2 3 4 5 6 7 8 9 10

Saturday, November 15, 2014

ဘာသာစကား စစ်မြေပြင်မှာ နောက်ဆုတ်ပေးခဲ့ရသည့် နယ်မြေတချို့ (မောင်သာချို)

  
“ လူမျိုးတစ်မျိုး၏ ဥပဓိရုပ်(Identity) သို့မဟုတ် ထင်ရှားသည့် အမှတ်အသားများကို ဖော်ပြပြောဆိုရာ၌ ထိုသူတို့ မည်သို့စား၊ မည်သို့ဝတ်၊ မည်သို့နေထိုင်၊ မည်သို့သွားလာ၊ မည်သို့ ယုံကြည်ကိုးကွယ်၊ မည်သို့ ကခုန်တီးမှုတ်၊ မည်သို့ ရေးသားဖတ်ရှု စသည်ဖြင့် ထိုအခြေခံများပေါ်၌ မူတည်ကာ ယင်းလူမျိုး၏ ဥပဓိရုပ်(Identity)ကို ဖမ်းယူရပါသည်။ ယခု ကျွန်တော်တို့၏ ၀တ်မှု၊ စားမှု၊ နေမှု၊ ထိုင်မှု၊ ကခုန်တီးမှုတ်မှုများကအစ ဥပဓိရုပ်များ ပျောက်ဆုံးသွားခဲ့ပြီဆိုတာ အမြော်အမြင်ကြီးသူတို့ ရိပ်စားမိခဲ့ပြီး ဖြစ်ပါသည်။ ”



Friday, November 14, 2014

မြန်မာကို မြန်မာသိစေဖို့ ( လူထုစိန်ဝင်း )

 မဖွံ့ဖြိုးသေးတဲ့ ကျေးလက်ဒေသကျန်းမာရေးဆိုင်ရာ အခြေခံ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေသူ တပည့်ကျောင်းသူ တစ်ယောက်က သတင်းကောင်း တစ်ခု ပေးလာပါတယ်။
 သူတို့အဖွဲ့က တောင်ကြီးဒေသရုံးစိုက် ရှမ်းပြည်တောင်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်အတွက် ဆရာဝန် ၃ ဦး လိုအပ်နေတယ် ဆိုတဲ့ အကြောင်း သတင်းကောင်း ဖြစ်ပါတယ်။

  
“ဆရာ့တပည့်တွေထဲက လျှောက်ချင်သူရှိရင် ပြောလိုက်ပါရှင့်” တဲ့။ ကျောင်းဆရာဆိုတာ တစ်ခါတလေ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ အလုပ်လည်း လုပ်ရပါသေးတယ်။ တစ်ခါတလေကျတော့လည်း အတိုင်ပင်ခံ အကြံပေး ဖြစ်လိုက်၊ ကလေးထိန်း ဖြစ်လိုက်၊ လူငယ်ထိန်းသိမ်းရေးမှူး ဖြစ်လိုက် ကိုယ်ပွားမိဘ ( Surrogate parents ) ဖြစ်လိုက်နဲ့ ဇာတ်ထဲက သေတ္တာမှောက်လို ဖြစ်နေပါတော့တယ်။
    အလုပ်လိုချင်တဲ့ ဆရာဝန်လေးတွေလည်း ကျောင်းမှာ အတော်များများရှိနေလို့ အားလုံးကို အသိပေးလိုက် ပါတယ်။ ဒါပေမယ့် တစ်ယောက်မှ အလုပ်ရဖို့ဆိုတာထား။ လျှောက်လွှာတောင် မတင်လိုက်ရပါဘူး။ ဘာကြောင့်လည်း ဆိုတော့ အလုပ်ရှင်ရဲ့  လိုအပ်ချက်နဲ့ ကိုက်ညီသူ တစ်ယောက်မှ မရှိလို့ပါ။

