မေး။ ။ အရှင်ဘုရား မိရိုးဖလာ သဘောထက် သာလွန်၍ သက်ဝင်ယုံကြည်
ကိုးကွယ်သည် ဆိုရာ၌
( ၁ ) မိရိုးဖလာသဘော သက်ဝင်ယုံကြည်
ကိုးကွယ်ဆည်းကပ်မှု ဟူသည် အဘယ်နည်း။
( ၂ ) မိရိုးဖလာသဘော သက်ဝင်ယုံကြည်
ကိုးကွယ်ဆည်းကပ်မှုသည် အဆင့်အတန်း နိမ့်ကျပါသလား။
( ၃ ) သာလွန်၍ သက်ဝင်ယုံကြည်
ကိုးကွယ်ဆည်းကပ်မှုဟူသည် အဘယ်ပါနည်း။
ဖြေကြားပေးတော်မူပါရန် လေးစားစွာ
လျှောက်ထားအပ်ပါသည် ဘုရား။
ဖြေ။
( ၁ ) ရိုးရိုးမိဘတို့ ကိုးကွယ်မှု
ထုံးစံအတိုင်း သရဏဂုံသီလ ခံယူ၍ ကျောင်းကန်ဘုရား သွားလာလှူဒါန်းခြင်း၊ ဥပုသ်စောင့်ခြင်း၊
ရှင်ပြု၊ ရဟန်းခံခြင်းတို့ထက် မပိုသော ကိုးကွယ်မှုကို မိရိုးဖလာကိုးကွယ်မှုဟု ဆိုပါသည်။
( ၂ ) ထိုမိရိုးဖလာ ကိုးကွယ်မှုကို
မပျက်မကွက် မှန်မှန်ကန်ကန် အသိရှိရှိဖြင့် ကိုးကွယ်သူအဖို့ အပါယ်လေးပါး မလားရေးတို့၌
အတော်အတန် စိတ်ချရ၍ အဆင့်အတန်း နိမ့်ကျသည်ဟု မဆိုနိုင်။
( ၃ ) ထိုမိရိုးဖလာကိုးကွယ်မှုကို
အားမရ၍ ပညာရှင် ဆရာတော်၊ သံဃာတော်များထံ ချဉ်းကပ်၍ နက်နဲသော ဘာသာရေးတရားများကို လေ့လာခြင်း၊
သမထဘာဝနာ၊ ၀ိပဿနာဘာဝနာများကို အားထုတ်ခြင်း၊ မဂ်တရားး၊ ဖိုလ်တရားများကို ရအောင်ကြိုးစားခြင်း
စသည့် ပြုလုပ်မှုကို မိရိုးဖလာထက် သာလွန်၍ သက်ဝင်ယုံကြည်ကိုးကွယ် ဆည်းကပ်သူဟု ဆိုရပါသည်။
ရဝေထွန်း ( မြတ်မင်္ဂလာ ဘာသာရေးအမေးအဖြေများ
)