မြောက်ကိုရီးယားနိုင်ငံ၏ အသက်ငယ်ရွယ်သော
ခေါင်းဆောင်လေး ကင်ဂျုံအန်- Kin Jong Un သည် မျိုးရိုးစဉ်ဆက် အာဏာအမွေ ကို
ဆက်ခံခဲ့ပြီး အချိန်အနည်းငယ်အတွင်း၌ သူ့ဦးဆောင်နိုင်မှု၊ သူ့ခေါင်းဆောင်
နိုင်မှုကို စမ်းသပ်ကြည့်နေရသည်။
သူ့အိမ်နီးချင်းနိုင်ငံများကလည်းသူ၏မိုက်ရူးရဲဆန်သည့်နည်းဗျူဟာများကိုစိတ်ဝင်စားဖွယ် အတိ ဖြစ်နေကြ သည်ဟု အမေရိ
ကန်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက မှတ်ချက်ချသည်။
ယခုလည်း ပြုံးယမ်းမှနေ၍ ထုတ်ပြန်နေသော
စကားလုံးများသည် မြှုပ်ကွက်များနှင့် စိတ်အနှောင့်အယှက်ဖြစ် ဖွယ် ကွေ့ကောက်
ပြောနေသော်လည်း အမေရိကန်နိုင်ငံကို တိုက်ရိုက်ခြိမ်း ခြောက်နေသည့်
သဘောထားများ ဖြစ်နေပါ၏။
အထက်ပါ လက္ခဏာရပ်များသည် ရှေးယခင်ကတည်းက
မြောက်ကိုရီးယားနိုင်ငံက အသုံးပြုလေ့ရှိသည့် နည်းနာနိဿယ
အဟောင်းအမြင်းကြီးကို ယခု လူငယ်လေးကင်က ဆက်ခံရယူထားသည်မှာ သေချာပါ၏။
အမေရိကန်နိုင်ငံမှ မူဝါဒချမှတ်ရေး
ပုဂ္ဂိုလ်များ၏ အဆိုအရ ရာစုနှစ်ထက်ဝက်ကျော် တသီးတသန့် ပိတ်ဆို့ထားသော
နိုင်ငံတစ်ခု အနေနှင့် စီမံအုပ်ချုပ်ခဲ့သော သူ့ဖခင်၊ သူ့အဘိုးတို့
သုံးလေ့သုံးထရှိသည့် ပုံစံဟောင်းတစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။
ကင်၏ ဘေးပတ်ပတ်လည်၌လည်း မည်သို့မှ ခန့်မှန်း၍ မရလောက်သည့် အခြေအနေ အရပ်ရပ်က ပြည့်နှက်နေပါ၏။
မြောက်ကိုရီးယားခေါင်းဆောင်များအပေါ် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများ၏ ထိုးဖောက် ဝင်ရောက်နိုင်မှုကလည်း အကန့် အသတ်သာ ရှိနေသည်။
ဝါရှင်တန်အစိုးရသည် ယခုထက်တိုင် အသက် ၃ဝ
အရွယ် အစိမ်းသက်သက်သာရှိသေးသည့် နိုင်ငံခေါင်းဆောင်လေးကို
မှတ်ကျောက်တင်ကြည့်ရန် အချက်အလက် ရှာဖွေနေရဆဲ ရှိပါသေး၏။