Wednesday, November 12, 2014

မင်းတစ်ယောက်တည်း



* နှလုံးသားတစ်နေရာမှာ
မပြည့်နိုင်တော့တဲ့ကွက်လပ်တစ်ခုနဲ့ ...
ခြေသံတွေကြားပေမဲ့လည်း
အဝေးဆုံးကိုသာတိုးတိုးသွားတော့ ... ။
* အရင်ကလှပခဲ့တဲ့နေရာတွေ ...
မြတ်နိုးခဲ့ဖူးတဲ့အပြုံးတွေ ...
အတူလျှောက်နေကျလမ်းတွေ ...
အရိပ်တစ်ခုလို
နာကျင်မှုတွေနဲ့ငြိပါနေဆဲ ... ။
အခုထိမင်းတစ်ယောက်တည်းကိုပဲချစ်တယ် ... ။
* ပတ်သက်ဖူးသမျှတွေသာမေ့ပစ်လိုက်ရရင်
ငါ့အတွက် ...
အနာဂတ်ဆိုတာတောင်ရှိမယ်မထင်တော့ဘူး ... ။
ဒီလိုရင့်ကျက်မလာတဲ့အလွမ်းတွေနဲ့
အသက်ဆက်နေရတဲ့ဘ၀မှာ
အသည်းကွဲသီချင်းတွေနဲ့ မုတ်သုံရာသီကိုမုန်းတယ် ... ။
* အပျင်းပြေအချစ်ခံရတဲ့နှလုံးသားကတော့
ဒဏ်ရာဗလပွနဲ့ပက်ကြားအက်လို့ ... ။

ကောင်မလေး 13


Posted by kaungmalay13 

 
 

Tuesday, November 11, 2014

လွမ်းသူ





ငွေလရောင်မိုး ရွာသွန်းဖြိုးစဉ် 
ရွက်လွင့်စိတ်ကူး နှင်းရည်လူးသည် 
သခင်သို့ရည် လွမ်းတေးသီကာ 
သာစေမာစေ တောင်းဆုခြွေသည် 
သာသည့်မြေသို့ အပြုံးတို့ပါ 
လိုက်ပါစေကြောင်း ဆုမွန်တောင်း၏ 
လက်ပဂုဏ်ရည် ရွှေရည်များကြား 
အတိတ်ကိုမေ့ ဘ၀မေ့လို့ 
လွမ်းသူကိုပါ မေ့ပစ်မှာကို 
တွေးယူပူကာ စိုးရွံ့ပါ၏ 
သခင်သိပါ လွမ်းသူမှာလည်း 
သွေးနှင့်သားနှင့် နှလုံးဖြင့်ပါ 
နွေဦးလေပြည် လွမ်းငွေ့ဝေ 
ဆွေးနေငေးနေ မေမိုးတွေအောက် 
ဆောင်းညများထဲ မှန်းဆသည်း၏ 
နွေရောမိုးရယ် ဆောင်းလရယ်ပါ 
သခင့်အရိပ် သခင့်စိတ်မိုး 
တစ်နေ၀င်သော် တမ်းတမျှော်သည် 
သခင်ရောက်နိုး တိတ်တခိုးနှင့် 
ထမ်းရွက်တာဝန် ကျေပြွန်လျှင်ဖြင့် 
မွေးရပ်ဌာနေ အမိမြေသို့ 
စိတ်ရောကိုယ်ပါ သွက်လက်စွာ 
သခင်အမြန် ပြန်ခဲ့ပါ

သခင်အမြန်ပြန်ခဲ့ပါ။
Posted by ဘုန်းမြင့်ငြိမ်း

Sunday, November 9, 2014

တိမ်တွေရဲ့ ပြေးလမ်း



ရေပေါက်ကလေးရယ်
အမြင့်ရောက်ချင်တာလား
ငါတားပါရစေ ။
တက်လမ်းတွေကို
ပိတ်ပင်တယ်လို့မပြောပါနဲ့ ။
လက်မခံရင်လဲ
မတားတော့ပါဘူး ။
ပူလောင်မှုနဲ့ပဲ
အငွေ့ပျံလိုက်ပါတော့ ။

