဦးတည့်ရာ မသွားချင်ပါဘူး
စိတ်ကူးလှည့်ရာတော့ နေချင်မိပြန်တယ်။
မြင်ကွင်းက
မြူခိုးလား တိမ်လားမသဲကွဲ
အနေအထားတွေ ဝေဝါးနေဆဲ။

ပကာသနဆန်တဲ့ အမြန်လမ်းမကြီးပေါ်မှာ
ရေလား တံလျှပ်လား....။ဲ
ဘဝပေးကိုက ရင်နာနာနဲ့ တံလျှပ်ဖြစ်ဖို့သာ 
ဆုတောင်းရမယ့် အခြေအနေမျိုး။
အေးမြတဲ့ဖြားယောင်းမှုကြောင့်သာ
ဦးတည်ရာတွေ ယိမ်းယိုင်သွားစေမှာ။ု
စီးနေရတဲ့ ယာဉ်ကို မယုံကြည်ရင်တောင်
လျှောက်လှမ်းရမယ့် ဖဝါးတွေကိုသာ
ယုံကြည်လိုက်တော့တယ်။

ခြေဖဝါးတွေ စူးခံရမှ
ဖိနပ်လေးပါးလာမှန်း သတိထားမိတယ်။ှ
အသစ်တစ်ရံတော့လဲဦးမှ.....။ှ
ယုံကြည်ချက်တွေ စူးခံရမှ မျှော်လင့်ချက်တွေ
ပါးလာမှန်း သတိထားမိတယ်
စိတ်ဓာတ်လေးနဲ့ ဖာဦးမှ။ ။

( သန်းထွန်းလင်း ) 

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>