2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ လမ်းညွှန်သြ၀ါဒများ

* စိတ်ကြည်လင်ချမ်းသာအောင်မြင်ရေးအတွက် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏
လမ်းညွှန်သြ၀ါဒ ကဗျာများအား ဆရာသုတေသီ ဘုန်းမြင့်သွေးရဲ့စုစည်းပူဇော်ခြင်းကို
ကမ္ဘာသစ်ဓမ္မမိတ်ဆွေ.သူငယ်ချင်းများ အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်..

(၁) တရားစိတ်ရှိ…
* သတ္တ၀ါမှန်သရွေ့၊ တရားတွေ့
ချမ်းမြေ့သာယာရှိပါစေ။
(၂) စိတ်မည်းများကို ၀ိပဿနာဖြင့် ဖြူစင်ပုံ…

* လောဘအာရုံ၊ မြင်ခိုက်ကြုံ၊ အကုန်ရှုရမည်။
(ကြား နံ စား စသည်တို့ကိုလည်း သွင်း၍ ဆိုပါ။)
ရှုမှတ်လိုက်က၊ ထိုခဏ၊ လောဘမ၀င်ပြီ။
မရှုမိလျှင်၊ လောဘ၀င်၊ သူပင် ရှုရမည်။
သူ မရှုလျှင်၊ ငါကောင်ထင်၊ ခင်မင်စွဲလမ်းသည်။
ရှုမိလိုက်လျှင်၊ ရုပ် နာမ်မြင်၊ ထိုပြင်ကြောင်းသိသည်။
ရုပ်နာမ်ကြောင်းမျှ၊ သိလေက၊ စူဠသောတမည်။
ပေါ်ပြီးပျောက်လျှင်၊ မမြဲပင်၊
ဥာဏ်မြင်လင်းတော့သည်။

ဆင်းရဲလည်းမြင်၊ ငါကောင်စင်၊ ဆင်ခြင်သုံးသပ်သည်။
ပေါ်လိုက် ပျောက်လိုက်၊ ပေါ် ပျောက်လိုက်၊
ဥာဏ်၌
သက်ဝင်သည်။ ပျောက်တာချည်းမြင်၊
ကြောက်ဖွယ်ထင်၊ ပြစ်မြင် ငြီးငွေ့သည်။

ငြီးငွေ့သည့်တာ၊ လွှတ်လိုက်ပါ၊ ထပ်ခါဆင်ခြင်သည်။
ဆင်ခြင်ပြီးခါ၊ သင်္ခါရာ၊ ညီစွာရှုတော့သည်။
ရှေ့နောက်လျော်လတ်၊ အဖြစ်ရပ်၊ ပြေးလတ် မဖြစ်ဆီ။
ချုပ်ငြိမ်းရာမျှ၊ တည်နေက၊ ဥာဏ မဂ်ဖိုလ်မည်။
ချုပ်ငြိမ်းပြီးလျှင်၊ ပြန်ဆင်ခြင်၊ ဤတွင် ပစ္စ၀က်မည်။
(ဗျာပါဒ၊ ကောဓ၊ မက္ခ စသည်တို့လည်း ဤအစဉ်အတိုင်း
သိပါလေ။)


(၃) စိတ်ကြောင့်ဖြစ်ပေါ် စိတ်ကြေးညော်… * ပြောမည်ကြံလည်း၊ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသားဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြောများ အမှား ရှောင်ကြဉ်ပါ။
ရေကြောင့် နွံဖြစ်၊ ထို နွံညစ်လည်းစင်စစ် ရေကြောင့်၊
သွေမထောင့်ဘူး
စိတ်ကြောင့် ဖြစ်ပေါ်၊ စိတ်ကြေးညော်လည်း
ဆေးလျှော်စိတ်ပင်၊ စင် မစင်ကို ကိုယ်ပင် ဖန်ပြု၊
သူမပြုသည်
စင်မှု ကိုယ့်မှာ တာဝန်တည်း။

(၄) စိတ်မည်းများကို ဖြူစင်စေသည့်နည်း (၆)မျိုး…
* မည်းသည့်စိတ်ကို၊ ဖြူစေလိုသော်
ထိုထိုအာရုံ၊ ညစ်မျိုးစုံနှင့်
မကြုံတွေ့စေ၊ မမေ့စေဘဲ
ပြောင်းလေဖုံဖုံ၊ ကောင်းအာရုံတည့်
နုလုံပဋိ၊ ဥာဏ်ချိန်ညှိလော့
ပို့ဘိမေတ္တာ၊ သမထာနှင့်
ပွားရာဝိပသ်၊ နည်းခြောက်ရပ်တွင်
သင့်မြတ်ရာသုံး၊ ဖြူစိတ်ဖုံးသည်
သက်လုံး ချမ်းသာလိမ့်မည်တည်း။
(၅) စိတ်မည်းနှင့်စိတ်ဖြူ…
* ကိလေ ညစ်မည်း၊ စိတ်၌စွဲ
ရုပ်လည်း မကြည်လင်။
ကိလေ ညစ်မည်း၊ စိတ်မစွဲ
ရုပ်လည်း အေးကြည်ရွှင်။
စိတ်ညစ် မည်းလျှင် ဆင်းရဲပင်
ဖြူလျှင် ချမ်းသာသည်။
ချမ်းသာရလို၊ များလူဗိုလ်
ကိုယ့်ကိုယ် သိရမည်။
ကိုယ့်ကိုယ် သိချင်၊ များလူရှင်
နေ့စဉ် စစ်ရမည်။
နေ့စဉ် စစ်ဆေး၊ စိတ်ညစ်ကြေး
လျှော်ဆေး ပစ်ရမည်။
(၆) သင့်သွင်မန စိတ်အလှကို…
* သန့်ရှင်းကြည်လင်၊ ကြေးမုံပြင်ဝယ်
သင့်သွင်ရူပ၊ လှမလှကို
နေ့ညမရွေး၊ ကြည့်စစ်ဆေး၍
ယင်ချေးမှဲ့ပြောက်၊ ၀က်ခြံပေါက်နှင့်
ညှင်းပြောက် တင်းတိတ်၊
ဖုအကျိတ်ကို
ဆေးသိပ်ဖယ်ရှား၊ ပမာလားသို့ မြတ်ဖျားဗုဒ္ဓ၊
ဟောညွှန်ပြသည့်
ဓမ္မကြည်လင်၊
ကြေးမုံပြင်ဝယ်
သင့်သွင်မန၊ စိတ်အလှကို
နေ့ည မရွေး၊ တင်စစ်ဆေးလော့
သုစ်ကြေး ကိလေ၊ တွေ့ခဲ့ပေသော်
ခြောက်ထွေနည်းဖြင့်၊ ပျောက်စေလွင့်မှ
မလင့်မကြာ၊ သင့်ခန္ဓာသည်
ချမ်းစွာ ဖုံးလိမ့် မှန်စွာတည်း။

(၇) စိတ်ကိုမထိန်းသူ...
* မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူ ကျလိုရာ၊ ကျတတ်ပါသည်။
ပမာ မျောက်နှိုင်း၊ စိတ်ဆင်ရိုင်းကို
ထူးသိုင်း ဖြေချွတ်၊ ထင်တိုင်းလွတ်၍
မကွပ် မထိန်း၊ ညွှတ်တိုင်း ယိမ်းက
အေးငြိမ်းချမ်းသာ၊ မရပါဘဲ
ပူဗျာဆင့်ကဲ၊ လွန်ဆင်းရဲသည်
မိုက်မဲသူတို့ လမ်းစဉ်တည်း။
(၈) စိတ်ကိုထိန်းသူ…
* မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍

သူ ကျလိုရာ၊ ကျတတ်ပါသည်

ပမာမျောက်နှိုင်း၊ စိတ်ဆင်ရိုင်းကို
ချင့်နှိုင်း ဥာဏ်ယှဉ်၊ သမ္ပဇဉ်နှင့်
အစဉ်ချွန်းအုပ်၊ သတိချုပ်၍
မလှုပ် မယိုင်၊ ကောင်းစွာနိုင်သော်
ဖွံ့ခိုင်ဖြိုးဖြိုး၊ ချမ်းသာတိုးသည်။
ကောင်းကျိုး ကြွယ်လိမ့်မည်သာကို။
(၉) စိတ်အညစ်အကြေး စိတ်ဖြင့်ဆေး…
* ရေကြောင့် ညွှန်ဖြစ်၊ ထိုညွှန်ညစ်လည်း
စင်လစ် ရေကြောင့်၊ သွေမထောင့်ဘူး
စိတ်ကြောင့်ဖြစ်ပေါ်၊ စိတ်ကြေးညှော်လည်း
ဆေးလျှော် စိတ်ပင်၊ စင်မစင်ကို
ကိုယ်ပင်ဖန်ပြု၊ သူမပြုသည်
စင်မှုကိုယ့်မှာ တာဝန်တည်း။
(၁၀) တွေးမည်ကြံလည်း သင့်စိတ်ထဲ…
* တွေးမည် ကြံလည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှား ရှောင်ကြဉ်ပါ။
* တွေးဆဲမှာလည်း၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှား ရှောင်ကြဉ်ပါ။
* တွေးပြီးပြန်လည်း၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှား ရှောင်ကြဉ်ပါ။

...နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ...

မေတ္တာဖြင့်…
Posted by ayeayemoemeeku on July 30, 2010 at 8:00am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

Under the sky

 
When heaven gave a child ,

Parents possessed a pretty smile .


They taught him under the sky .


He got lessons like a wild .


He used these lessons to struggle in time .


And then he became a hero in the mind .


Self - confidence is walking behind .


Troubles are crying in life time .


Fears will run away from that child .


What's remaining in his mind ???



( Than Htun Linn )

 
ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 


အရင်ကလိုဘဲ.



အရင်ကချစ်သူ


မရှိတော့ပေမဲ့

အရင်ကအချစ်တွေက

ဒီရင်ထဲမှာကျန်နေဆဲမို့

အရင်လိုဘဲ...အရင်အတိုင်းဘဲ

ရင်ထဲကချစ်တတ်နေဆဲ.....

အရင်ကအချိန်တွေ

ပြန်မရနိုင်တော့တာ

သေချာခဲ့ပေမဲ့.....

အရင်ကအလွမ်းတွေကိုတော့

မှတ်မိနေဆဲမို့


အရင်လိုတော့

တခါတခါ............

လွမ်းနေချင်တုန်းဘဲ

အရင်လူကိုမေ့ထားလိုက်ပေမဲ့

အရင်ကပျော်ရွှင်မှု့မျိုးကိုတော့

ခဏလောက်ဖြစ်ဖြစ်

ပြန်လိုချင်သေးတယ်...

အရင်ကအချစ်မျိုးကို

ပြန်မတမ်းတချင်တော့ပေမဲ့

အရင်ကခံစားမှု့မျိုးနဲ့

တခါလောက်တော့

အရင်လိုဘဲ

ပြန်ချစ်ကြည့်ချင်သေးတယ်.........။။။

(blackroze)
(28.7.2010 AM 1:15 )

Posted by balckroze on July 28, 2010 at 1:00am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

မမေ့နိုင်စရာသူငယ်ချင်း..