ငါက
ဖမ်းဆုပ်ဖို့တောင်ခက်တဲ့
ရိုးရိုး...လေ...ရယ်ပါ ။
ခုတော့...လေပူ...ပေါ့
ငါ... အေး...ချင်ပါတယ်
ဒါပေမဲ့
မင်းအတွက် ငါ... ပူ...တယ် ။
ပူမှပဲ မင်းအနောက်ကို
ငါလိုက်ခွင့်ရမယ် ။
ငါ...လေး...ချင်ပါတယ်
ဒါပေမဲ့
မင်းအတွက် ငါ...ပေါ့...တယ် ။
ပေါ့မှပဲ အမြင့်ကတိမ်တွေကို
ငါစောင့်ရှောက်ခွင့်ရမယ် ။

" ပူသောလေသည် ပေါ့၍ အထက်သို့တက်၏ "
စာသင်ခန်းထဲက
သင်ခန်းစာတစ်ခု ။

တို့ဖေဖေ ပြောပြတက်သော ပုံပြင်လေးများ



........." Familiarity breeds contempt ".....
          ရင်းနှီးကျွမ်းဝင်မှု့မှ အားမနာမှု့ အမြင်သေးမှု့ပေါက်ဖွားသည်။
အရောဝင်လျှင် အရိုသေတန်သည်၊ လူရင်းဆိုရင် အထင်မကြီး၊ နီးလွန်းလျှင်မမြင် စသည်ဖြင့် ကျွန်မတို့ ပြောလေ့ရှိကြပါတယ်...။ ...ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်မအဖေက ပုံပြင်တစ်ပုဒ်ကို နှစ်ပိုင်းခွဲပြောပြဖူးတယ်။ တစ်ပိုင်းက မြေခွေးနဲ့ ခြသေ့င်္ အကြောင်း... ခြသေ့င်္ဆိုတာကို တစ်ခါမှ မတွေ့ဖူးတဲ့ မြေခွေးတစ်ကောင်က အမှတ်မထင် တစ်နေရာမှာ ပထမဆုံးအကြိမ် ခြသေ့င်္နဲ့ကြုံတော့ အကြောက်လွန်ပြီး သေမတက်တောင်ဖြစ်သွားတာတဲ့...ဒုတိယအကြီမ်ဆုံတော့ ကြောက်တော့ ကြောက်သေးတယ် ဒါပေမဲ့ သူကြောက်တယ်ဆိုတာကို ဟန်မပျက်နေနိုင်ခဲ့တယ်တဲ့...တတိယအကြိမ်တွေ့တဲ့အခါမှာတော့ ခြသေ့င်္နားသွားပြီး နေကောင်းလား ဘာ ညာ နဲ့တောင် နှုတ်ဆက်စကာြးေ့ပာခဲ့တယ်ဆိုပဲ။ ....ဒီလိုပဲ သစ်ကုလားအုတ်ကို ပထမစမြင်ဖူးတဲ့လူတစ်ယောက်က ဘာကောင်ကြီးမှန်းမသိဘူးဆိုပြီး လန့်ထွက်ပြေးတယ်တဲ့...ဒုတိယအကြိမ်ကျတော့ အနားတိုးရဲသွားပြီ။ ..အဲ..တတိယအကြိမ်လဲ ရောက်ရော လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဖမ်းဖို့တောင် ကြိုး စားလာတယ်တဲ့......
