2 3 4 5 6 7 8 9 10

Saturday, January 14, 2017

အကျိုးနှင့်အကြောင်း



လူဆိုသည်မှာ ခရီးသွားဟု
စကားဥပမာ၊ ဆိုရပါလျှင်
ခရီးကြား၌
များပြားလှစွာ၊ ကြောင်းခြင်းရာနှင့်
များစွာလူသား၊ အပြားပြားကို
ခံစားထိတွေ့ရမည်ပင်။
ထိုသို့ကြုံတွေ့၊ ဘ၀တစ်ကွေ့မှ
ဓလေ့များစွာ၊ စရိုက်များစွာ
စိတ်ဓာတ်များစွာ၊ အကျင့်များစွာ
များလှစွာသော
သဘောသကန်၊ သရုပ်မှန်ကို
ဝေဖန်နှိုင်းယှဉ်၊ သိအောင်မြင်လျက်
အရေးယူသင့်၊ သတိချင့်လျက်
အကျိုးနှင့်အကြောင်း
အကောင်းနှင့်အဆိုး
ချိန်ထိုးသုံးသပ်၊ လက်တွေ့ဟပ်ပြီး
ဤခရီးကြား၊ သတိနှင့်သွား
များစွာကောင်းကျိုးရမည်ပင်။  ။

ရွှေဒါးမောင်လေးရည်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>