တချို့ သောအမှတ်တမဲ့ အပြုအမူတွေဟာကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုထိခိုက်စေတတ်တယ်ဆိုတာကိုအရင်ကကျွန်မမေ့လျော့
နေခဲ့ ပါတယ်..
တကယ်တော့ကျွန်မဟာနယ်ကနေရန်ကုန်မှာကျောင်းလာတက်ရာကနေပြီးရန်ကုန်မှာအနေကြာလာခဲ့ပါတယ်.
ကျောင်းတက်တုန်းကလဲနယ်ကိုခဏတဖြုတ်လောက်ပဲပြန်ဖြစ်ပါတယ်..ကျောင်းပိတ်ချိန်လောက်ပဲပေါ့..
အိမ်ပြန်ရောက်ပြီးသိပ်မကြာခင်ရန်ကုန်ပြန်သွားရတာပါပဲ..
ကျောင်းပြီးတော့လဲရန်ကုန်မှာပဲအလုပ်လုပ်ဖြစ်တော့ကျွန်မတစ်ယောက်ရန်ကုန်မှာပဲနေသားကျခဲ့ ပါတယ်..
တခါတလေအိမ်ပြန်ရင်တောင်ကိုယ့်ကိုကိုယ်ဧည့်သည်လိုလိုဘာလိုလိုဖြစ်နေခဲ့ပါတယ်..
အိမ်နဲ့ အနေဝေးခဲ့ ရတာကြာလာတော့တွေ့ ဆုံရတဲ့ သူငယ်ချင်းတွေလုပ်ဖော်ကိုင်ဖက်တွေကိုပဲမိသားစု
ဝင်လိုခင်မင်တွယ်တာတတ်လာခဲ့ ပါတယ်..ခံစားလွယ်တဲ့ ကျွန်မဟာအလွယ်တကူလည်းယုံကြည်တတ်တယ်ထင်ပါရဲ့ ..
ဘာလို့ လဲဆိုတော့ကျွန်မရဲ့ သူငယ်ချင်းတွေကိုရောလုပ်ဖော်ကိုင်ဖက်တွေကိုပါယုံကြည်စွာခင်မင်
တတ်တာကိုး..ဒါပေမဲ့ကျွန်မရဲ့ ကံကလည်းကောင်းနေသေးတယ်ထင်ပါရဲ့ .သူငယ်ချင်းတွေကလည်းကျွန်မအထင်အေးအေးနေတတ်သူတွေများပါတယ်..ကျောင်းတက်တုန်းကခင်မင်ခဲ့ ရတဲ့သူငယ်ချင်းတွေရော..လုပ်ငန်းခွင်ကလုပ်ဖော်ကိုင်
ဖက်တွေတော်တော်များများနဲ့ ပါအဆင်ပြေပါတယ်..
ကျွန်မတို့ အလုပ်က၀န်ထမ်းတွေအတွက်နေစရာပေးပါတယ်..အားလုံးကလဲအရွယ်တွေကသိပ်မကွာကြတော့တော်တော်လေးပျော်ဖို့ ကောင်းပါတယ်..ပြောလိုက်ဆိုလိုက်..ချက်ပြုတ်စားလိုက်နဲ့ နေလာကြရင်းသံယောဇဉ်တွေ
ဖြစ်လာခဲ့ ကြတယ်..အတူနေလာတာကြာလာတော့ညီအစ်မတွေလိုဖြစ်လာကြပါတယ်..အချင်းချင်းသူငယ်ချင်းလိုခင်ကြသလို
ညီအစ်မတွေလိုလဲရိုသေသင့်သူကိုရိုသေကြပါတယ်..
ကျွန်မရဲ့ ဆိုးရွားလှတဲ့ အကျင့်ဆိုးကတော့အိပ်ရေးမ၀ရင်အရမ်းဒေါသထွက်တတ်တာပါပဲ..အိပ်နေချိန်မှာများ
လာနိုးရင်စိတ်ဆိုးလို့ မပြီးတော့ပါဘူး.ပိုပြီးဆိုးတာကကျွန်မအရမ်းအအိပ်ဆတ်တာပါပဲ..ဘာသံပဲကြားကြားကျွန်မအိပ်ရာကနိုးတတ်ပါတယ်..ဘယ်လောက်များဆိုးလဲဆိုရင်မီးပျက်သွားချိန်မှာများအိပ်ပျော်သွားရင်မီးခလုတ်မပိတ်မိတတ်ဘူးလေ..အဲ..မီးပြန်လာတဲ့ အချိန်မှာဖြတ်ခနဲမြည်သွားတဲ့ အသံနဲ့ တင်ကျွန်မနိုးလာပြီးပြန်အိပ်မရတာတွေလဲမနည်းတော့ပါဘူး..နောက်ထပ်အကျင့်ဆိုးတစ်ခုကနောက်တစ်နေ့ အလုပ်မရှိရင်ညဖက်မှာကျွန်မမအိပ်ပဲလုပ်ချင်ရာလုပ်နေတတ်ပါတယ်..နောက်တစ်နေ့ ဆိုထမင်းတောင်ထစားဖို့ စိတ်ကူးကျွန်မမှာမရှိပါဘူး..တစ်နေကုန်အိပ်နေတော့တာပါပဲ..
အဲဒီလိုပြဿနာရှိတတ်တဲ့ ကျွန်မအတွက်အခန်းဖော်ဟာအရမ်းကိုအရေးကြီးတဲ့ လူတစ်ယောက်ဖြစ်လာပါတယ်..
ဟုတ်တယ်လေ..တစ်ခန်းနှစ်ယောက်နေရတာ.ကိုယ်အိပ်နေချိန်မှာသူကဆူညံနေရင်သွားပြီ..အိပ်ရေးမ၀ရင်ဒေါသထွက်တတ်တဲ့ ကျွန်မနဲ့ တော့ဘယ်လိုမှအဆင်မပြေနိုင်ပါ...
ကံတရားကိုကျွန်မအရမ်းကျေးဇူးတင်မိတာကကျွန်မအခန်းဖော်သူငယ်ချင်းအကောင်းစားလေးကိုကျွန်မဆီပို့ ပေးလိုက်တာပါပဲ..
ကျွန်မရဲ့အခန်းကG-12 ပါ..အဲဒီအခန်းကိုကျွန်မရောက်ပြီး ၃ ရက်အကြာမှာခိုင်ဟာကျွန်မရဲ့ အခန်းဖော်အဖြစ်ရောက်ရှိလာပါတယ်..
ခိုင့် ကိုမြင်မြင်ချင်းကျွန်မမှတ်ချက်ချမိတာကတော်တော်ချောတဲ့ မိန်းကလေးဆိုတာပါပဲ..ခိုင့် ဆံပင်ကတော်တော်ရှည်ပါတယ်..အုံကောင်းကောင်းနဲ့ မည်းနက်တောက်ပြောင်နေတဲ့ ခိုင့် ဆံပင်ရှည်တွေမြင်ကတည်းကကျွန်မခိုင့် ကိုသဘောကျခင်မင်သွားခဲ့ ပါတယ်..ခိုင့် မျက်နှာကလည်းကြည်ကြည်လင်လင်နဲ့ အေးချမ်းမှုရှိတယ်လို့ ကျွန်မထင်မိတယ်..မြင်မြင်ချင်းမှာကျွန်မရဲ့ အခန်းဖော်ကိုအမှတ်ပြည့်ကိုပေးနေမိပါတယ်..
ခိုင်ကအနည်းငယ်စူးစမ်းသလိုတချက်ကြည့်ပြီးကျွန်မကိုပြုံးပြပါတယ်..ကျွန်မကခိုင့်ပစ္စည်းတွေကိုကူပြီးနေရာချပေးနေပါတယ်..ကျွန်မတို့ နှစ်ယောက်ပစ္စည်းတွေနေရာချရင်းအချိန်၂ နာရီလောက်တော့ကြာသွားပါတယ်..မှတ်မှတ်ရရအဲဒီနေ့ ကကျွန်မခိုင့်ကိုကြိုဆိုနှုတ်ဆက်တဲ့ စကား၊မိတ်ဆက်စကားတောင်မပြောမိခဲ့ ပါဘူး..ကျွန်မဆိုတာအဲလိုလူမှုရေးကျမ်းကျေတာပါ..အဲဒီအချိန်တုန်းကတော့ခိုင့်စိတ်ထဲဘယ်လိုရှိမလဲကျွန်မမတွေးမိပါဘူး.သူ့ပစ္စည်းတွေကိုသာနေသားတကျဖြစ်အောင်သာနေရာချပေးနေမိပါတယ်နောက်ပိုင်းမှာခိုင်ကအဲဒီိအကြောင်းကိုခဏခဏပြောတတ်ပါတယ်..ပြန်ပြောတိုင်းလဲ"ငါ့ ရွှေမင်းသမီးကအဲလိုမျိုး" လို့ ပြောပြီတွေ့ တဲ့ ပစ္စည်းနဲ့ ကျွန်မကိုပစ်ပေါက်တတ်ပါတယ်..
ဒီလိုနဲ့ ခိုင်နဲ့ ကျွန်မဟာအတစ်ခန်းထဲအတူနေပြီးသူငယ်ချင်းလိုရော၊ညီအစ်မလိုပါရင်းနှီးလာခဲ့ပါတယ်..အတူနေတာကြာလာတော့တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာပါတယ်..ကောင်းတဲ့ အကျင့်ရောမကောင်းတဲ့ အကျင့်တွေကိုပါသိလာရတာပေါ့လေ.ခိုင်ကတော့သိပ်မကြာခင်မှာပဲကျွန်မရဲ့ ဆိုးရွားလှတဲ့ အကျင့်ကိုသိခွင့် ရခဲ့ တာပါ..အိပ်ရေးမ၀ရင်ဒေါသထွက်နေတတ်တာလေ..ဒါကိုခိုင်အလွယ်တကူပဲမြင်တတ်ခဲ့ ပါတယ်..ဒါကြောင့် ခိုင်ဟာကျွန်မအိပ်နေချိန်ဆိုညင်ညင်သာသာပဲလှုပ်ရှားတတ်ပါတယ်..တခြားလူတွေအခန်းကိုခဏတဖြုတ်လာလို့ စကားပြောရင်တောင်တိုးတိုးလေးပဲပြောတတ်ပါတယ်..သူ့ စကားသံတိုးတိုးကြောင့်ကျွန်မနိုးတတ်ပေမဲ့ ခိုင့် ရဲ့ သိတတ်မှုကြောင့် ကျွန်မစိတ်မဆိုးပါဘူး..အသာလေးပဲအိပ်ချင်ယောင်ဆောင်နေတတ်ပါတယ်..ခိုင့် ကိုကျွန်မချစ်ခင်မိတာအဲဒီအချက်ကအဓိကထင်ပါရဲ့ ..သူတစ်ပါးကိုအရမ်းငဲ့ ညာတတ်တာကိုလေ..ကျွန်မစိတ်ဆိုးမှာထက်အိပ်ရေးမ၀မှာကိုသူစိတ်ပူတတ်ပါတယ်..
ခိုင့် ရဲ့ အကျင့် ဆိုးကတော့ရုပ်ကလေးနဲ့ မလိုက်ပါဘူး..သူကစားသောက်ပြီးရင်ပန်းကန်တွေကိုချက်ချင်းမဆေးတတ်ပါဘူး.."ရွှေမင်းသမီးရေ..ရုပ်ရှင်ပြီးမှဆေးမယ်..မဆေးလိုက်နဲ့ နော်".ဆိုတာညနေတိုင်းခိုင်ရွတ်နေကျဂါထာပါ..ရုပ်ရှင်ပြီးရင်တော့သူအိပ်ချင်ပြီလေ..ဒီတော့သူကပြောပြန်ပါတယ်"ရွှေမင်းသမီးရေ..မနက်မှ" တဲ့ ..အဲဒီတော့မနေနိုင်တဲ့ ကျွန်မကပဲသူ့ ပန်းကန်တွေကိုအမြဲတမ်းသိမ်းကြုံးဆေးပေးရတဲ့ အလုပ်ကအလိုလိုနေရင်းကျွန်မတာဝန်ဖြစ်လာရပါတယ်..
ခိုင်နဲ့ ကျွန်မရဲ့ တူညီတဲ့ အချက်ကတော့ဘုရားပန်းညိုး၇င်လုံးဝမကြိုက်တာပါ......အဲဒါကြောင့်ပဲဘရားပန်းလှလှတွေ့ ရင်ဝယ်လာတတ်တာနှစ်ယောက်စလုံးရဲ့ အကျင့် ပါ..တစ်ယောက်တစ်နေရာစီသွားပြီးနှစ်ယောက်စလုံးဘုရားပန်းတွေဝယ်လာမိတတ်လို့ ဘေးအခန်းတွေလိုက်ပေးရတာလဲခဏခဏပါပဲ..အဲလိုခဏခဏဖြစ်ပေမဲ့ နှစ်ယောက်စလုံးကမပြောမဆိုဘုရားပန်းတွေ့ တိုင်းဝယ်တုန်းပါပဲ.၀ယ်တာတူနေရင်မ၀ယ်ရသေးတဲ့ သူကိုလိုက်ပေးပါတယ်..အဲဒီအကျင့် ကိုလဲပြင်ဖို့ ကျွန်မတို့ နှစ်ယောက်စလုံးမကြိုးစားပါဘူး..
နောက်ထပ်တူညီတဲ့ အချက်တွေလည်းအများကြီးရှိသလိုမတူတဲ့ အကျင့် တွေလဲရှိပါတယ်.. မတူညီတဲ့ အချက်တွေရှိကြတယ်ဆိုပေမဲ့ ခိုင်နဲ့ ကျွန်မဟာတစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေနဲ့ ပဲချစ်ခင်စွာနေလာခဲ့ တာအတော်ကြာခဲ့ ပါပြီ..ဘေးလူတွေကတောင်..ကျွန် မတို့ နှစ်ယောက်ကိုကြည့်ရတာစိတ်ချမ်းသာဖို့ ကောင်တယ်တဲ့ လေ..အဲဒီမှာစိတ်ညစ်စရာကောင်းတာတစ်ခုကတခြားအခန်းကလူတွေအားလုံးကကျွန်မကို ခရစ်ယာန်လို့ ထင်နေကြတာပါပဲ..နေလာတာတစ်နှစ်ကျော်တဲ့ အထိကျွန်မကိုဗုဒ္ဓဘာသာမှန်းမသိကြဘူးတဲ့ လေ..အဲလိုပြောရင်ကျွန်မကဘာမှပြန်မပြောချင်ပေမဲ့ ခိုင်ကအရမ်းစိတ်ဆိုးတတ်ပါတယ်..ဒီလောက်ခဏခဏဘုရားပန်းတွေလိုက်ပေးနေတာမတွေ့ ဖူးဘူးလားလို့ ပြန်မေးတတ်ပါတယ်..အဲဒီမှာသူတို့ ပြန်ပြောတတ်တာကခိုင့် အတွက်ကျွန်မကဘုရားပန်းတွေဝယ်လာထင်လို့ တဲ့ လေ..ခိုင်ဝယ်လာပြီးသားဖြစ်နေလို့ ကျွန်မကသူ့ များကိုပြန်ပေးတာတဲ့ လေ...ကျွန်မစိတ်ညစ်ညစ်နဲ့ ပဲရယ်နေပါတော့တယ်..တကယ်တော့ကျွန်မတို့ နှစ်ယောက်က၀ယ်ရင်အမြဲနှစ်ယောက်စာဝယ်နေကျပါ..
သူတို့ ကိုလဲအပြစ်မဆိုသာပါဘူး..ခိုင့် ရုပ်လေးကကြည့်လိုက်တာနဲ မြန်မာဆန်ဆန်လေးနဲ့ ဘုရားတရားရိုသေမဲ့ ရုပ်ကလေးပါ..ကျွန်မကတော့ဘာရုပ်ပေါက်နေလဲမပြောတတ်ပါဘူး....ဒါပေမဲ့ ကျွန်မသူငယ်ချင်းလေးကတော့ပြောပါရဲ့ .." ငါ့ မင်းသမီး ဒီလောက်စိတ်ကောင်းရှိတာကို "တဲ့ လေ..ဆိုင်လားတော့မသိပါဘူး..ခရစ်ယာန်ဘာသာဝင်တွေကြားရင်တော့တော်တော်စိတ်ဆိုးမဲ့ စကားပါ.ကျွန်မကရိုးသွာ့းလို့ မပြောပေမဲ့ ခိုင်ကတော့သူ့ သူငယ်ချင်းကိုဗုဒ္ဓဘာသာမဟုတ်ဘူးလို့ ပြောရင်စိတ်ဆိုးတုန်း..ပြန်ပြီးဖြေရှင်းနေတုန်းပါပဲ..
နောက်ပိုင်းမှာခိုင်နဲ့ ကျွန်မအခန်းထဲမှာသိပ်မတွေ့ ဖြစ်တော့ပါဘူး.ဘာလို့ လဲဆိုတော့အားတဲ့ အချိန်မှာခိုင်ကကွန်ပျူတာသင်တန်းတက်သလိုကျွန်မကအင်္ဂလိပ်စာသင်တန်းတက်ပါတယ်..အဲဒီတော့ကျွန်မတို့ ရဲ့ နှစ်ယောက်ကြားမှာစာရွက်အပိုင်းအစလေးတွေနဲ့ ပဲဆက်သွယ်ဖြစ်ပါတော့တယ်ကိုယ်စီအပြင်မသွားခင်စာရွက်လေးမှာပဲစာတိုလေးတွေရေးပြီးနှုတ်ဆက်ခဲ့တာ၊မှာစရာရှိတာမှာတာတွေလုပ်ဖြစ်ပါတယ်..
လူချင်းမတွေ့ဖြစ်ပေမဲ့အိပ်ရာစောစောမထတတ်တဲ့ကျန်မအတွက်ခိုင်ကမနက်စာကိုအဆင်သင့်လုပ်ထားမြဲဖြစ်သလို၊ခိုင်ဖွထားသမျှကိုကျွန်မကဒိုင်ခံရှင်းပေးမြဲပါပဲ.ကျွန်မအိပ်နေချိန်မှာခိုင်အပြင်ကပြန်လာရင်ညင်ညင်သာသာလှုပ်ရှားတတ်တဲ့ ခိုင့် အသံကိုကြားပေမဲ့ ကျွန်မကအိပ်ချင်ယောင်ဆောင်နေတတ်ဆဲပါပဲ..တစ်ခါတစ်လေတော့ရှားရှားပါးပါးကျွန်မတို့ အတူဆုံတတ်ကြပါတယ်..ညဘက်မှာဆုံ တတ်ပေမဲ့ ခိုင်ကစောစောအိပ်တတ်လို့ စကားသိပ်မပြောဖြစ်ကြပါဘူး..
ဒီလိုနဲ့ကျွန်မလဲအင်္ဂလိပ်စာသင်တန်းကသငယ်ချင်းအသစ်တွေရလာသလိုခိုင်ကလသူ့သင်တန်းမှာသူငယ်ချင်းအသစ်တွေရလာခဲ့ ပါတယ်..ကျွန်မတို့ ရှားရှားပါးပါးဆုံမိချိန်တွေမှာသင်တန်းကကြောင်းတွေလဲပြောဖြစ်ကြပါတယ်..တစ်ညမှာတော့သဲကြီးမဲကြီးတက်တင်းထိုးနေတဲ့ကျွန်မကိုခိုင်ကတားပါတယ်..ငယ်ငယ်ကတည်းကကျောင်းစာကလွှဲရင်.စာမှန်သမျှအကုန်ဖတ်လာခဲ့ တဲ့ ကျွန်မရဲ့ မျက်လုံးတွေမကောင်းမှန်းခိုင်လဲသိနေပြီလေ..မျက်မှန်တပ်ဖို့ လဲအလွန်ပျင်းတဲ့ကျွန်မအတွက်တက်တင်းထိုးတဲ့ အလုပ်ကအတော်ပင်ပန်းတာခိုင်သိလို့တားနေမှန်းကျွန်မသိပါတယ်တကယ်တော့အဲဒီအလုပ်ကိုတတ်ရုံလေသင်ပြီးအမေ့အတွက်တဘက်တထည်ပဲထိုးဖူးတာခိုင်ရော၊ကျွန်မကိုသင်ပေးတဲ့သူငယ်ချင်းရောသိပါတယ်.
