2 3 4 5 6 7 8 9 10

Saturday, May 21, 2016




အတိတ်ကိုတွေး
မဆွေးလေနဲ့..
အတိတ်ဆိုတာ ပြန်မလာဘူး..။

အနာဂတ်ကိုမှန်း
မလွမ်းလေနဲ့....
အနာဂတ်ဆိုတာ မသေချာဘူး..။

လက်ရှိချိန်မှာ ကြုံတွေ့ရာဝယ်
ပညာလုံ့လ အသုံးချလျက်
ဘ၀တန်ဖိုး အားမာန်ကိုးကာ
မြတ်နိုးကြည်ဖြူ အရယူစို့...။



ဒေါက်တာနန္ဒမာလာဘိဝံသ

Thursday, May 19, 2016

ရာသီဦးအလှ



နွေနှောင်း လွန်သော်
သစ်ပင်ပေါ်၌ ရွက်ရော် ကင်းလျက်
အနုအသစ် ဖူးပုရစ်တို့
မိုးစက်ပွင့်သို့ မျှော်ရှာလေပြီ..။
ဆွေပေါင်းမွန်ဖော်
ကျောင်းနေပျော်ပါး စာသင်သားတို့
ကြွားကြွားဝင့်လျက် အားအင်သစ်နှင့်
ကျောင်းဖွင့်ရက်သို့ မျှော်ရှာလေပြီ..။
ရာသီအစ ၀သန္တမှာ
ပုရစ်ဖူးစ စိမ်းမြမြနှင့်
လူငယ်အလှ စိမ်းမြမြတို့
လောကတခွင် အလှဆင်၍
အမြင်အေးမြ ပေဦးမည်..။
ခိုင်ညီသွေး( ကျေးလက် )

Wednesday, May 18, 2016

ထူးမြတ်သာစွ လကဆုန်


မြူခိုးမင်းလွင်
ဇာမျှင်ပိုးသား၊ ယှက်သန်းထားလို့
ခြုံလွှားဝန်းကျင်၊ တံလျှပ်နှင်လျက်
ရွက်ကျင်ကြွေညောင်း၊
ရွက်သစ်လောင်းသည့်
နွေနှောင်းအလှ၊ နုသစ်မြသည်
သာစွကဆုန် လပေကို..။
ရွက်ကျန်ကြွေလွင့်
မိုးပွင့်အခြွေ၊ လေရူးမွှေခိုက်
မြေသင်းရနံ့၊ ရပ်လုံးဖြန့်လျက်
ကပ်လှန့်လျှပ်မြူး၊ မိုးသံကျူးကာ
မိုးဦးနိဒါန်း၊ မုတ်သုံကမ်းသည်
ချမ်းမြကဆုန် လပေကို..။
နက္ခတ်ယှဉ်လာ
“၀ိသာခါ” တည့်၊ ရာသီ “ပြိဿ”
နွေလမမည်၊ မိုးမပီသေး
လေပြေရှင်းသန့်၊ ခင်းအဖြန့်တွင်
နံ့သာထုံမွမ်း၊ စကားပန်း တို့
မြိုင်ထန်းတောရပ်၊ ပွင့်စုံဟပ်သည်
ထူးမြတ်ကဆုန် လပေကို..။
မြတ်စွာဗုဒ္ဓ
ဤလမြတ်ထူး၊ လပြည့်ဦးဝယ်
မီးရှူးသန့်စင်၊ ဖွားတော်မြင် ခဲ့
ဉာဏ်စဉ်တော်ပွား၊ သစ္စာတရားနှင့်
ဘုရားအဖြစ်၊ ပေါ်ထွန်းရစ်ခဲ့
မေတ္တာစွမ်းပြည့်၊ ဓမ္မအသိနှင့်
ပရိနိဗ္ဗာန်၊ ကိန်းဝပ်စံခဲ့
သုံးတန်သုံးရပ်၊ ကြောင်းစုံထပ်သည်
လမြတ်ကဆုန်၊ ထူးမြတ်စုံစွ
လူ့ဘုံချမ်းမြ၊ ဘယာဝအောင်
ပူပင်သောက၊ အေးငြိမ်းရအောင်
ဗုဒ္ဓရည်မှန်း၊ ရေစင်ချမ်းနှင့်
တစ်ဝန်းပြည်ရွာ၊ ခြိမ့်သဲစွာပင်
စဉ်လာမပျက်၊ သွန်းဖျန်းပက်သည်
ချစ်မက်တွယ်တာ ဆင်ယင်နွှဲ
ဗောဓိညောင်ရေ သွန်းသည့်ပွဲ…။