...............အတွေ့အမြင်များတဲ့အခါ အကြောက်အရွံနည်းပါးလာပြီး အားမနာ ပါးမနာ ဖြစ်တက်သလိုပဲ ကိုယ်နဲ့မရင်းနှီးမယဉ်းပါးတဲ့သူများကျတော့ အထင်ကြီးတက်ကြတဲ့သဘောကို အဖေက နောက်ပုံပြင်တစ်ပိုင်းနဲ့ ထပ်ြေ့ပာပြတယ်။ တစ်ခါက ကမ်းခြေမှာ ကင်းစောင့်တာဝန်ယူကြတော့ ကမ်းခြေ မျှော်စင်ကနေပြီး ပင်လယ်ပြင်ထဲစောင့်ကြည့်ရတဲ့လူတစ်ယောက်က
ဟိုးအဝေးရေပြင်ကြားက တရွေ့ရွေ့လာတဲ့ ထိုးထိုးထောင်ထောင် အရာကို မြင်တော့ ရုတ်တရက် "ရွက်တိုင်မြင်တယ်၊ စစ်သဘောင်္တစ်စင်းလာနေတယ်"လို့ ထအော်တယ်။ နောက်ထပ် မိနစ် အနည်း ငယ်စောင့်ကြည့်တော"့ စစ်သဘောင်္တော့ မဟုတ်ဘူး..ကမ်ရိုးတန်းသွားသဘောင်္ငယ်တစ်စင်းဖြစ်မယ်" လို့ပြောတယ်။ အဲဒီထက် နီးလာတော့ "တစ်တက်လှော်လှေငယ်ထင်တယ်" လို့ပြောတယ်။ တကယ်လည်း အနီးကပ်ရောက် လာတဲ့အခါ ကျတော့မှ ထင်းစည်းတစ်စီးမျောလာတာ ဖြစ်နေသတဲ့လေ.....
................နီးနီးစပ်စပ်လူ၊ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်သူဆိုရင် အထင်မကြီးတက်ပေမယ့် အဝေးက လူတစိမ်း ကျတော့ ထင်းစည်းကို စစ်သဘောင်္ထင်သလို မတန်တဆ ရမ်းသမ်းအထင်ကြီးတက်ကြကြောင်းကို ဆိုလို ချင်တာပါ...နီးလွန်တဲ့အခါ မမြင်ဖြစ်တက်ပြီး တွေ့ဖန်များလာတဲ့အခါ တန်ဖိုးမရှိဖြစ်တက်ပါတယ်။ ဒီသဘောကို လူအများလည်း သိကြတာပါပဲ၊ ဒါပေမဲ့ သိတာသိတာ လက်တွေ့တော့ မကျင့်ကြံနိုင်ကြ ဘူးလေ။ အမှု့မဲ့အမှတ်မဲ့ပဲဖြစ်နေတက်ကြတာများပါတယ်။ ထားပါ...ဒါတွေကလည်း သိသင့်တယ် ထင်လို့ ရေးပြလိုက်တဲ့ အကြောင်းအရာလေးပေါ့နော်။
...............တခါတရံမှာ ပတ်ဝန်းကျင်ရဲ့ပြောဆိုဒဏ်ကြောက်လို့ဆိုပြီး ဆင်ခြင်လိုက်လို့ အဆင်ပြေသွား တက် ကြပေမယ့် တခါတရံကျတော့လည်း ပတ်ဝန်းကျင်ရဲ့ထိုးနှက်မှု့မှ ဆင်ခြင်ရင်း အဆင်မပြေတာတွေ လညိး အများကြီး၇ှိတာပဲလေ။ ကိစ္စ တစ်ခုရဲ့ ရိုးရှင်းမှု့ ဒါမှ မဟုတ် ရှုပ်ထွေ့းမှု့ပေါ်မှာ မူတည်မလားတော့ မသိဘူး။