ဒါပေမဲ့ အဲဒီညကခိုင်ဘာပြောပြောကျွန်မကလက်မလျှော့ပဲဆက်လုပ်တော့ခိုင်စိတ်လျှော့ပြီးအိပ်သွားပါတယ်..ကျွန်မကတော့မနက်၂နာရီလောက်မှာဘယ်လိုမှမခံနိုင်ံတော့တဲ့ အဆုံးအိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..မနက်သွားစရာရှိတဲ့ အတွက်နာရီကိုတော့မမေ့ မလျော့alarm ပေးလိုက်ပါတယ်..
နောက်တစ်နေ့  နေ့ ခင်းကျွန်မအပြင်ကပြန်လာတော့အခန်းထဲမှာခိုင်ရှိနေပါတယ်..သူတစ်ယောက်ထဲတော့မဟုတ်ပါဘူး.သူ့ သင်တန်းကသူငယ်ချင်းတစ်ယောက်လဲရှိနေပါတယ်..အရင်ကလဲနှစ်ခါလောက်လာဖူးလို့ သူ့ ကိုကျွန်မမျက်မှန်းတန်းမိနေပါတယ်..ခိုင်နဲ့ လဲအတော်ခင်ပုံရပါတယ်..
ကျွန်မကတော့ပြန်ရောက်တာနဲ့ စားပြီးအိပ်ဖို့ ပြင်ပါတယ်..ခိုင်အဆင်သင့် ချက်ထားတာကိုခူးခပ်ပြီးမြန်မြန်စား
ပါတယ်..လူမှုရေးကျမ်းကျေတဲ့ ကျွန်မကခိုင်နဲ့ သူ့ သူငယ်ချင်းကိုထမင်းစားဖို့ တောင်မခေါ်ပါဘူး..ခိုင့်အတွက်ကတော့ရိုးနေပါပြီ..ပြီးရင်အိပ်ဖို့ ပြင်နေမှန်းလဲသူသိပါတယ်..ခိုင့် သူငယ်ချင်းကတော့ဘာမှမပြောပဲအသာလေးပဲကြည့်နေပါတယ်...သူစိတ်ထဲမှာတော့အဲဒီကတည်းက ကျွန်မကိုအမှတ်တွေပေးနေလောက်ပါပြီ..စားပြီးတော့ကျွန်မအိပ်ဖို့ ပြင်ပါတယ်.ညနေလဲသွားစရာရှိသေးတော့အိပ်မှဖြစ်မယ်ဆိုတာလဲသိနေတယ်..ညကအိပ်တာနောက်ကျတာကိုး..
ကျွန်မမအိပ်ခင် ခိုင်ကိုထုံးစံအတိုင်းပြောလိုက် ပါတယ်.."ကဲ..အိပ်တော့မယ်..သိတယ်နော်.ဘာသံမှမထွက်နဲ့ .အသံကြားရင်မအိပ်တတ်ဘူး"ဒါကလဲဘာမှမရည်ရွယ်ပဲခိုင့်ကိုစလိုက်တာပါအဲဒီအချိန်မှပဲခိုင့်သူငယ်ချင်းရဲ့မျက်နှာမှာပြောင်းလဲသွားတဲ့ အရိပ်တစ်ခုကိုတော့ကျွန်မတွေ့ မိသလိုရှိပေမဲ့ အမှတ်တမဲ့ ပါပဲ..ခိုင်ကလဲအဲဒီချိန်ထိကွန်မကိုဘာမှမပြောပါဘူ..အလိုက်မသိတတ်လွန်းတာကကျွန်မပါ..ကျွန်မခုတင်ပေါ်ကစာအုပ်တစ်ချို့ကိုဘေးကစားပွဲပေါ်တင်လိုက်တယ်..ခုတင်ပေါ်ကခိုင့် ရဲ့ ဝက်ဝံရုပ်လေးကို ခိုင့် စားပွဲပေါ်လှမ်းပစ်တင်လိုက်ပါတယ်..
တကယ့်ကိုအမှတ်မထင်ပါပဲ..ကျွန်မပစ်လိုက်တဲ့ အရုပ်လေးကခိုင့် ရဲ့စားပွဲတင်နာရီလေးကိုထိပြီးနာရီလေးကျကွဲသွားပါတယ်..အသံတွေလဲကျယ်လောင်သွားခဲ့ ပါတယ်..ဘယ်လိုမှမထင်မှတ်တဲ့ ကိစ္စမို့ ကျွန်မလဲဒိအတိုင်းပဲငေးကြည့်နေမိပါတယ်..အရင်ဆုံးလှုပ်ရှားလိုက်တာကခိုင့် ရဲ့ သူငယ်ချင်းပါ..သူက သူ့ ရဲ့ ဖိုင်လေးကိုဆတ်ခနဲဆွဲယူပြီးမတ်တတ်ရပ်လိုက်ပါတယ်..ခိုင့် ကိုကြည့်ပြီး"ငါပြန်တော့မယ်" ဆိုတဲ့တစ်ခွန်းပြောပြီးလှည့်ထွက်သွားပါတယ်..အခန်းဝအရောက်မှာနောက်လှည့်ပြီးကျွန်မကိုတစ်ချက်ကြည့်သွားပေမဲ့ သူဘာမှတော့ပြောမသွားပါဘူး..
အဲဒီတော့မှကျွန်မလဲခိုင့်ကိုရှင်းပြဖို့ သတိရပါတယ်..ခိုင့် ကိုတောင်းပန်သလိုလှညကြည့်တဲ့အချိန်မှာ" ၀တ်မှုန် နင်ဘယ်လိုလုပ်လိုက်တာလဲ..အရမ်းရှက်ဖို့ ကောင်းတာပဲ." ဆိုတဲ့အသံနဲ့ အတူကျွန်မကိုအထင်သေးစိတ်ပျက်တဲ့အကြည့်နဲ့ ကြည့်နေတဲ့ခိုင့်ကိုတွေ့ လိုက်ပါတယ်...ကျွန်မအရမ်းစိတ်မကောင်းဖြစ်သွားမိတယ်..ခိုင့်ကိုသူ့ သူငယ်ချင်းဆီမှာအရှက်ရစေခဲ့တဲ့အတွက်လည်းအရမ်းစိတ်မကောင်းဖြစ်မိသလို..ခိုင်ကျွန်မကိုအထင်သေးစိတ်ပျက်သွားတာကိုလည်းရှက်ရွံ့ သိမ်ငယ်စွာခံစားလိုက်ရပါတယ်..နေရာမှာရပ်နေရင်းကျွန်မနှလုံးသားတွေ shock ရသွားသလိုပါပဲ..ကျွန်မတမင်လုပ်တာမဟုတ်ပါဘူးဆိုတာကိုပြောချင်ပေမဲ့ ကျွန်မနှုတ်ခမ်းကဘာသံမှထွက်မလာတော့ပါဘူး..ခိုင်နဲ့ကျွန်မခင်မင်ပြီးနောက်ပိုင်းသူကျွန်မနာမည်ကိုခေါ်တာပထမဆုံးကြားဖူးခြင်းဖြစ်သလို၊ဒီလိုအကြည့်မျိုးကိုလည်းခိုင့်ဆီကရလိမ့်
မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ခဲ့ ဖူးပါ...
ခဏလေးအတွင်းမှာပဲခိုင်ဟာကျွန်မမျက်နှာပေါ်ကအရိပ်တွေကိုဖတ်လိုက်နိုင်ပုံရပါတယ်..ကျွန်မရဲ့ ရှက်ရွံ့ နာကျင်မှုအတိုင်းအတာကိုလည်းသူဟာသိသွားခဲ့ ပုံပါရတယ်..ခိုင့်မျက်နှာပေါ်မှာနောင်တတွေကိုကျွန်မမြင်နေရတယ်..သူဟာကျွန်မရဲ့ မျက်နှာကိုကောင်းစွာဖတ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ပဲလေ..ခိုင့် ရဲ့ ပြောင်းလဲသွားတဲ့ မျက်နှာကိုမြင်နေရတဲ့ အထိဝမ်းနည်းနာကျင်မှုတွေရုပ်သိမ်းလို့ မရနိုင်သေးတာကကျွန်မပါ...အဲဒီညနေကကျွန်မလဲဘယ်မှမသွားဖြစ်တော့သလိုခိုင်လဲဘယ်မှမသွားပါဘူး..ကျွန်မတို့ နှစ်ယောက်စလုံးအခန်းထဲမှာရှိရဲ့ သားနဲ့ အခန်းဟာအလွန်ကိုငြိမ်သက်နေခဲ့ ပါတော့တယ်...
ခိုင့်ဆီကအဲလိုတုံ့ ပြန်မှုမျိုးကိုကျွန်မ မထင်မှတ်ထားသလို၊ကျွန်မဒီလောက်ထိဝမ်းနည်းထိရှသွားမယ်လို့လဲခိုင်ထင်ထားလိမ့်မည်မဟုတ်ပေ..ခိုင်ဟာသူ့ အမှားမဟုတ်ပေမဲ့ (တကယ်ကိုသူ့ ဘက်ကမလွန်ခဲ့ တာတော့အမှန်ပါ)နောင်တတွေရနေတာသူ့မျက်နှာမှာကျွန်မမြင်နေရတာပါပဲ..ခိုင်ဟာအနေရအထိုင်ရခက်စွာဘာလုပ်ရမှန်းမသိဖြစ်နေတာလဲကျွန်မသိပါတယ်..ဒါပေမဲ့ "အဲလောက်စိတ်ပူမနေပါနဲ့ ခိုင်..ငါဘာမှမဖြစ်ပါဘူး"လို့ လဲ ကျွန်မဟန်ဆောင်ပြီးမပြောနိုင်ခဲ့ ပါဘူး. တကယ်တော့ဒီကိစ္စဟာကျွန်မရဲ့ ဆိုးရွားလှတဲ့ အကျင့်ဆိုးတစ်ခုကနေစတင်ခဲ့ တာပါ..အိပ်ရေးပျက်ရင်ဘာမှမစဉ်းစားမဆင်ခြင်တတ်တော့တဲ့ အကျင့် ဆိုးကြောင့်သာဖြစ်ခဲ့ ရတာပါ..
.
အဲဒီနောက်ပိုင်းကျွန်မတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာသိသိသာသာငြိမ်သက်နေပါတော့တယ်..ကျွန်မတို့ ရဲ့ လှုပ်ရှားမှုတိုင်းဟာမလွတ်လပ်တော့သလိုပါပဲ..ကျွန်မကလည်းထိုကဲ့ သောအမှားမျိုးကိုနောက်ထပ်ကျူးလွန်မိမှာအလွန်းစိုးရိမ်စွာနဲ့ သတိထားနေမိသလို၊ခိုင်ကလည်းကျွန်မကိုနာကျင်စေမဲ့ အပြုအမူမျိုးဖြစ်သွားမှာကိုစိုးရိမ်စွာသတိထားနေတဲ့ ပုံပါ...ဘယ်သူကမှလဲဘာမှရှင်းပြပြောဆိုခြင်းမရှိဘဲနှစ်ယောက်စလုံးကနောက်ထပ်အမှားကျူးလွန်မှာကိုကြောက်နေမိသလိုတွန့် ဆုတ်နေမိပါတယ်..
အဲဒီအချိန်မှာနောက်ထပ်မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကတော့ကျွန်မခရီးရှည်ထွက်ဖို့ ကိစ္စကြုံလာတာပါပဲ..ကျွန်မဒီခရီးစဉ်ကိုလွန်ခဲ့ တဲ့ တစ်လလောက်ကတည်းကစီစဉ်ထားခဲ့ တာဆိုပေမဲ့ ဒီလောက်မြန်မယ်လို့ တော့မထင်ခဲ့ မိပါ..သွားရမယ်လို့ သိရပြန်တော့လဲအချိန်ကဘာမှမရှိေ တာ့..စီစဉ်စရာများကိုအမြန်ဆုံးစီစဉ်ပြီးကျွန်မခရိးထွက်ဖို့ ပြင်ဆင်ရပါတယ်..ခိုင့်ကိုတော့မသွားခင်တစ်ရက်အလိုမှာစာတိုလေးတစ်စောင်အခန်းထဲမှာချန်ပြီးကျွန်မအသိပေးခဲ့ ပါတယ်..ဒီရက်ပိုင်းတွေမှာကျွန်မတို့ အခန်းထဲမှာအတူရှိချိန်ကပိုနည်းနေသလိုပါပဲ..နှစ်ယောက်သားအလုပ်ရှုပ်ချိန်တွေပဲတူလို့ လားမပြောတတ်ပါ...
ကျွန်မရဲ့ ခရီးစဉ်ကညနေ၃နာရီဆိုပေမဲ့ မနက်၁၀ နာရီကတည်းကကျွန်မအခန်းလေးကထွက်လာဖြစ်ရပါတယ်..ကျွန်မမိသားစုတွေကလည်းနယ်ကနေေ၇ာက်နေကြတယ်ဆိုတော့သူတို့ တည်းခိုတဲ့ နေရာကနေပဲကျွန်မသွားရမှာလေ..အဲဒီနေ့ ကခိုင်ကလည်းအခန်းထဲမှာရှိနေပါတယ်..အလုပ်ရှိမရှိသင်တန်းရှိမရှိတော့မသိပါဘူး..ကျွန်မအိပ်ရာထချိန်မှာတော့မနက်စာကအဆင့် သင့်ပါပဲ..သူကျွန်မအနားမှာထိုင်နေပေမဲ့ ဘာစကားမှတော့သူ့ ဆီကထွက်မလာပါဘူး..ငြိမ်သက်နေတာအတော်ကြာပြီဖြစ်တဲ့ ကျွန်မတို့ အခန်းကအဲဒီနေ့ မှာပိုတိတ်ဆိတ်နေသလိုပါပဲ..
ခိုင်ပြင်ပေးထားတဲ့ မနက်စာကိုကျွန်မအကုန်စားခဲ့ သလားမစားခဲ့ သလားမသိပါ..မနက် ၁၀နာရီထိုးခါနီးမှာအခန်း
လေးထဲကထွက်ဖို့ ပြင်ရပါတယ်..မသွားခင်မှာခိုင့် ကိုကျွန်မလက်ဆောင်လေးတစ်ခုပေးပါတယ်.." ခိုင်..တကယ်တော့နင့် မွေးနေ့ ရောက်မှစာတိုက်ကနေပို့ ပြီးနင့် ကိုစမလို့ ပါ..ခုတော့နင့် မွေးနေ့ မရောက်ခင်ငါ ကခရီးထွက်ရတော့မယ်ဆိုတော့ကြိုပေးခဲ့ မယ်ဟာ..ဒီအရောင်ကိုငါမကြိုက်ပေမဲ့ နင်ကြိုက်တဲ့ အရောင်မို့ လို့ ငါရွေးခဲ့ တာ..ငါ့ လက်ရာကသိပ်တော့မသေသပ်ဘူးခိုင်"..ကျွန်မထုတ်ပေးတဲ့ တက်တင်းအင်္ကျီအစိမ်းရောင်နုနုကိုခိုင်လှမ်းယူလိုက်ပုံကအိပ်မက်မက်နေသူတစ်ယောက်လိုပါပဲ..
ကျွန်မကိုစကားပြောဖို့ ကြိုးစားနေတဲ့ ခိုင့် ကိုကျွန်မမကြည့်ရက်အောင်ပါပဲ..ဒီလက်ဆောင်ကိုပေးဖြစ်အောင်ပေးတာကလည်းခိုင့် ကိုခံစားစေဖို့ မရည်ရွယ်တာအမှန်ပါ..စကတည်းကခိုင့် အတွက်ရည်ရွယ်ပြီးကျွန်မထိုးခဲ့ တာမို့ လို့ ပါ..ခိုင့် ကိုနှစ်သိမ့် ချင်ပေမဲ့ ကျွန်မကိုယ်တိုင်ကလည်းဘာအင်အားမှမရှိတော့ပါဘူး..ဘာမှသိပ်မကြီးကျယ်တဲ့ ပြဿနာလေးကနေကျွန်မတို့ ရဲ့ အခန်းလေးကိုခြောက်သွေ့ မှုကိုစတင်စေခဲ့ တယ်..ခုတော့ဘယ်တော့ဆုးံမယ်မှန်းမသိတဲ့ ခရီးရှည်ကိုကျွန်မထွက်ရတော့မယ်..ကျွန်မတို့ ရဲ့ နှုတ်ဆက်ချိန်ကိုဒီလိုမျိုးဖြစ် လိမ့် မယ်လို့ ကျွန်မမမျှော်လင့် ခဲ့ ပါ....ခိုင့် ကိုပြောချင်တာတွေအများကြီးရှိပေမဲ့ စကားတွေကထွက်မလာပါဘူး..စကားတစ်ခွန်းကိုတော့ကျွန်မကြိုးစားပြီးပြောခဲ့ ပါတယ်..
" ခိုင်..ငါ့ ရဲ့ သူငယ်ချင်းကောင်းအဖြစ်ရှိနေပေးလို့ ကျေးဇူးပါ..အမြဲတမ်းနင်ဟာငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ"..
ခုတော့ကျွန်မခရီးရှည်ကိုထွက်လာခဲ့ ပါပြီ..ကျွန်မကိုရွှေမင်းသမီးလို့..ခေါ်တတ်တဲ့ ကျွန်မရဲ့ သူငယ်ချင်းကတော့အခန်းထဲမှာတစ်ယောက်ထဲပေါ့..ကျွန်မသိနေပါတယ်..သူကျွန်မကိုသတိရနေမယ်ဆိုတာ..ဘယ်လိုအကျင့်
ဆိုးတွေပဲရှိရှိ၊ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ ပေါ့..ခိုင်ဆိုတာကျွန်မကိုအမြဲနားလည်တတ်ခဲ့ တဲ့ သူငယ်ချင်းပဲလေ..
သူငယ်ချင်းကောင်းနဲ့ သွားရတဲ့ ခရီးဟာစိတ်အချရဆုံး၊အလုံခြုံဆုံးခရီးတစ်ခုတဲ့ ..ဒါဆိုကျွန်မလဲလုံခြုံစိတ်ချရတဲ့ 
ခရီးတစ်ခုကိုသွားခဲ့ ဖူးပါတယ်..အဲဒီအတွက်လဲခိုင့် ကိုကျေးဇူးတင်ကြောင်းထပ်ပြောချင်ပါသေးတယ်..ကျွန်မတို့ ပြန်တွေ့ တဲ့ 
တစ်နေ့ ကျရင်ပေါ့..

