2 3 4 5 6 7 8 9 10

Monday, July 27, 2015

စာလက်ဆောင်


ဘ၀တစ်သက်တာလုံးအတွက် လူတော်၊လူကောင်း၊ လူထူးချွန် ဖြစ်ရေးအတွက် ကျင့်ကြံလုပ်ဆောင်နည်း တွေဖြစ်တဲ့ အောက်ပါ (၃၁)ချက်ကို လက်ဆောင်ပါးလိုက်ပါတယ်

(က) အပြောအဆို
(၁) သင်သည် တစ်ဘက်သားအား စိတ်ဝင်စားကြောင်း သူတို့သိပါစေ။
(၂) စကားများများ မပြောပါနှင့် အမှားပါတတ်သည်။
(၃) သူတစ်ပါး၏ အပြစ်အနာအဆာကို မဖော်ထုပ်ပါနှင့်။ရှောင်ပါ။
(၄) သူတစ်ပါး၏အရေးကြီးသော ကိစ္စ၌ နည်းပေးလမ်းပြပြုပါ။
(၅) သင်၏အမှားများ/ပြုချက်များကို ပြုံးရွှင်စွာဝန်ခံပါ ။
(၆) စကားပြောမရှည်ပါနှင့်/ အလဟဿ ပျက်လုံးမထုတ်ပါနှင့်/ပြောပြီးစကား ထပ်တလဲလဲမပြောပါနှင့်။
(၇) သူတစ်ပါး၏အမှားကို ရယ်သွမ်းမသွေးပါနှင့် / မလှောင်ပြောင်ပါနှင့်။
(၈) သူတစ်ပါး၏ အကြံပေးချက်သည် ရိုင်းစိုင်းပါစေ၊ ယဉ်ကျေးစွာ နားထောင်ပါ။

(ခ) အပြုအမူ
(၉) သင့်သိက္ခာ မကျဆင်းရအောင် ခိုက်ရန်ဖြစ်ပွားခြင်းကို ရှောင်ပါ။
(၁၀) အနိုင်ရလိုသူအား အရှုံးပေးလိုက်ပါ ။ သင်နှလုံးအေးရမည်။
(၁၁) ပညာ/ကျန်းမာ/စီးပွား အရာတို့တွင် သူတပါးထက်သာအောင် ကျင့်ကြံပါ။ လုပ်ဆောင်ပါ။
(၁၂) ဂီတ အနုပညာ တစ်ခုခုကို သင်ကြားလေ့လာထားပါ။
(၁၃) သင်သည် တစ်စုံတစ်ခုအတွက် မျှော်လင့်ချက် ကင်းမဲ့ပါစေ။စိတ်ဓါတ်ခိုင်မာမှုကို ပြပါ။ 
ဇွဲရှိမှုကို ပြပါ။
(၁၄) သင့်မှာ လုပ်စရာအချိန်မရသော်လည်း အချိန်ရသကဲ့သို့ ပြုမူပါ။
(၁၅) သင်၏ အကျင့်(ဗီဇ)ဆိုးများကို စာရင်းပြုလုပ်ထားပါ။ 
ယင်းတို့ကို အောင် /ရှောင် နိုင်အောင်
ကြိုးစားပါ။
(၁၆) သင့်နာမည် အပျက်မခံပါနှင့် ၊ နာမည် ပျက်မည့် ပြုမူ/ ကျင့်ကြံ/ လုပ်ကိုင်မှုအားလုံး 
အမြဲ သတိထား၍ရှောင်ပါ။
(၁၇) သင့်မိတ်ဆွေများနှင့် အရေးပေါ်ကိစ္စကြုံလာလျှင် သင်သည် အားကိုးရလောက်အောင် 
ချက်ချင်းအကူအညီ ပေးပါ
(၁၈) သင့်မိတ်ဆွေတိုင်းအပေါ်တွင် ယုံကြည်မှု မလွန်ကဲပါစေနှင့်။
(၁၉) သင့်ဝါသနာပါသော အားကစားနည်းများကို စနစ်တကျ လေ့လာ သင်ကြားထားပါ။
(၂၀) သင့်မိတ်ဆွေနှင့် ချိန်းထားသော ရက်နှင့် အချိန်ကို ဂတိမပျက်ပါစေနှင့်။
(၂၁)သင်၏ အပြုအမူများ( အနေ၊ အထိုင် ၊ အပြော၊ အဆို) ကို အကောင်းဆုံးဖြစ်အောင် ပြသပါ။
အမြဲပြန်၍ သုံးသပ်ပါ။