................တစ်ခါက သူ့အသံကိုလူတွေမကြိုက်လို့သည်၇ွာကြေ့ပာင်းမယ်ဆိုပြီး ထွက်လာတဲ့ဇီးကွက်ကို ငုံးငှက်က အကြံပေးတယ် “ စဉ်းစားစမ်းပါဦး၊ ဒီအသံလူတွေ မကြိုက်လို့ဆိုပြီးပြောင်းပါပြီတဲ့ ၊ နောက်တစ်ရွာရောက်တော့ရော လူတွေက ခင်ဗျားအသံကိုကြိုက်ကြမှာလား၊ သူတို့မကြိုက်ဘူး ဆိုတိုင်း ပြောင်းနေလို့ကတော့ ခင်ဗျားပြောင်းလို့ဆုံးမှာ မဟုတ်ဘူး။ အဲဒီတော့ ရွာပြောင်းမဲ့အစား ခင်ဗျား အသံ ကို လူအများနားခံသာအောင်ပြုပြင်ပြောင်းလဲဖို့ ကြိုးစားကြည့်ရင် မကောင်းဘူးလားတဲ့
...ဟုတ်ပါတယ်။ ကိစ္စတော်တော်များများမှာ ဖြေရှင်းရန်နည်းလမ်း တစ်မျိုးထက်မက ရှိပါတယ်။ အဲဒီ နည်းလမ်းတွေထဲကမှ အကောင်းဆုံး၊ အဆင်ပြေဆုံးနည်းလမ်းကို ရွေးချယ်ရတာပါ။ ကိုယ်နေတဲ့ ပတ်ဝန်းကျင် မှာက ငုံးငှက်လို အကြံကောင်း၊ ဥာဏ်ကောင်းပေးနိုင်တဲ့ သူရှိရင်တော့ ကောင်းတာပေါ့။ တစ်ခါတစ်လေတော့လည်း လောကမှာ ကြုံရတဲ့ကိစ္စ၊ နေရ တွေ့ရတဲ့ ပတ်ဝန်းကျင်သဘော အလိုကျအရ ဆင်ခြင်နေထိုင်ပြန်တော့လည်း တော်တော်ဂွကျတဲ့ ပုံစံကို မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက် ပုံပြင်အရသိနိုင်ပါတယ်။ တော်တော်များများလည်း ရင်နှီးပြီးသားပုံပြင်ပါ။
သားအဖနှစ်ယောက်..
မြည်းတစ်ကောင်ရောင်းဖို့ ဈေးပွဲတော်မောင်သွားကြတယ်။ နှစ်ဦးလုံးမြည်းနဲ့ အတူတူ လမ်းလျှောက်လာကြတာပေါ့။ လမ်းမှာ မိန်ကလေးတစ်သိုက် ရယ်ရယ်မောမော စကားတွေပြောပြီးလာရာက သူတို့ကိုတွေ့တော့ “ဟယ်..အရူးတွေတော့...မြည်းကြီးတစ်ကောင်လုံးပါလာတာကို မစီးဘူး၊ ခြေညောင်းခံလမ်းလျှောက်လာကြတယ်“ လို့ မကြားတကြားနဲ့ အားမနာ ပါးမနာပြောသတဲ့။
ဒါနဲ့ ဖအေလုပ်သူက သားလေးကို မြည်းပေါ်တက်ခိုင်းပြီး သူက ဘေးက လျှောက်လာလိုက်တယ်။ တစ်နေရာရောက်လို့ လူကြီးတစ်သိုက်နဲ့တွေ့တော့