နှင်းမှုန်ရည် ( တောင်ကြီး )


ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

တရားဦး

ဦးကြီးမောင်၏ ဗုဒ္ဓစာပေဆိုင်ရာကျမ်းဂန်များကို အခြေခံ၍
ကိုယ်ပိုင်စိတ်ကူး ခံစားချက်ဖြင့် ရေးဖွဲ့ခဲ့သည်ဆိုသော
`ဗုဒ္ဓစာပန်းချီ´စာစုများစွာမှ `တရားဦး´ အမည်ရ ပန်းချီကားတစ်ချပ်အား
ကမ္ဘာသစ်မှ သူငယ်ချင်းများအားလုံး ဖတ်ရှုခံစားနိုင်စေဖို့
မျှဝေပေးလိုက်ပါတယ်


...မိုးရာသီပင်ဖြစ်သော်လည်း ကောင်းကင်တွင် မြူတိမ်ကင်းစင်လျက်ရှိ၏။ မိုးရာသီပန်းတို့ကလည်း အစွမ်းကုန်လန်းပွင့်နေကြဟန်ရှိသည်။ လေမိုးကင်းကွာ ဥတုသာယာလျက်ရှိသောကြောင့်
သမင်ကလေးတို့လည်း ပြေးခုန်မြူးတူးလျက်ရှိကြသည်။

