2 3 4 5 6 7 8 9 10

Tuesday, January 17, 2017

စကားအလှ


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်စကားကို ကြိုက်သနည်း။

အယဉ်တစ်ကန့်၊ နု တစ်ကန့်တည့်
အခန့် တစ်ထပ်၊ သန့် တစ်ထပ်တည့်
သမာသ် ပုဒ်သစ်၊ သိပ်သည်းကျစ်၏
မာန်ယစ်ကြွားဝါ၊ အတ္တပါမူ
တမာလိုခါး ထိုစကား။

အဆန်းမဖက်၊ ရိုးသက်သက်တည့်
အခက်မပါ၊ အလွယ်သာတည့်
ရပ်ရွာလူမျိုး၊ ပြောဆိုရိုးတည့်
အကျိုးရှိရာ၊ အမှန်ပါမူ
သကာချိုပျား ထိုစကား။     ။

ဇော်ဂျီ

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>