ကြည့်စမ်း...ကာလသားသမီးတွေ လူကြီးမိဘကို အရိုအသပေးရကောင်းမှန်းမသိဘူး၊ လူငယ်က လမ်းမလျှောက်ပဲ ဖအေက လမ်းလျှောက်နေရတယ်” ဆိုတော့ ဖအေလုပ်သူက သားကိုဆင်းခိုင်းပြီး သူကတစ်လှည့် စီးပြန်တယ်။ သိပ်များများတောင် မသွားရသေးဘူး မိန်းမ လေးငါးယောက်နဲ့တွေ့တော့ “ ဟိုမှာ တစ်ကိုယ်ကောင်းဆန်လိုက်တဲ့လူကြီး၊ ကိုယ်ကတော့ မြည်းပေါ်မှာ အခန့်သားထိုင်လို့ ကလေးခမျာ အမောတကောနောက်က လိုက်နေရရှာတယ်” ဆိုကြပြန်တော့ သူတို့ကျေနပ်အောင် ဖအေက ရှေ့နည်းနည်းတိုးပေးပြီး သားလေးကိုနောက်နားက ကပ်ထိုင်ခိုင်းတယ်။ ဒီလိုနဲ့သွားလာတာ ဈေးနဲ့ သိပ်မဝေးတဲ့နေရာလည်းရောက်ရော လူကြီးတစ်ယောက်က “ ဒါ ခင်ဗျားမြည်းလားဗျ” တဲ့ အဲဒီလူကမေးတယ် “ ဟုတ်ပါတယ် ” ဆိုတော့
စီးလာပုံ ကြည့်ရတာ ကိုယ့်မြည်းမဟုတ်သလိုပဲဗျာ၊ မြည်းခမျာသနားစရာ၊ တကယ်ဆို ခင်ဗျားတို့ သားအဖက သန်သန် မာမာကြီးပဲ၊ သူ့ကိုတောင် တလှည့်ထမ်းပိုးသွားဖို့ကောင်းတယ်” ဆိုပြီး အတည်ပေါက်နဲ့အကြံပေးတော့ သားအဖနှစ်ယောက်လည်း မြည်းခြေထောက်တွေစုပြီး ကြိုးနဲ့ချည်၊ တုတ်ကြီးကြီးတစ်ချောင်းနဲ့ လျိုပြီး မြည်းကို ထမ်းလာကြတယ်။ ဈေးအ၀င်က ချောင်ကူး တံတားလည်းရောက်ရော သားအဖနှစ်ယောက်ကလည်း မနိုင်မနင်း ကိုးယို့ကားယား ဖြစ်နေတဲ့ အချိန်၊ ဘေးကလူတွေကလည်း လက်ညှိုးထိုး လှောင်ကြ ပြောင်ကြနဲ့ဆိုတော့ စောစောက အနေရ အထိုင်ရ ခက်နေတဲ့ မြည်း အလန့်တကြား၊ ရုန်းရင်းဆန်ခတ် လုပ်ရာက ကြိုးတွေပြေ၊ အောက်က ရေထဲ ထိုးကျကုန်သတဲ့။ ကျန်မတို့ ကျင်လည်နေကြတဲ့ ပတ်ဝန်းကျင်မှ ရှိတဲ့လူတွေ ထဲမှာလည်း တန်ဖိုးရှိတဲ့ အကြံပေးချက်တွေ ပေးနိုင်တဲ့သူတွေ ရှိတက်ကြသလ၊ို လမ်းကြုံလူတို့ရဲ့ အကြံပေး တိုက်တွန်းချက်တွေက တစ်ခါတစ်ရံ ချောက်တွန်းသလိုဖြစ်နေတက်ပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်လို့ မရဘူးဆိုရင် ပတ်ဝန်းကျင်ကို ဂရုစိုက်လို့ မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက် ပုံပြင်ထဲကလို အဖြစ်အပျက်ကျတော့ရော....