...မိဂဒါဝုန်တောသည် ယနေ့အဖို့ အခါတိုင်းနေ့များထက် သာယောင့်သာယာရှိလှပါဘိသည်။
...ရသေ့တို့သည် ကမ္မဋ္ဌာန်းကျောင်းမှ ထွက်ကြသည့်အချိန်အခါတိုင်း
ညနေခင်းများမှာဆိုလျှင်
သတ်မှတ်ထားသောနေရာ၌ တွေ့ဆုံကြမြဲ၊
မိမိတို့အားထုတ်ခဲ့သော တရားဓမ္မကို ဆွေးနွေးကြမြဲ၊ ကိုယ်ရေးကိုယ်တာ
သာကြောင်း နာကြောင်း ကျန်းမာရေးအခြေအနေကို မေးမြန်းကြမြဲဖြစ်သည်။
...လွန်ခဲ့သောတစ်ရက် နှစ်ရက်ခန့်ကမူ မိုးမစဲသောကြောင့် မတွေ့ဆုံ
မဆွေးနွေးနိုင်ခဲ့ကြ။
ကိုယ့်သင်္ခမ်းနှင့်ကိုယ်သာ တရားအာရုံတွင် ထုံ၍နေကြရသည်။
ဤသည်မှာ မိုးရာသီတွင် ဖြစ်မြဲဓမ္မတာတည်း။
...ယနေ့ကား ရာသီဥတု အထူးသာယာလှ၏။ မိဂဒါဝုန် ရဂုံမြိုင်တွင်း တောလုံးလင်းလျက်ပင်ရှိပေရာ
တစ်နေ့လုံး အားထုတ်ခဲ့သော ကမ္မဋ္ဌာန်းအာရုံမှ ထတော်မူကြသည့်
ညနေစောင်းအချိန်တွင် သတ်မှတ်ထားသော
တွေ့ဆုံဆွေးနွေးရာ ညောင်ပင်ရင်းသို့ တစ်ပါးပြီးတစ်ပါး ကြွလာကြကုန်၏။
...`ငါ့ရှင်တို့...ယနေ့ ငါတို့၏ မိဂဒါဝုန်သည် ခါတိုင်းနှင့်မတူ သာယာလှပေသည်´
ဟု ကောဏ္ဍည ရသေ့ကြီးက ပဋိသန္ဓာရစကား စတင်မိန့်ကြားသည်။
...`မှန်ပါသည်အရှင်...
ဥတုသာယာသဖြင့် သိဒ္ဓတ္ထကုမာရကို သတိရတော့သည်။´ ဟု ရသေ့တစ်ပါးက
ပြန်လည်လျှောက်ထားသည်။ သတိရတန်ပေသည်ပင်။ ရာသီဥတုသာယာသောအခါများ၌
မေတ္တာရှေးရှုသူတို့အား သတိရတတ်ခြင်းသည် လူသတ္တ၀ါတို့၏ ဓလေ့ထုံးစံမဟုတ်ပါလော။
ဥတုသည် လူနှင့်လူ၏စိတ်ဓါတ်ကို ပြုပြင်အပ်သောအကြောင်းတစ်ရပ် မဟုတ်ပါလော။
သိဒ္ဓတ္ထကုမာရတည်းဟူသော ဦးတည်ချက်ဖြင့်ပင် သူတို့သည် မိဂဒါဝုန်သို့ တောထွက်ခဲ့ကြခြင်း
မဟုတ်ပါလော။ ထိုမျှသာမဟုတ် သိဒ္ဓတ္ထကုမာရသည်
ထိုအရှင်တို့နှင့် ၆ နှစ်တိုင်တိုင် အေးအတူ ပူအမျှ အရိုးကျေကျေ
အရေခန်းခန်း တရားအားထုတ်ဖော် အားထုတ်ဖက်လည်း မဟုတ်ပါလော။
...`သတိရသည်ကား ဟုတ်ပါ၏။ သို့ရာတွင် သိဒ္ဓတ္ထကုမာရသည် သေနနိဂုံးဖြင့်
ယစ်မူးလျက်ရှိသည်ကား ခက်လှတော့သည်´ ဟု အခြားရသေ့တစ်ပါးက
အမိန့်ရှိလိုက်သည်။
...ထီးနန်းစည်းစိမ်ကိုစွန့်ခဲ့သော သိဒ္ဓတ္ထကုမာရသည် ပဌမသော် အနော်မာကိုဖြတ်၍ နောင်သော် မိဂဒါဝုန်သို့
ဝင်ခဲ့သည်။ မိဂဒါဝုန်တွင် ရသေ့တို့ထံဝင်၍ တရားနည်းနာယူသည်။ ထို့နောက်
ရသေ့တို့ ဓမ္မလမ်းစဉ်အတိုင်း အရိုးပေါ် အရေကျန်မျှ ၊ ၀မ်းရေသည်
ကျောရိုးနှင့်ထိမျှ၊ ပြည့်ဖြိုးလှပသောဦးခေါင်းသည်
နေလှန်းအပ်သောဗူးသီးနှယ်မျှ၊ ကြည်ဝင်းသော မျက်လုံးတို့သည်
ရေတွင်းတွင် မြင်ရသောကြယ်များတစ်မျှ၊
ပြေပြစ်သောအရိုးတို့သည် တောင်သူတို့စွန့်ပစ်အပ်သော တဲပျက်မျှ ဖြစ်ကျန်ထိ
မလျော့သော လုံ့လဖြင့် အားသစ်ခဲ့သည်။
...သို့ရာတွင် ခြောက်နှစ်တိုင်မျှ အားထုတ်လျက် လိုအပ်သော နိဗ္ဗူတဓမ္မသည်
ရေးရေးမျှ မထင်လာသောအခါ ရသေ့တို့လမ်းစဉ်ကို စွန့်ခွာလျက် သေနနိဂုံးတွင်
ဆွမ်းခံ၍ ခန္ဓာကိုယ်ကို မျှစေကာ ကိုယ်ပိုင်လမ်းစဉ်ကို တီထွင်ခြင်းဖြင့်
နိဗ္ဗူတဓမ္မကိုရှာသည်။ ဤသည်ကို ရသေ့တို့သိ၍ အပြင်းအထန် ခြိုးခြံစွာကျင့်လျက်
တရားမရပါသည်ကို အာဟာရတွင် ယစ်မူးလျက် တရားရှာခြင်းဖြင့် အဘယ်ပုံရနိုင်ပါအံ့နည်းဟု
ရသေ့တို့ ရှုတ်ချပြောဆိုခြင်းဖြစ်သည်။
...သို့ရာတွင် အကြီးအကဲဖြစ်သော ကောဏ္ဍည ရသေ့ကြီးကမူ `
ငါ့ရှင်တို့...သိဒ္ဓတ္ထကုမာရသည် သေနနိဂုံးမှ အစာအာဟာရတို့ဖြင့်
ယစ်မူးသည်ပင်ဖြစ်စေ၊ ဘုရားဖြစ်ရမည့်သူကား အမှန်ပင်ဖြစ်ပေသည်။
ငါတို့သည် အချိန်အခါကိုသာ စောင့်ကြရဖို့ ရှိသည်´ ...ဟု နှိုင်းနှိုင်းဆဆ မိန့်တော်မူသည်။
ထိုအခိုက်ရသေ့တစ်ပါးက ...
` အရှင်ဘုရားတို့... သိဒ္ဓတ္ထကုမာရသည် ပြောတွင်းဆိုတွင်း၌ပင် ငါတို့ထံသို့ လာနေချေပြန်ချေပြီ။
ရှုကြကုန်လော့´...
ဟုဆိုကာ ရှေ့တူရှုသို့ လက်ဆန့်တန်း၍ ပြသည်။
...ရသေ့တို့သည် အံ့အားသင့်ဟန်ဖြင့် ညွှန်ပြရာသို့ တစ်ပြိုက်နက် ရှုကြည့်ကြ၏။
ဇရာထောင်းလျက်ရှိပြီဖြစ်သော
ကောဏ္ဍည ရသေ့ကြီးကမူ မျက်စိကိုမှုန်၍ မျက်လုံးတို့တွင် လက်ဖြင့်ကာ၍ ကြည့်သည်။
...မှန်၏။ ဗုဒ္ဓသည် ကျေးဇူးရှင် ရသေ့ငါးဦးတို့ စုဝေးရာသို့ ရှေးရှုလာလျက် ရှိနေချေပြီ။
...အရှင်ဘုရားတို့...သိဒ္ဓတ္ထကုမာရသည် ငါတို့ထံသို့ နှောက်ယှက်ရန် လာပြန်ချေပြီ။ အရိုးကျေကျေ အရေခန်းခန်း
ခြောက်နှစ်တို့ပတ်လုံး အားထုတ်လျက်နှင့်ပင် တရားမရပါဘဲလျက် ဆွမ်းခံစားမှုလောလုပ္ပတဏှာနောက်သို့
လိုက်ခြင်းဖြင့် အဘယ်ပုံတရားထူး ရနိုင်စကောင်းအံ့နည်း။
“ ရှု့လော့ အရှင်တို့။ ။ သိဒ္ဓတ္ထကုမာရသည် ခန္ဓာကိုယ်၏အလိုသို့ လိုက်သောကြောင့်
သူ့အရည်အဆင်းသည်
ကြည်လင်လျက်ပင် ရှိနေပေပြီ။ ယခင်ကကဲ့သို့ပင် ငါတို့က ဖက်လှဲတကင်း အရေးတယူပြုနေလျှင်
သိဒ္ဓတ္ထကုမာရသည် မိမိအလုပ်ကို အဟုတ်ကြီးထင်၍ ယစ်မူးမြဲ ယစ်မူးနေချေတော့အံ့။”
“ထို့ကြောင့် သိဒ္ဓတ္ထကုမာရသတိသံဝေဂရစိမ့်သောငှါ၊ ငါတို့က အရေးတယူ မလုပ်ကြစတမ်း၊
ခပ်တည်တည် ခပ်တန်းတန်းနေကြစတမ်း၊ဧည့်ဝတ်ထုံးတမ်း သင်္ကန်းသပိတ်ကိုမျှ မလှမ်းမယူကြစတမ်း” ဟု
ရသေ့တစ်ပါးက အဆိုပြုလိုက်ရာ ထိုအဆိုမှာ သိဒ္ဓတ္ထကုမာရအကျိုးအတွက်
နည်းလမ်းကျလှသည်ဟု ယူဆသောကြောင့် သဘောတူလိုက်ကြသည်။
…ကောဏ္ဍည ရသေ့ကြီးအဖို့မူ
နန်းတော်၌ကပင်သံယောဇဉ် မကင်းခဲ့သူဖြစ်သောကြောင့် သဘောပင် မတူလှစေကာမူ
အများဆန္ဒဖြစ်၍
ခပ်မဆိပ်နေတော်မူလိုက်ရချေသည်။

…ပြောတွင်းဆိုတွင်း၌ပင် ဗုဒ္ဓသည်
ပဉ္စ၀၀္ဂီတို့ အနီးသို့ ချဉ်းကပ်ခဲ့မိပေပြီ။
…ရှု့လော့။ ။ သိဒ္ဓတ္ထကုမာရ၏ အဆင်းသည် ယခင်နှင့်လုံးဝမတူ။
ကြည်ဝင်းသန့်စင်လှ၏။ ကာယိနြေ္ဒသည် ရင့်ကျက် နက်ရှိုင်းလှ၏။
…ဗုဒ္ဓ၏ အတုမရှိသော မဟာဂရုဏာတော်နှင့်
မေတ္တာဓါတ်သည် ပဉ္စ၀ဂ္ဂီတို့အား လွှမ်းခြုံရစ်ပတ်မိချေပြီတကား။
...ထို့ကြောင့် ယခုကလေးတွင်ပင် မိမိတို့ထားခဲ့သော ကတိက၀တ်ကို အားလုံးပင်
မေ့လျော့သွားကြကာ သပိတ်ကိုလှမ်းယူသူကယူသည်။
သင်္ကန်းကို လက်ကမ်းသူကကမ်းသည်။
ကျန်းမာရေးမေးသူကမေးသည်။


...ဗုဒ္ဓသည် ရသေ့တို့၏ ပြုမူချက်ကို ရင့်ကျက်သော အိနြေ္ဒဖြင့် ခံယူတော်မူ၍
အနီးရှိညောင်ပင်ခြေရင်းမှ သဘာဝ၏ ခင်းကျင်းအပ်သောနေရာတွင်
ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက်
“ ငါ၏ချစ်သား ရဟန်းများတို့...” ဟု အာလုပ်စကားစတင်မိန့်ကြားတော်မူသည်။
ဗုဒ္ဓ၏ ထိုအာလုပ်သံသည် ထူးခြားလှပေ၏။ သိဒ္ဓတ္ထကုမာရ၏ ပင်ကိုယ်သံ မဟုတ်ပေ။
ထိုအသံ၏ ထူးခြားချက်၊ အဓိပ္ပါယ်ပြည့်ဝချက်ကို ရှေးဦးစွာ သိသူကား
ကောဏ္ဍည ရသေ့ကြီးပင်ဖြစ်ပေ၏။ သူကား သိဒ္ဓတ္ထကုမာရအား “ ဘုရားစင်စစ် ဧကန်ဖြစ်အံ့”
ဟူသော ဧကန်ဧက စကားဖြင့် ပြောကြားခဲ့သော ပညာအစွမ်းထက်လှသူ မဟုတ်ပါလော။
...ဘုရားရှင်တို့၏ အသံတော်ဟူသည် လူသာမန်တို့ကဲ့သို့ ဖြစ်ဆန်းကာမျှ မဟုတ်။
ပီသခြင်း၊ နက်ရှိုင်းခြင်း၊ ကြည်လင်ခြင်း၊ သိလွယ်ခြင်း၊ ပဲ့တင်ခြင်း စသော
အင်္ဂါရှစ်ပါးနှင့် ပြည့်စုံရသည်။
သိဒ္ဓတ္ထကုမာရသည်ကား ဧကန္တ တရားထူးရလာချေပြီတမုံ့ဟု
ကောဏ္ဍည၏ နှလုံး၌ သိမ်းပိုက်လိုက်မိသည်။