မင်းသွေးနွယ်

ဗုဒ္ဓ နှင့် ဗုဒ္ဓ၀ါဒ ( ရာဘင်ဒြာနတ်တဂိုးအမြင် )


   ကဆုန်လပြည့် ဗုဒ္ဓနေ့ ၀ိသာခါ အခါတော်ပွဲ ဆင်နွှဲရန် အကျွန်ုပ်လာရောက်ရာ၌ အကျွန်ုပ် ၏ နှလုံးသည်းပွတ် ထဲတွင် ဗုဒ္ဓရှင်တော်မြတ် ဘုရားအား ဤလောက၌ မွေးဖွားပြီးသော လူအပေါင်း တို့တွင် အကြီးဆုံး အမြတ်ဆုံးလူသား အဖြစ် မှတ်ယူ ကာ ဦးညွှတ်ဂါရ၀ပြုရန် ဖြစ်ပါသည်။ အကျွန်ုပ်က ဤသို့ ဂါရ၀ပြုခြင်းသည် သမားရိုးကျဝတ်ပြုသည့် သဘောမျှ မဟုတ်ပါ။ ထိုဗုဒ္ဓ မြတ်စွာဘုရားအား အကျွန်ုပ်၏ နှလုံးသည်းပွတ်တွင်းက ယုံကြည်ကိုးကွယ် ဆည်းကပ် ကြောင်းကို ထုတ်ဖော်ပြသရန်အတွက်လည်း ဖြစ်ပါသည်။

    တစ်ခါက အကျွန်ုပ်သည် ဗုဒ္ဓဂယာသို့ ရောက်ခဲ့ဖူးပါသည်။ ထိုစဉ်အခါ၌ အကျွန်ုပ်၏စိတ်တွင် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားပွင့်စဉ်အခါ မိမိမှာလူဖြစ်ပြီး မြတ်စွာဘုရား၏ တရားတော်များကို နှလုံးပြည့်ဝစွာဖြင့် တိုက်ရိုက်မနာကြား ခဲ့ရခြင်းအတွက် ရင်ထုမနာ ဖြစ်ခဲ့ရပါသည်။
     ဗုဒ္ဓဂယာတွင် ဝေးလံလှစွာ ပင်လယ်ရပ်ခြား ဂျပန်နိုင်ငံမှ သမုဒ္ဒရာကို ဖြတ်ကျော်ကာ ရောက်လာသော တံငါသည် သူဆင်းရဲ တစ်ဦးကို တွေ့ခဲ့ရပါသည်။ သူသည် မိမိပြုဖူးသော အကုသိုလ် ဒုစရိုက်များအတွက် နောင်တ ကြီးစွာရလျက် ဗုဒ္ဓဂယာသို့ ဘုရားကိုကြည်ညိုစိတ်ဖြင့် ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ သူသည် ညနေခင်းမှစ၍ ညဥ့်နက် သန်းခေါင်ကျော်သည့်တိုင်အောင် တင်ပျဉ်ခွေထိုင်ကာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဟူ၍ သရဏဂုံ ဆောက်တည်ကာ နှုတ်မှဖွဖွ ရွတ်ဆိုနေရှာပါသည်။


Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>