ဘယ်လိုလုပ်ရမလဲ။ ဘေးလူတွေရဲ့ ပြောစကားကျတော့ရော အခါခပ်သိမ်း ဂရုမစိုက်ပဲနေနိုင်မလား.??? ထားဦး။ အဲဒီပုံပြင်ထဲမှာဆိုရင်ရော သားအဖနှစ်ယောက်အတွက် ခရီးလမ်းမှာ အဆင်ပြေအောင် ဆောင်ရွက်ဖို့ဆို ဘယ်လိုအခြေအနေက အမှန်ဆုံးဖြစ်နိုင်မလဲ.???
...............တော်တော်တော့ စဉ်းစားရခက်တယ်နော်။ “အာာ မခက်ပါဘူး။ အသင့်အတင့်ကြည့်လုပ်ပေါ့၊ တရားသေ မထားနဲ့၊ သူများပြောတိုင်းချည်းလည်းလိုက်မလုပ်နဲ့။ ဘယ်သူပြောပြောဆိုတဲ့ သဘောလည်း မထားနဲ့၊ တစ်ခါတစ်လေ သူတို့ သဘောနဲ့လုပ်၊ တစ်ခါတစ်လေ ကိုယ့်သဘောနဲ့ကိုယ်လုပ်၊ မြွေမသေ၊ တုတ်မကျိုးပေါ့ဗျာ ” ဆိုရင် ဟုတ်ပါပြီ၊ လက်ခံသင့်တာပဲ။ ဒါပေမဲ့ မယုတ်မလွန်ဆိုတာ တော်တော် မတိကျတဲ့ကိစ္စ၊ ပြောတဲ့သူလွယ်သလောက် တကယ်လုပ်ရတဲ့သူအတွက်က ခက်ခဲမယ်ထင်တယ်။ အဲဒီ မယုတ်မလွန်ဆိုတာကရော ဘယ်အတိုင်းအတာကို မယုတ်မလွန်လို့ ဆိုလိုချင်တာလဲ.??? လက်တွေ့မှာ လူတွေက တိတိကျကျ သိချင်တက်ကြတဲ့သဘောရှိတော့ ဒီလိုလား.??? ဟိုလိုလား.??? နှစ်ခုထဲက တစ်ခုပြောပါ ဆိုတဲ့ လူတွေကများတာ။ အဲဒါဆိုရင် အဲဒီ မယုတ်မလွန်ဆိုတဲ့သူတွေ၊ မြွေမသေ တုတ်မကျိုးဆိုတဲ့သူတွေက ဘယ်လိုများ တိတိကျကျ ဖြေပေးနိုင်မလဲ။ အဲ..ဖတ်တဲ့သူတွေတော့ မသိဘူး၊ ရေးတဲ့သူကတော့ ရေးရင် စဉ်းစားရင်းနဲ့ကို တိုင်ပတ်နေပြီ။ ကဲထားတော့ ..ဒီပြဿ     နာ ဒီမှာမှ မရပ်ရင် တစ်နေကုန်လို့တောင် ပြီးသွားမှာ မဟုတ်ဘူး။ ရေးရင် ရေးရင်းနဲ့ စာတွေလည်း ဦးတည်ချက်တွေက ဘယ်ရောက်ကုန်လဲ မသိတော့ဘူး။
...နောက်ဆုံးတော့ လိုက်နာ သင့်တာ လိုက်နာ၊ ဆင်ခြင်သင့်တာ ဆင်ခြင်ပြီး ဆွေးနွေးသင့်တာလေးကိုလည်း ကွန်မကို ဆွေးနွေးပေးခဲ့ပါဦးလို့ အကြံဥာဏ်တောင်းရင်းနဲ့ပဲ
ကမ္ဘာသစ်ကမောင်နှမအားလုံး ကျန်းမာ ချမ်းသာ ကြပါစေ
ခင်မင်လျက်
ကြည်မျိုးခိုင် (မကွေး)