...ထို့ကြောင့် သူ၏ဒူးသည် အလိုလိုညွှတ်ကွေး၍ ဗုဒ္ဓ၏ ရှေ့တော်တွင် အရိုအသေပြုရင်း
ထိုင်မိလျက်သားဖြစ်သွားရသည်။ ကောဏ္ဍည ဦးညွှတ်သော် ကျန်ရသေ့လေးပါးတို့အဖို့
အရင်းလဲ၍ အဖျားထင်းဖြစ်ကြရတော့သည်။ ထိုအချိန်တွင် အနောက်လောကဓာတ်တွင်
နေလုံးသည် တစ်ဝက်ဝင်ဆဲဖြစ်၏။ အရှေ့လောကဓာတ်မှ လ၀န်းသည်
တစ်ဝက်ထွက်ဆဲဖြစ်၏။ မိဂဒါဝုန်တောသည် နေရောင်နှင့်လရောင်တို့ ပေါင်းစပ်၍
ပတ္တမြားရည် တစ်ဖိတ်ဖိတ် ဖြန်းပက်ထားဘိသို့ ရှိသည်။ သဘာဝသည် ဗုဒ္ဓ၏အလိုတော်ကို
သိသကဲ့သို့ ဆိတ်ငြိမ်လျက်ရှိ၏။

...ထိုအချိန်တွင်
ဗုဒ္ဓသည် လက်တော်နှစ်ချောင်းကိုထောင်ကာ ပဉ္စ၀ဂ္ဂီတို့အား
ဆက်လက်မိန့်ကြားတော်မူလေသည်။ “
ရဟန်းတို့...အယုတ်တရား၊ အလွန်တရား နှစ်ပါးကို မမှီဝဲအပ်၊ မပြုလုပ်အပ်ပေ။
ထိုအယုတ်တရား၊ အလွန်တရားနှစ်ပါးဟူသည်ကား ကာမဂုဏ်၌သာ ကပ်ငြိတွယ်တာ
လိုက်စားခြင်းတစ်ပါး။ မိမိခန္ဓာကိုယ်နှင့် စိတ်ကိုပင်ပန်း
ဆင်းရဲအောင် ပြုလုပ်ခြင်းတစ်ပါး၊
ယင်းနှစ်ပါးသည် ပညာမျက်စိမရှိသော လူသာမန်တို့၏ အကျင့်ဖြစ်သည်။ စင်ကြယ်သန့်ရှင်းမြင့်မြတ်သော
အကျင့်မဟုတ်။ သူတော်စင်တို့ လိုက်နာပြုလုပ်အပ်သော အကျင့်မဟုတ်။
“ ကာမချမ်းသာ ခံစားမှုနောက်သို့လည်းမလိုက်၊ ခန္ဓာကိုယ်ကို အလွန်ညှင်းဆဲသော
လမ်းစဉ်နောက်သို့လည်းမလိုက်ဘဲ
အလယ်အလတ်ကျကျ ကျင့်ကြံလိုက်နာရသော လမ်းစဉ်သည်သာ
ဘုရားရှင်တို့ လမ်းစဉ်ဖြစ်သည်။

...“ ထိုလမ်းစဉ်၏ လုပ်ငန်းများသည်ကား ...
(၁) ကောင်းစွာ မြင်ခြင်း၊ (၂) ကောင်းစွာ ကြံခြင်း (၃) ကောင်းစွာ ပြောဆိုခြင်း
(၄) ကောင်းစွာ ပြုလုပ်ခြင်း (၅) ကောင်းစွာ အသက်မွေးခြင်း (၆) ကောင်းစွာ အားထုတ်ခြင်း
(၇) ကောင်းစွာ အောက်မေ့ခြင်း (၈) ကောင်းစွာ တည်ကြည်ခြင်းဟု ဆိုအပ်သော မဂ္ဂင်ရှစ်ပါးတည်း...”
စသည်ဖြင့် ဟောတော်မူသည်။
...ထိုဒေသနာတော်သည်ကား ဗုဒ္ဓ၏ ဦးစွာ ပဌမ ပရိသတ်အား မြွက်ဖော် ဟောကြားတော်မူသော
ဓမ္မစကြာ ဒေသနာတော်ဖြစ်သတည်း။....

...ဗုဒ္ဓ၏ နေ့မြတ် (၇)နေ့ လင်္ကာလေးကိုလည်း ကမ္ဘာသစ်သူငယ်ချင်းများ
ကြည်ညိုပူဇော်လို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်...

*** သန္ဓေယူသောနေ့...
...သုံးလူရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြ၀ဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊
ကြွက်မင်းနေ့ဝယ်၊

ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့၊ ကိန်းပါကို။
*** ဖွားတော်မူသောနေ့...
..သန္ဓေယူကာ၊
ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊
လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
နတ်လူအောင်မြို့ လမ်းပါကို။
*** တောထွက်တော်မူသောနေ့...
...ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊
ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊
လေးမျိုးနမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊
ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်၊ ခန်းမှာကို။
*** ဘုရားဖြစ်တော်မူသောနေ့...
...တောင်ရပ်မြိုင်ပေါ်၊
ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ေ၇ွှညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊
မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို အရှင်းပယ်ဖျောက်၊
အလင်းပေါက်က ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဘော်လူတို့ ငြိမ်းဖွယ်ကို။
*** ဓမ္မစကြာတရားဟောသောနေ့...
...ဘုရားဖြစ်ကာ၊
မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ စုံအညီနှင့်၊
မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊
ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊
ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။
*** ပရိနိဗ္ဗာန် စံတော်မူသောနေ့...
...တရားနတ်စည်၊
ဆော်ရွမ်းလည်ကာ၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊
ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊
ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊
ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စုံနှိုင်းမယုတ်၊
ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊
ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှန်းဆူ သောင်းလုံး ကျော်တယ်ကို။
*** တေဇောဓာတ် လောင်သောနေ့...
...နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊
လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဥာဏ်စက်၊
ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက် ကော်ရော်၊ မီးပူဇော်သည်၊ မွေတော် ရှစ်စိတ်၊ ကြွင်းတယ်ကို။
*** ရှစ်ခိုးဆုတောင်း...
...ထိုခုနှစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊
သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ အထွတ်ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊
သုံးပါးမွန်စွာ၊ ၀န္ဒာနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှစ်ခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်...
...ဗုဒ္ဓသာသနာတော်ကြီး တည့်တန့်ပြန့်ပွားပါစေ...
မေတ္တာဖြင့်...



ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

ယုံကြည်ခြင်းတံခါးဝမှာ

ယုံကြည်ခြင်းတံခါးဝမှာ ....


( ၁ )
လှုပ်နှိုးလိုက်တာကတော့
ခပ်ဖွဖွလေးပါ ....
ဒါပေမဲ့
ကမ္ဘာတစ်ခုပျက်သွားဖို့ လုံလောက်တယ် ... ။
( ကင်မ် )

( ၂ )
သူစိတ်စောစွာနဲ့နာရီကိုငုံ့ကြည့်လိုက်သည် ။
နောက်မိနစ်ပိုင်းအတွင်းဆို သူပြင်းပြစွာ တွေ့ချင်တဲ့လူတစ်ယောက်နဲ့
တကယ်ပဲတွေ့ရတော့မည် ။ တွေးကြည့်လိုက်ရုံနဲ့ကို သူ့နှလုံးသားက
ချက်ချင်းပူနွေးလို့လာသည် ။ အော် .. လွမ်းလိုက်ရတာ ကင်မ် ရယ် ... ငါတို့နှစ်ယောက်ခွဲခဲ့ရတာတောင်ကြာပေါ့ ... ။
သူလေယာဉ်ပေါ်ကဆင်းဆင်းချင်းမှာပဲ
အပူငွေ့တို့ကသူ့တစ်ကိုယ်လုံးကိုလာဟပ်သည် ။ မန္တလေးသားဖြစ်တဲ့ သူတောင်
ဒူဘိုင်းရဲ့အပူဒဏ်ကို အတော်ဖျားသွားသည် ။ သို့သော်
သူဒီကိုရောက်လာဖို့ဘာကိုမှမမှုအားပါ ။ သူတကယ်တမ်းသွားချင်တာက စင်္ကာပူ
ဖြစ်သော်လည်း သူ့နှလုံးသားက ဒူဘိုင်းမှာသာရှိလေသည်
။သူ့ပစ္စည်းတွေကိုနေရာချထားပြီးတာနဲ့ ကင့်မ်အမေ ထည့်ပေးလိုက်သော
စားစရာများကို သယ်ပြီး ကင်မ့်ဆီသို့ချက်ချင်းထွက်လာခဲ့လိုက်သည် ။
သူ့အတွေးထဲမှာတော့ ဝမ်းသာပျော်ရွှင်သွားမည့် ကင့်မ် မျက်နှာလေးကို
မြင်ယောင်ရင်း ကြည်နူးနေမိသည် ။
( ၃ )
တသက်တာ ဖက်တွယ်ထားကြဖို့

အကြောင်းတရားတွေ မညီညွတ်ကြပေမဲ့
လွဲသွားတဲ့ ညနေခင်းလေးကိုမှ
ငါက စွဲလမ်းခဲ့မိတာ ... ။
( ကင်မ် )
( ၄ )
တကယ်တမ်း သူမျှော်လင့်ထားသလို ကင့်မ်မျက်နှာမှာ
ထူးထူးခြားခြားဘာတစ်ခုမှမတွေ့ရ ။ တည်ငြိမ်သွားတာလား ၊ အေးစက်သွားတာလား ။
ဇဝေဇဝါအတွေးပေါင်းစုံနှင့် သူသာဂယောက်ဂယက်ဖြစ်လာလေသည် ။ တကယ်ဆို
တစ်နှစ်ကျော်ဝေးကွာခဲ့ရတဲ့ ချစ်သူနှစ်ဦးရဲ့ဆုံတွေ့မှုဟာ ဒီထက်ပိုပြီး
နွေးထွေးသင့်လေသည် ။ သည်လိုအေးစက်မှုမျိုးကို သူမလာခင် ၆ လ လောက်အလိုကတည်းက
သတိထားမိခဲ့တာ ။ အွန်လိုင်းမှာအတွေ့ကျဲလာတာ ၊ သူနဲ့အရင်ကလို
စကားသိပ်မပြောတော့တာတွေကို စဉ်းစားရင်း သူတကယ်ကိုဝမ်းနည်းနာကျင်လာသည် ။
သူတစ်စုံတစ်ခုကိုကောက်ချက်ချဖို့အထိ ဖြစ်မလာပါစေနဲ့လို့သာ
ကြိတ်ပြီးဆုတောင်းလိုက်သည် ။ ကင်မ် .. ငါ နင့်ကို ယုံတယ် ... ။
( ၅ )
သူသည် ကင့်မ်နဲ့ အပတ်တိုင်းတွေ့ဆုံနိုင်ဖို့ သူ့ off day ကိုညှိထားလိုက်သည်
။ သူနေရသည့်မြို့က ကင်မ်တို့မြို့နှင့် သိပ်မဝေးလှပေမယ့်
အလုပ်ချိန်ကွာခြားချက်ကြောင့် တစ်ပတ်တစ်ခါသာတွေ့နိုင်လေသည် ။ သည်မှာတော့
ကိုယ့်အလုပ်ကိုလုပ်၊ ကိုယ့်ပြဿနာကိုယ်ရှင်း၊ ကိုယ့်ကိုယ်ကို
ဂရုစိုက်ရင်းနဲ့သာ အထီးကျန်စွာ ဖြတ်သန်းကြရသည် ။ ကင့်မ်ကို သူနားလည်ပါသည် ။
တစ်ယောက်တည်း အထီးကျန်ခဲ့ရတဲ့ ကင့်မ်အတွက် ပြန်လည်နွေးထွေးလာဖို့
သူအချိန်နည်းနည်းတော့ပေးရမည် ။ သူသည် ကင်မ်စားဖို့အတွက်
တစ်ပတ်စာဟင်းများကို အမြဲတမ်း စီစဉ်ပေးထားဖြစ်သည် ။ ဟင်းချက်ပြီး
မောမောပန်းပန်း နှင့်ထိုင်နေသော သူ့ကို ကင်မ်က စိတ်မကောင်းသလို
အမြဲငေးကြည့်နေတတ်သည် ။ပြီးတော့ " ငါ့ကိုအရမ်းချစ်တာပဲလား "
လို့မေးတတ်သေးသည် ။ သူ ခေါင်းကိုလေးလေးနက်နက် ညိမ့်ပြလိုက်တော့
" နင်အရမ်းကံကောင်းတယ် ငါ့ကိုကြိုက်တဲ့လူတွေအများကြီးထဲကမှ နင့်ကိုရွေးခဲ့တာ "
" ဒါဆို နင်ကပိုကံကောင်းတယ် ကင်မ် ဘာလို့လဲသိလား "
ကင်မ် ခေါင်းခါသည် ။
" ငါ့လောက် နင့်အပေါ်ဘယ်သူမှမချစ်နိုင်ဘူးလေ "
ကင်မ်ကခပ်နွေးနွေးလေးပြုံးလိုက်ပြီး သူ့ဆံပင်တွေကို ထိုးဖွရင်း "
ကျေးဇူးတင်ပါတယ် " တဲ့ ။ သူရွေးခဲ့တဲ့ နည်လမ်းကမှန်ကန်ခဲ့သည်ဟု ထင်ပါသည် ။
( ၆ )
တသက်လုံးအလင်းမပေးနိုင်ဘဲနဲ့

