2 3 4 5 6 7 8 9 10

Thursday, January 19, 2017

ဦးသန့်၏ အိမ်


ကုလသမဂ္ဂအထွေထွေ အတွင်းရေမှူး ဦးသန့်၏့ နေအိမ်သည်
ကမာရွတ်မြို့နယ်၊ပန်းဝါလမ်းတွင် တည်ရှိပြီး အတွင်းရေးမှူးချုပ်
တာဝန်အား မထမ်းဆောင်ခင်ကာလ ၁၉၅၁ ခုနှစ်မှ ၁၉၅၇ အထိ 
ဖော်ပြပါနေအိမ်တွင် နေထိုင်ခဲ့ခြင်းပြီးပြီး နောက်ပိုင်းကာလများတွင်
ထိန်းသိမ်းမှု အားနည်းခဲ့သည့်အတွက် Yangon Heritage Trust 
ရန်ကုန်မြို့ပြအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့မှ  ပြန်လည် 
ပြင်ဆင်ခဲ့ထားခဲ့ကြောင်း သိရသည်။
ဦးသန့်၏ ဘဝနှင့် တာဝန်ယူခဲ့သည့် အလုပ်တာဝန်များအား အမှတ်
ရကြစေဖို့အတွက် အများပြည်သူ လေ့လာနိုင်သော ပြတိုက်ငယ်
သဘော ပြောင်းလဲရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း
ဦးသန့်၏့ မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦး၏ ပြောကြားချက်အရ
သိရသည်။
ဦးသန့် ၏ နေအိမ်သည် ၁၉၂၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး
ယခုအခါတွင် နှစ်ပေါင်း ၁၀၀ နီးပါး ရှိပြီ ဖြစ်သည်။

Tuesday, January 17, 2017

စကားအလှ


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်စကားကို ကြိုက်သနည်း။

အယဉ်တစ်ကန့်၊ နု တစ်ကန့်တည့်
အခန့် တစ်ထပ်၊ သန့် တစ်ထပ်တည့်
သမာသ် ပုဒ်သစ်၊ သိပ်သည်းကျစ်၏
မာန်ယစ်ကြွားဝါ၊ အတ္တပါမူ
တမာလိုခါး ထိုစကား။

အဆန်းမဖက်၊ ရိုးသက်သက်တည့်
အခက်မပါ၊ အလွယ်သာတည့်
ရပ်ရွာလူမျိုး၊ ပြောဆိုရိုးတည့်
အကျိုးရှိရာ၊ အမှန်ပါမူ
သကာချိုပျား ထိုစကား။     ။

ဇော်ဂျီ

Sunday, January 15, 2017

မှန်ကြည့်ခြင်း



လှသူ ကြည့်ပြုံး
သူ့နှလုံး၌
ဆီဖုံး ဂွမ်းသို့ ပီတိကြွယ်။
ကျည်းတန် ကြည့်နှုန်း
သူ့နှလုံး၌
ကြိမ်အုံးမီးသို့ ပူမိဖွယ်။
ခန္ဓာဗေဒ
ကိုယ်အလှနှင့်
ဘ၀ကိုမြှင့် ဂုဏ်မတင့်ချေ။
စိတ်မှာဖွေရှာ၊ စေတနာသာ
ဖြူပါစေကြောင်း အလှဆောင်းလိမ့်
မှန်ကောင်းရှေ့မှာ ရပ်ကြစို့။    ။

ပြင်စည်အောင် ( ခရာတော )

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>