2 3 4 5 6 7 8 9 10

Saturday, October 17, 2015

နေရောင်ခြည်သည် အဆစ်အမျက်ရောင်ရမ်းနာအား လျော့ကျစေနိုင်





            နေရောင်ခြည်များများရရှိသော ရာသီဥတုမျိုးတွင် နေထိုင်ကြသူများသည် အဆစ်အမျက်ရောင်ရမ်းကိုက်ခဲသည့် ဝေဒနာခံစားရမှုကို လျော့နည်းစေသည်ဟု အမေရိကန်သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ သုတေသီများသည် နေရောင်ခြည်ရရှိမှုနှင့် အဆစ်အမျက်ရောင် ရောဂါတိုးလာစေမှု အန္တရာယ်တို့အကြား ဆက်နွှယ်မှုရှိသည်ဟု အကြံပြု ဆွေးနွေးကြပြီးနောက် အမျိုးသမီးနှစ်သိန်းကျော်တို့အား စမ်းသပ်မှုများပြုလုပ်ကာ လေ့လာခဲ့ကြသည်။
            သုတေသီများသည် နေရောင်ခြည်မှရသော ဗီတာမင်ဒီက လူ့ခန္ဓာကိုယ်အား ကာကွယ်မှုပေးနိုင်သည်ဟု တွေးဆ သုံးသပ်ခဲ့ကြသည်။ သို့သော်တစ်နေကုန် နေပူထဲတွင် မနေသင့်ဟု သတိပေးတားမြစ်ထားသည်။
            အဆစ်အမျက်ရောင် ရောဂါဆိုသည်မှာ လူ့ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံအား ဖွဲ့စည်းပုံစနစ်က အဆစ်အမျက်များကို တိုက်ခိုက်ခြင်းအားဖြင့် ဖြစ်လာရခြင်း ဖြစ်သည်။ ထိုရောဂါသည် နာကျင်မှုဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရစေသည်။ အမျိုးသမီးများတွင် အဖြစ်များလေ့ရှိသည်။ သို့သော် ဝေဒနာရှင်များ၏ ကိုယ်ခံအားစနစ်ဖြင့် မည်သို့မည်ပုံ ပတ်သတ်သည် ကိုမူ မသိရသေးဟု ဆိုထားသည်။


            ဟားဗတ်ဆေးကျောင်းမှ သုတေသနပညာရှင်များသည် အမျိုးသမီးတစ်သိန်းကျော်ခန့် ပါဝင်သော အုပ်စုနှစ်စုကို လေ့လာ သုတေသနပြုခဲ့ကြသည်။ အဆိုပါ အမျိုးသမီးများ၏ နေထိုင်ရာဒေသကိုအခြေခံကာ ခရမ်းလွန်ရောင်ခြည် မည်မျှ ထိတွေ့မှု ရှိသည်ကို ခန့်မှန်းကာ နှိုင်းယှဉ်လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ ပထမအုပ်စုတွင် အမေရိကန်နိုင်ငံ၏ ခရမ်းလွန်ရောင်ခြည်အများဆုံး ရရှိရာ ဒေသတွင် နေထိုင်သူ အမျိုးသမီးများမှာ ခရမ်းလွန်ရောင်ခြည် အနည်းငယ် ရရှိသော ဒေသတွင် နေထိုင်သူ အမျိုးသမီးများထက် အဆစ်အမျက်ရောင်ရောဂါ ၂၁ % လျော့နည်းသည်ကို တွေ့ရှိရသည်။ သို့သော် ဒုတိယအုပ်စုတွင်မူ ခရမ်းလွန်ရောင်ခြည်ရရှိမှု အဆင့်သည် အဆစ်အမျက်ရောင်ရောဂါအား အကျိုးသက်ရောက်မှု မပေးနိုင်သည်ကို လေ့လာတွေ့ရှိခဲ့ရပြန်သည်။ ထို့ကြောင့် ယင်းသုတေသီများသည် ခရမ်းလွန်ရောင်ခြည်သည် အဆစ်အမျက်ရောင်ရမ်းဝေဒနာ လျော့ကျစေနိုင်မှု ရှိ၊ မရှိကိုပါ ဆက်လက် သုတေသနပြု လေ့လာခဲ့ကြသည်။

            “ အဆစ်အမျက်ရောင်ရောဂါကို ကာကွယ်နိုင်ဖို့ နေရောင်အောက်မှာ တစ်နေ့လုံးထိုင်နေဖို့ ကျွန်တော် အကြံမပြုချင် ပါဘူး.. ဘာကြောင့်လည်းဆိုတော့ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေတွေကို နေလောင်စေရုံသာမက အရေပြားကင်ဆာကိုပါ ဖြစ်နိုင်ခြေတိုးပွားစေလို့ပါ” ဟု သုတေသီများက ပြောကြားခဲ့သည်။