အမှောင်ထုကို စိုးမိုးချင်သတဲ့လား
နေပါစေ ...
အလင်းပျောက်သွားတာထက်စာရင်
မှောင်နေတဲ့ ငါ့အခန်းလေးက
နေပျော်တယ် .... ။
( ကင်မ် )

( ၇ )

သူ နဲ့ ကင်မ်ရဲ့ဆက်ဆံရေးက အရင်ကထက်နွေးထွေးလာသော်လည်း သူမသိစေချင်သော
အကြောင်းအရာတော်တော်များများ ကင့်မ်ဆီမှာရှိနေတာကို သူသတိထားမိသည်။
ကင့်မ်ဖုန်းကို အမှတ်တမဲ့ဖွင့်ကြည့်မိတဲ့နေ့ကဆို
ကင်မ်တော်တော်စိတ်ဆိုးသွားလေသည် ။ခိုင်လုံသောအကြောင်းပြချက်မပေးဘဲ ကင်မ်က
သူ့personal ဟုသာအကြောင်းပြခဲ့ပါသည် ။ သူကတော့ သူ့ဘဝ အစအဆုံး
ဘာကိုမှမဖုံးကွယ်ထားခဲ့ပေမဲ့ ကင်မ်က သူ့လောက်မပွင့်လင်းခဲ့တာကိုတော့
ချစ်သူတစ်ယောက်အနေနှင့် စိတ်ထိခိုက်ရလေသည်။ ထိုနေ့က ဟိုးအဝေးက
တိမ်တွေပြိုကျလာသလို ၊ သူ့ဘဝမှာ အရာအားလုံး မှောင်မိုက်သွားခဲ့ပါသည် ။
( ဂ )
ဒီနေရာမှာ ရပ်ကျန်ခဲ့တယ်ဆိုတာ

မာန သက်သက်မဟုတ်ဘူး
ငါ့လက်ထဲက နွယ်ပင်လေးကို
မထားခဲ့နိုင်လို့ ... ။
( ကင်မ် )

( ၉ )

မနက် ၂ နာရီ ။ သည်လို share ပြီးနေရတဲ့အခန်းတွေမှာ အလိုက်သိဖို့ ၊
တစ်ယောက်နဲ့တစ်ယောက်ညှိနေကြဖို့ တော်တော်လိုပါသည်။
အလိုက်မသိသူများပါလာခဲ့ရင်တော့ အတော်ကိုစိတ်ညစ်ဖို့ကောင်းသည် ။
ကင့်မ်အကြောင်းတွေစဉ်းစားလျှင်ပိုပြီး အိပ်မရတော့သဖြင့်
အိပ်ဆေးအကူနှင့်ကြိုးစားအိပ်ပစ်လိုက်ရသည့်ညတွေကများလာသည် ။
သူအိပ်ပျော်နိုင်ဖို့ မျက်လုံးတွေကိုမှေးစင်းလိုက်သည့်အချိန်မှာပဲ
သူ့ဖုန်းထဲသို့ message တစ်ခုဝင်လာလေသည် ။

< Now , I'm thinking about u. I do appreciate yr love n will never leave u .

I need u in my life. Luv u . stay wid me ... yrs , Kim >>>

သူမယုံကြည်နိုင်စွာပဲ မက်ဆေ့ခ်ျ လေးကိုအခါခါဖတ်နေမိသည် ။ ဒါ သူဒီရောက်ကတည်းက ကင်မ်ပထမဆုံးစပို့တဲ့ message ဖြစ်လေသည် ။
အချိန်တိုင်းသူကပဲ လွမ်းဆွတ်စွာဖုန်းတွေခေါ်ခဲ့ရတာ။
ဝတ်ကျေတမ်းကျေစကားသံလေးတွေနဲ့ပဲ ကျေနပ်နေခဲ့ရတာ။
အေးစက်ခြင်းတွေနဲ့ပဲထိတွေ့ခဲ့ရတာ ။ အခုတော့
သူပျော်ရမယ့်အချိန်လေးရောက်လာပြီထင်သည် ။ ကင်မ်ရေ .. ဒီတစ်ညတော့
ငါအိပ်နိုင်တော့မယ်မထင်ဘူး ... အရမ်းပျော်လို့ ။
( ၁၀ )
သူ ဧည့်ခန်းမှာထိုင်ရင်း ကင့်မ်ကို ရင်ခုန်စွာစောင့်နေမိသည် ။
ကင်မ်ထွက်လာတော့ လက်မှာ ဖုန်းလေးကိုဆုပ်ကိုင်ထားသည်။ ကင့်မ်မျက်လုံးတွေက
သည်းသည်းထန်ထန်ငိုထားသဖြင့် နီရဲမို့အစ်နေလေသည်။ သူစိုးရိမ်နေတာကိုသိသော
ကင်မ်က နားလည်စွာပြုံးလိုက်ရင်း သူ့ဘေးမှာဝင်ထိုင်လိုက်ပြီး
သူ့လက်တွေကိုအသာဆုပ်ကိုင်လာသည် ။
" ဒီနေ့ နင်သိချင်တာအားလုံး ငါပြောပြမယ် .. နားထောင်မယ်မလား "
ကင်မ်ရယ် ... ။ သူ ကင့်မ်ကို မြတ်နိုးစွာငေးမောရင်း ခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းပြလိုက်သည်။
" မလိုတော့ဘူးကင်မ် ။ နင့်ဖုန်းကိုဖွင့်ကြည့်မိတဲ့နေ့ကတည်းက
ငါအားလုံးသိပြီးသားပါ ။ နင်ကိုယ်တိုင်ဖွင့်ပြောလာမယ့် တစ်နေ့ကိုပဲ
ငါစောင့်နေခဲ့တာ "
ကင့်မ်မျက်နှာမှာ အံသြမှုတွေနဲ့ ပြည့်နှက်သွားပြီး မျက်ရည်တွေ စီးကျလာသည်။
" ဒါနဲ့များတောင်မှ ဘာမှမဖြစ်သလိုနေနိုင်ခဲ့တယ်နော် .. နင်ငါ့ကိုစိတ်မဆိုးဘူးလားဟင် "
သည်ကိစ္စက ကင်မ်ပြောသလိုတော့ သူ့အတွက် ဘာမှမဖြစ်ခဲ့တာမဟုတ်ပါ။ ချစ်သူအနား
နေချင်ရုံသက်သက်နှင့် ဒုက္ခခံပြီးနေခဲ့ရတဲ့နေ့တွေ။ သူ့ဘက်ကမှန်ပေမဲ့
အလျှော့ပေးခဲ့ရတာတွေ။ အဖြေမရှိတဲ့မေးခွန်းတွေကို နာနာကျင်ကျင်နဲ့
အကြာကြီးမျိုသိပ်ထားခဲ့ရတာတွေလေ။
" ဘာမှမဖြစ်ဘူးတော့ဘယ်ဟုတ်ပါ့မလဲ ကင်မ် ။ အဲ့ဒီအချိန်မှာသာငါပေါက်ကွဲခဲ့ရင် နင်ငါ့ကိုချန်ထားခဲ့မှာကိုသိနေလို့ "
ကင်မ်က သူ့ရင်ခွင်ထဲသို့ခေါင်းတိုးဝင်ရင်း ငိုလေသည်။သူ ကင့်မ်ဆံနွယ်လေးတွေကို ဖွဖွလေးသပ်ပေးနေမိသည်။
" ဒါတွေက မိသားစုနဲ့ခွဲနေရတဲ့လူတွေမှာ ဖြစ်တတ်ကြပါတယ်။
တစ်ယောက်တည်းနေရတဲ့အခါ အားကိုးရတဲ့လူကို သံယောဇဉ်ဖြစ်ကြတာပဲ။
ဒီထက်မပိုအောင်တော့ ကိုယ်တိုင်ကပဲထိန်းရမှာ "
ကင်မ်ကခေါင်းညိမ့်ရင်း ဖုန်းလေးကိုသူ့လက်ထဲသို့ ထည့်ပေးသည်။
" နင်ပြန်သိမ်းထားလိုက်ပါ။ နင့်ရင်ထဲမှာရှင်းသွားမှတော့ ဒီဖုန်းကိုဖွင့်ကြည့်ဖို့လဲမလိုတော့ဘူးလေ။ ပြီးတော့ ငါ နင့်ကို ယုံတယ် "
ထို့နောက်တော့ကင်မ်ကမျက်ရည်တွေသုတ်လိုက်ပြီး သူ့တစ်ယောက်တည်းအတွက် အလှပဆုံးပြုံးပြခဲ့ပါသည် ။
( ၁၁ )
အစိမ်းကြွေကြွေခဲ့ရတဲ့
တစ်ညနေကြောင့်
အရောက်နောက်ကျခဲ့တာ ...။
စောင့်နေပါ ...
နင့်ယုံကြည်ခြင်းတံခါးကိုတွန်းဖွင့်ဖို့
အရာရာကိုဖြတ်သန်းလာခဲ့ပြီ ... ။
( ကင်မ် )

ကောင်မလေး 13

Posted by kaungmalay13 on July 25, 2010 at 1:12am


ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

အိပ်မက်ကြွေရာသီ

 
အိပ်မက်ကြွေရာသီ

ချစ်သူရေ ...
နင့်ဆုတောင်းပြည့်ဖို့
အလိုက်တသိ ကြွေပေးခဲ့တယ် ။
ဒီနွေမှာ ...
နင်ပေးခဲ့တဲ့ လက်ဆောင်ဟာ
ခါးသီးလွန်းခဲ့ ... ။

ပြတ်တောက်သွားတဲ့ ကြိုးတစ်စကို
ငါ .. အသံမဲ့ ငေးမောနေမိ ။
လက်ထဲမှာတော့
အချစ်တွေ ကျိုးပျက်ကြေမွလို့ ... ။

နင်မပေးချင်တော့တဲ့ အရာတစ်ခုကို
ငါမမျှော်လင့်တော့ဘူး ။
နင်မပြောချင်တော့တဲ့ စကားတစ်ခွန်းကို
ငါမမေးတော့ဘူး ။
နင်မသွားချင်တော့တဲ့လမ်းမှာ
ငါ့ကိုထားခဲ့လဲ
နင်နဲ့ ဆုံတွေ့ခဲ့ခြင်းကို
အပြစ်မတင်ရက်သူ ... ။

ငါဆိုတာ ...
နင်ခြွေခဲ့တဲ့ အိပ်မက်ကြွေရာသီထဲမှာ
အရာရာကိုခေါက်သိမ်းပြီး
အလွမ်းတွေနဲ့ ကျန်ခဲ့ရပေမဲ့
နင်နောက်တစ်ကြိမ် ပြန်ဝင်ခွင့်ရမယ့်
တံခါးတစ်ချပ်မဟုတ်ခဲ့လို့ ... ။
............ ။

ဆုံမှတ်မရှိတော့တဲ့ လမ်းမှာ
နင်နဲ့ဝေးနိုင်သမျှ
အဝေးဆုံးကို ကြွေခဲ့တယ် ။
နင်လက်ကမ်းလဲ
ပြန်မလာတော့ဘူး ... ။

ကောင်မလေး 13

Posted by kaungmalay13 on July 24, 2010 at 3:58am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

ကံနဲ့ အကျိုးပေးခွင့်



ဆရာတော် ရဝေနွယ်(အင်းမ) ရေးသားသော သံသရာခရီးဖော် စာအုပ်မှ ‘ကံ’ အကြောင်းကို ကမ္ဘာသစ်ဓမ္မမိတ်ဆွေတွေအတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်။

တစ်ခါတစ်လေတော့လဲ ကံတရားကနားလည်ရအခက်သား၊ ကောင်းကံတွေ ပြုနေပေမယ့် အဆင်မပြမှု တွေနဲ့ချည်းပဲတွေ့နေရ တတ်ပါတယ်၊ မကောင်းကံတွေနဲ့ ယှဉ်နေပေမယ့်လဲ ဘာပဲလုပ်လုပ် အဆင်ပြေနေတတ်ပါတယ်၊ ဒီအဖြစ်မျိုးတွေက ၀န်းကျင်တိုင်း မှာ တွေ့နေရတာဖြစ်လေတော့ အမြင်အားဖြင့်သိပ်ပြီးဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး၊ ဒါပေမယ့် ဆန်းတာက ကံရဲ့သဘော တရားပါ။