(ဂ) အိမ် နှင့် မိဘ
(၂၂) သင်၏ မိဘများအပေါ် ယုံကြည်မှုရှိပါ။ သင်ကလည်း သူတို့အပေါ်ယုံကြည်မှုရှိကြောင်း သိပါစေ။
(၂၃) သင်၏မိဘများအတွက် ဂုဏ်ယူဝံ့ကြွားပါ ။ သင့်မိတ်ဆွေနှင့် သူတို့ကို သိကျွမ်းခင်မင်အောင် မိတ်
ဆက်ပေးပါ။
(၂၄) သင့်အိမ်မှာ ရှိနေစဉ်အတွင်း မိဘဆွေမျိုးတို့ စိုးရိမ်ပူပန်အောင် မလုပ်ပါနှင့်။
(၂၅) သင်၏ အခန်း (အိပ်ခန်း၊ စာကြည့်ခန်း) ကိုသန့်ရှင်းအောင် ထားပါ။
(၂၆) မိလများ၏ မွေးနေ့ကို သတိရပါ။ သူတို့မွေးနေ့အတွက် ဂုဏ်ပြုမှတ်တမ်း ထားပါ။
(၂၇) သင့်ဖခင်ဖြစ်သူ၏ လုပ်ငန်းဆိုင်ရာ အစစကို စိတ်ဝင်စားပါ ။ ကူညီပါ။ စုံစမ်းပါ။
(၂၈) သင့်မိခင်၏ ချက်ပြုတ်ဆိုင်ရာ မီးဖိုကိစ္စတွင်လည်း ၀ိုင်းဝန်း ကူညီပါ ။ စူးစမ်းပါ ။ ချီးကျုးပါ။
(၂၉) သင် အမှားတစ်ခု ပြုမိလျှင် ထိုအမှားအတွက် ၀န်ခံလိုက်ပါ။ သင်၏ပြစ်ဒဏ် ကို ရဲရဲဝံ့ဝံ့ ခံယူပါ
(၃၀) သင့်မိဘများ နာမလည်သော ကိစ္စရှိလျှင် အကျိုးသင့် အကြောင်းသင့် ပြောပါ ။ ဒုက္ခဆင်းရဲခြင်း/
ပြဿနာ တစ်ခုခု ကြုံလာလျှင် ဖြေရှင်းပေးပါ။
(၃၁) အသက်ကြီးသူ ၊ ဂုဏ်ကြီး သူများကို မထီမဲ့မြင် ပြုခြင်း /လှောင်ပြောင်ခြင်းများ လုံးဝရှောင်၍ 
ရိုသေမှု ပြုပါ ။
.............................
မိတ်ဆွေတို့ရေ....
ဒီအချက်လေး (၃၁) ချက် ဟာ မိတ်ဆွေတို့ဘ၀အတွက် တိုးတက် ရာ လမ်းကြောင်းကိုလျှောက်တဲ့ 
အခါမှာ အသုံးပြုနိုင်မဲ့ အားဆေးတွေဖြစ်ပါစေ......

ပြောဆိုညွှန်ကြား ဆုံးမစကားများပေးခဲ့သူ ဗိုလ်မှူးမောင်လတ် ( ငြိမ်း) အား အစဉ်လေးစားလျှက်

နှင်းမြတ်


Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>