            အဆစ်အမျက်ရောင်ရမ်းနာ သုတေသနပညာရှင် ပါမောက္ခတစ်ဦးကကမူ “လေ့လာမှုတွေ ပြုလုပ်ခဲ့ရာမှာ ဗီတာမင်ဒီဟာ အဆစ်အမျက်ရောင်ရောဂါအတွက် အသုံးဝင်တဲ့ ကုသမှုတစ်ခု ဖြစ်တယ်ဆိုတာတော့ သက်သေမပြရသေးပါဘူး.. ဒါပေမယ့် အဆစ်အမျက်ရောင်ရောဂါရှိနေတဲ့ ဝေဒနာရှင်တွေမှာ ဗီတာမင်ဒီ ချို့တဲ့နေတာကို တွေ့ရပါတယ်။ ဗီတာမင်ဒီဟာ အဲဒီ အဆစ်အမျက်ရောင် ရောဂါ မဖြစ်အောင် တားဆီးပေးနိုင်သလား၊ ဒါမှမဟုတ် နာကျင်မှုဝေဒနာကို လျော့နည်းသွားအောင် လုပ်ပေးနိုင်သလား ဆိုတာကို သိဖို့ သုတေသနပြု လေ့လာနေဆဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

            နွေရာသီတွင် နေရောင်ထဲသို့ ၁၅ မိနစ်ခန့် ထွက်ပေးသင့်ကြောင်း မျက်နှာလက်မောင်းတို့ကို ဗီတာမင်ဒီ ပြည့်ပြည့်၀၀ ရရှိအောင် နေရောင်ခြည်နှင့် ထိတွေ့မှုပေးသင့်ကြောင်းကိုပါ အကြံပြု ပြောဆိုခဲ့သည်။

မြတ်မွန်ထွေး / Myanma Alinn Daily

Friday, October 16, 2015

နေသာမယ့်တစ်နေ့

နေသာမယ့် တစ်နေ့

 


နောင်တတရားဆိုတာ
အခါလွန်မိုးလိုပါပဲ ... ။
အိပ်မက်အကွဲအကြေတွေနဲ့
မျည်ရည်ပူတွေ စီးကျမလာခင်
အချိန်မီ ရွာလိုက်ကြရအောင် ။
သည်နေရာလေးမှာ
ခြောက်သွေ့ခြင်းတွေ ကွဲအက်သွားစေဖို့ ... ။

ညတွေကြီးစိုးတော့မယ့်ကမ္ဘာမှာ
အိပ်မက်ဆိုးအထပ်ထပ်နဲ့
တော်သလိုဆက်တော့မှာလား ... ။
အခန်းဝမှာစောင့်နေတာထက်
လက်တစ်ကမ်းကအမှောင်တွေကို
ငြှိမ်းသတ်လိုက်ရအောင် ... ။

သူငယ်ချင်းရေ ...
ပိတ်ထားတဲ့ အခန်းမှာ
တံခါးတစ်ချပ်တော့ရှိစမြဲ ။
မင်းကိုယ်တိုင်က
သော့တစ်ချောင်းလို့ ယုံကြည်လာတဲ့တစ်နေ့
ငါတို့ကမ္ဘာမှာ
ဝင်းပတဲ့ နေတစ်စင်း
ထွန်းလင်းဖို့အသင့်ပဲ ... ။


ကောင်မလေး 13

* Posted by kaungmalay13 on September 21, 2010 at 2:00am 

Thursday, October 15, 2015

ငါနေကောင်းသွားပြီ ပန်းကလေးရေ





မြောက်ပြန်လေ တသွင်သွင်မှာ
သဇင်ရနံ့တွေ တသင်းသင်းနဲ့
ဟေမန္တရာသီဟာ ကမ္ဘာမြေကို ဆိုက်ကပ်လို့
ငါအရုဏ်သောက်လို့ လွတ်မြောက်ခဲ့ပြီ
စစ်ပြေးဒုက္ခသည်လိုလည်း ထမင်းမစားနိုင်ပါ
ဓါးကိုဖွင့်ထားမည်..


ခွေးခြေပုပုပေါ်မှာ ဘဝကို မတည်ဆောက်လိုပါ
သုတိသာယာသံနဲ့ နံနက်ခင်းငှက်ကလေးတွေ
ငါ့ကို ကြိုလင့်ပြီ..


ရောင်နီသည် ရွှန်းလက်တောက်ပစွာဖြင့်
ငါ့ရဲ့ မေတ္တာပြည့်သောရင်အုံကို ခိုလှုံခဲ့ချေပြီ..


ငါ့တန်ခိုး အနုပညာမှော်သစ်တို့ထံတွင်
ပျော်ရွှင်ကြည်နူးကြကုန်ပြီ..
ငါ၏ အကြင်နာထံပါးတွင် ပန်းတို့ အစွမ်းကုန်ပွင့်ခဲ့ကြပြီ
ငန်းတို့ပျော်ရာ ရေကန်သာသည် ငါ့ထံတွင် တည်ချေပြီ...။


မောင်ချောနွယ်

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>