Posted by KyiMyoKhaing on January 26, 2011 at 10:30am

လူငယ်နှင့် ဘာသာရေး (ဒေါက်တာကျော်စိန်)


လောကတွင် အောင်မြင်နေသူတို့သည် လောကဓံ၏ အထုအထောင်း အပုတ်အခတ်တို့ကို အပြုံးမပျက်ဘဲ ခံယူကာ ဘ၀တိုက်ပွဲကို ဆက်လက်ဆင်နွှဲနိုင်စွမ်းရှိသည့် စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်သူများဖြစ်ကြ၏။ ဘာသာရေးက လောကဓံတရားကို ရဲဝံ့စွာ ရင်ဆိုင်တတ်ရန် သင်ကြားပေးသည်။

ဘာသာရေးဟူသည်
 ဘာသာရေးဟူသည် ရင့်ကျက်သော ပုဂ္ဂိုလ်တစ်ဦးက အမှန်တရားနှင့် ပတ်သက်၍ တွေးခေါ် စဉ်းစားခြင်း၊ လက်တွေ့ ကျင့်ကြံ အားထုတ်ခြင်း၊ အတွေ့အကြုံနှင့်ယှဉ်၍  ဆင်ခြင်စဉ်းစားခြင်း၊ ယုတ္တိဗေဒ ဥပဒေသ များနှင့် အညီ ကောက်ချက်ချခြင်းများ ပြုလုပ်ပြီးနောက် မိမိတွေ့ရှိသည့် တရား ဓမ္မကို မိမိနောက်လိုက်များ အား သွန်သင်ဆုံးမ ဟောပြောရာမှ ဘာသာ အမျိုးမျိုး ပေါ်ထွန်း လာခြင်းဖြစ်သည်။ ဗြဟ္မာ ၊ ဗိဿနိုးနှင့် သီဝဘုရား တို့၏ ဟောကြားချက်များတွင် အခြေခံသော ဟိန္ဒူဘာသာ၊ ဗုဒ္ဓရှင်တော်၏ ဟောကြားချက် ဓမ္မအပေါ် အခြေခံသော ဗုဒ္ဓဘာသာ၊ ခရစ်တော်၏ ဟောကြားချက်များအပေါ် အခြေခံသော ခရစ်ယာန် ဘာသာ ၊ အလ္လာသခင်နှင့် တမန်တော်မိုဟာမက်တို့ ဟောကြားချက်များအပေါ် အခြေခံသော အစ္စလာမ် ဘာသာတို့သည် ထင်ရှားပေသည်။

ချစ်သူသိလေ





( ၁ )


ပန်းပွင့်ရှိမှ ရနံရတာ မဟုတ်ပါဘူး
ဖူးသည့်ဝတ်ငုံ ထုံသည့်တစ်ပွင့်
နမ်းခွင့်တစ်ရှိုက် ရသည့်ခိုက်မှာ
ထာဝရတည် ကာလရှည်လျား
နှလုံးသားမှာ စွဲမြဲစွာဖြစ်
ထုံနံ့ယစ်ဝေ ပျံ့ဆွတ်စေ၏
ချစ်သူသိလေ..။

မျက်နှာတွေ့မှ မြင်ခွင့်ရတာ မဟုတ်ပါကွယ်
ဘယ်ကိုသွားသွား ဘယ်နားရောက်ရောက်
ဘယ်လောက်ဝေးဝေး အတွေးမှာရှိ
အကြည့်မှာမြင် သူပဲထင်တယ်
ကောင်းကင်လိုပဲ မော်ကြည့်ဆဲမှာ တွေ့နိုင်ပါ၏
ချစ်သူသိလေ..။



အသံကြားမှ နားမှာဆတ်ဆတ်
ကြားလာတတ်တာ မဟုတ်ပါလေ
စမ်းရေသံကြား သူ့စကားရှိ
ငှက်၏ တေးမှာ သူ့သံသာတွေ
နှုတ်ခြွေစကား နားမှားတီးတိုး
ဟိုး အရင်လို ရွှင်ချိုကြည်မြ
ကြားနေရ၏ ချစ်သူသိလေ..။

ချစ်သူသိလေ
သတိရလျှင် ဒေသအကွာ
နေရတာကွဲ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ
ဘယ်မှာဖြစ်ဖြစ် တွယ်တာရစ်ငင်
ထာဝရထင်သော ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ…။

 ( မောင်စိန်ဝင်း - ပုတီးကုန်း )

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>