ဥပမာပဲ ထားပါတော့ ၊ ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ လူတစ်ယောက်၊ မကောင်းကံမှန်သမျှ အကုန်လုပ်နေတယ်၊ ဒါကို သူ့ဝန်းကျင်ကလည်းသိနေကြတယ်၊ ဒါပေမယ့် အဲဒီလူမှာ ချမ်းသာလိုက်တာ မပြောပါနဲ့တော့၊ လုပ်ငန်းကိုင်ငန်းတွေ ကြည့်ဦး မလား၊ အားလုံးချောမွေ့လို့၊ ဘာဆိုဘာမှ အခက်အခဲမရှိ။

ဒါမျိုးတွေမြင်ရတော့ ကိုယ်ပြုနေကျကောင်းကံလေးအပေါ်မှာတောင် သံသယ၀င်ချင်စရာ၊ ကံအပေါ် နားလည်ရ ခပ်ခက်ခက်။

ဟိုး… စောစောပိုင်း ကာလတွေကတော့ မိမိလဲ ဒီအတိုင်းပါပဲ၊ နောက်ပိုင်းစာတွေဖတ်ရင်း သမ္ပတ္တိလေးပါးနဲ့ ၀ိပတ္တိလေးပါး အကြောင်းဖတ်မိတော့မှာပဲ ထိုက်သင့်သလောက် နားလည်ခဲ့ရပါတယ်၊ နားလည်သလောက် ပြန်ရေးပြပရစေဦး။

ကံဆိုတာ ကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတာရှိပါတယ်၊ ကောင်းကံနဲ့ မကောင်းကံပေါ့၊ အဲဒီ ကံနှစ်ခုဟာ ပြုတိုင်းတော့ ပုံသေ အကျိုးမပေးပါဘူး။ သမ္ပတ္တိလေးပါးနဲ့ ကြုံနေရင် မိမိပြုထားတဲ့ အကုသိုလ်ကံဟာ အကျိုးမပေးနိုင်သလို ၀ိပတ္တိလေးပါးနဲ့ ကြုံနေရင်လဲ မိမိပြုထားတဲ့ ကုသိုလ်ကံက အကျိုးမပေး နိုင်သေးပါဘူး။

သမ္ပတ္တိရဲ့ အနက်က ပြည့်စုံခြင်း၊ ၀ိပတ္တိရဲ့ အနက်က ချွတ်ယွင်းခြင်းပါ။

သမ္ပတ္တိ-လေးပါးဆိုတာက -

၁။ ဂတိသမ္ပတ္တိ

၂။ ဥပဓိသမ္ပတ္တိ

၃။ကာလသမ္ပတ္တိ

၎။ ပယောဂသမ္ပတ္တိ

အဲဒီအထဲမှာ ဂတိသမ္ပတ္တိဆိုတာ လူ့ပြည့် ၊ နတ်ပြည်၊ ဗြဟ္မာပြည်ကိုပြောတာပါ၊ ဘ၀ကောင်းကိုရရှိခြင်းပေါ့၊ ဂတိသမ္ပတ္တိမှာဖြစ်နေရင် အကုသိုလ်ကံက အကျိုးပေးခွင့်မသာတော့ဘူး၊ ကုသိုလ်ကံရဲ့အလှည့်ရောက် နေပါတယ်။

ဥပဓိသမ္ပတ္တိဆိုတာက ရုပ်အဆင်းလှပခြင်းကိုပြောတာပါ၊ လောကမှာ ဥပဓိသမ္ပတ္တိကလဲ အရေးကြီးပြန်ပါတယ်၊ အဲဒီ ဥပဓိသမ္ပတ္တိ ကိုရနေရင် အကုသိုလ်ကံ အကျိုးပေးခွင့်မသာတော့ဘူး၊ သီဟိုကျွန်းမှာ ဘာတိကမင်းဆိုတာရှိပါတယ်၊ အဲဒီမင်းက တိုင်းသူပြည်သားတွေကို နွားသားမစားရဘူးလို့ အမိန့်ထုတ် ထားပါတယ်၊ နွားသားစားခဲ့ရင် ဖမ်းပြီးဒဏ်ငွေတပ်တယ်၊ ဒဏ်ငွေမဆောင်နိုင်ရင် နန်းတော်ထဲကိုခေါ်ပြီး အမှိုက်ကျုံးတာတို့၊ မြေတူးတာတို့ကိုလုပ်ရတယ်၊ တစ်နေ့ မိသားစုတစ်စုက တားမြစ်ထားတဲ့ကြားက နွားသားခိုးစားကြတယ်၊ ဒီလိုနဲ့ ဘုရင့်ရဲမက်တွေက မိရောဆိုပါတော့၊ ဒီတော့ ထုံးစံအတိုင်း ဒဏ်ငွေဆောင်ပေါ့၊ ဒါပေမယ့် အဲဒီမိသားစုက ဆင်းရဲတော့ ဒဏ်ငွေမဆောင်နိုင်ဘူးတဲ့၊ ဒဏ်ငွေမဆောင်နိုင်တော့ နန်းတော်ခေါ်ခဲ့ကြတာပေါ့၊နန်းတော်မှာက သူတို့မိသားစုတင်မကဘူးတဲ့၊ သူတို့လိုပဲ နွားသားခိုးစားကြတဲ့ တခြားမိသားစု တွေလဲပါတယ်၊ အဲဒီနွားသားခိုးစားတဲ့ သူတွေကို ဒဏ်ပေးတဲ့အနေနဲ့ အမှိုက်သိမ်း၊ မြေတူး၊ မြက်နှုတ်ပေါ့၊ ဒါကိုဘာတိကမင်းက လေသာပြူတင်းက ကြည့်နေပါတယ်၊ စောစောက ပြောခဲ့တဲ့ မိသားစုထဲမှာ တော်တော်ရုပ်အဆင်းလှတဲ့ ကောင်မလေး ပါတယ်၊
နေပူကြဲကြဲမှာ ချွေးသံတရွှဲရွှဲနဲ့ ဒဏ်ထမ်းနေတဲ့ အဲဒီရုပ်လှလှကောင်မလေးကိုမြင်တော့ ဘုရင်က ‘ဒီရုပ်ရည်နဲ့ ကြမ်းတမ်းတဲ့ အလုပ်တွေ မတန်ဘူး’ဆိုပြီး မင်းချင်းတစ်ယောက်ကို ခေါ်ခိုင်းလိုက်တယ်၊ ‘သမာဒေ၀ီ’ ဆိုတဲ့ ဘွဲ့ပေးပြီး ဘုရင်က သူ့အနားမှာ
ခစားဖို့ထားလိုက်တယ်၊ သူ့ရဲ့မိသားစုကိုလဲ ဒဏ်ထမ်းနေရာကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပြင် အသက်မွေး နိုင်လောက်အောင် ငွေကြေးတွေနဲ့ မ စလိုက်တယ်တဲ့၊ ဒါ ဥပဓိသမ္ပတ္တိ က အကျိုးပေးလိုက်တာပါပဲ၊ လူတစ်ယောက်ရဲ့ ဥပဓိသမ္ပတ္တိဟာ သူနဲ့နွယ်တဲ့ မိသားစုကိုလဲ အကျိုးပေးသွားတယ်၊ အဲဒီလို ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံနေရင်လဲ အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ပါဘူး

ကာလသမ္ပတ္တိဆိုတာက မြတ်စွာဘုရားပွင့်ရာ၊ အခါ၊ စကြာဝတေးမင်းပေါ်ရာအခါ၊ မင်းကောင်း မင်းမြတ်တွေပေါ်ရာအခါ ကိုပြောတာပါ၊ မြတ်စွာဘုရား ပွင့်နေရင် နိဗ္ဗာန်ရောက်ကြောင်းတရားတွေ နာကြားခွင့်ရနေမယ်၊ စကြာဝတေးမင်း ပေါ်နေတဲ့ကာလဆိုရင်လဲ သူ့ဘုန်းကံအလျောက် တိုင်းပြည် ချမ်းသာ ကြွယ်ဝနေမယ်၊ မင်းကောင်း မင်းမြတ်တွေ အုပ်စိုးနေတဲ့ ကာလဆိုရင်လဲ တိုင်းသူပြည်သားတွေ စားဝတ်နေရေး စီးပွားရေးတွေ ပြေလည်နေမယ်၊ ကျန်းမာရေးတွေ ကောင်းနေမယ်၊ ပညာတွေ စိတ်ကြိုက်သင်ခွင့်ရနေမယ်ပေါ့၊ အဲဒီ ကာလသမ္ပတ္တိနဲ့ ပြည့်စုံနေရင်လဲ အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ဘူး။

ပယောဂသမ္ပတ္တိဆိုတာက - သတိ၊ ၀ီရိယ၊ ဥာဏ်တွေနဲ့ ပြည့်စုံနေတာကို ပြောတာပါ၊ လောကမှာ နေသမျှ ကာလပတ်လုံး အမြဲတမ်း သတိရှိနေမယ်၊ သွက်သွက်လက်လက် နိုးနိုးကြားကြားနဲ့ လုံ့လ၀ီရိယရှိနေမယ်၊ အရာရာကို နားလည်သဘောပေါက်ပြီး ထက်မြတ်တဲ့ ဥာဏ်ပညာရှိနေမယ်၊ သတိဝီရိယဥာဏ်တွေယှဉ်ပြီး အားကြီးတဲ့ ကုသိုလ်တွေပြုနေမယ်၊ အဲဒီလိုဆိုပြန်ရင်လဲ အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ဘူး၊ လောကမှာ ကြီးပွားချမ်းသာနေတဲ့သူတွေကို ကြည့်လိုက်ရင် ပယောဂသမ္ပတ္တိဆိုတဲ့ သတိ၊ ၀ီရိယ၊ ဥာဏ် ပညာနဲ့ ပြည့်စုံနေတဲ့ သူတွေဖြစ်နေမယ်ဆိုတာ တွေ့ရပါလိမ့်မယ်၊ ဒီနေရာမှာ သတိထားရမှာက အတိတ်ကံရဲ့ သတ္တိက တစ်မတ်သားလောက်ပဲပါတယ်၊ ယခုပစ္စုပ္ပန်ဘ၀၊ သတိ၊ ၀ီရိယ၊ ဥာဏ်ဆိုတဲ့ ပယောဂသမ္ပတ္တိက သုံးမတ်သားလောက် ပါရှိတယ်ဆိုတာ ကောင်းကောင်း သတိထားရမယ့်အကြောင်း မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ က အထူးသတိ ပေးထားပါတယ်၊ ဆိုလိုတာက ဒီပစ္စုပ္ပန်ဘ၀မှာ ပယောဂသမ္ပတ္တိနဲ့ ကုသိုလ်ကံအကျိုးတွေကို ခံစားနိုင်ခွင့် ရှိသလို အကုသိုလ်ကံတွေကိုလဲ တားဆီးထားနိုင်တယ်၊ ဥပမာ- အဇာတသတ်မင်းကိုကြည့်၊ အဖကိုသတ်ထားတဲ့ ပါဏာတိပါတကံကြီးက အ၀ီစိငရဲကို ကျိန်းသေမုချကျရမယ်၊ ဒါပေမယ့် သတိတွေဥာဏ်တွေဝင်လာပြီး မြတ်စွာဘုရားကိုသွားပြီး ဆည်းကပ်လိုက်တော့ ဘုရားရှင်ကို ဆည်းကပ်လိုက်တဲ့ ပယောဂသမ္ပတ္တိကြောင့် အ၀ီစိငရဲမကျတော့ဘဲ အ၀ီစိငရဲထက်ငယ်တဲ့ လောဟကု မ္ဘီငရဲမှာပဲ ကျရတော့တယ်၊ နောက်အကျိုးတစ်ခုက အဲဒီငရဲက လွတ်လာရင် ‘၀ိဇိတာဝီ’ဆိုတဲ့ ပစ္စေကဗုဒ္ဓါဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်ရမယ်တဲ့၊ ဒါ ပယောဂသမ္ပတ္တိရဲ့ အစွမ်းသတ္တိတွေပါပဲ၊

နောက် ၀ိပတ္တိလေးပါးထဲမှာ ဂတိသမ္ပတ္တိဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါတယ်လေးဘုံ ကိုပြောတာ၊ မကောင်းတဲ့ဘ၀ကိုရရှိတယ်ပေါ့၊ အဲဒီလိုအပါယ်လေးဘုံဆိုတဲ့ ဂတိသမ္ပတ္တိနဲ့ ကြုံနေရင်လဲ ရှေးရှေးဘ၀က ကုသိုလ်ကံတွေ ရှိနေပေမယ့် ကုသိုလ်ကံက အကျိုးပေးခွင့် မသာတော့ဘူး။

ဥပဓိဝိပတ္တိဆိုတာက ရုပ်အဆင်းမလှတာပါ၊ ဒီပရာဆိုတဲ့ ၀တ္တုမှာ မင်းကြီးက ဒီပရာဇာဆိုတဲ့ မင်းစားကို ဖွားမြင်တော့ မင်းကြီးက သားကိုချစ်တာရော၊ မိဖုရားကိုချစ်တာရော ပေါင်းပြီး မိဖုရားကို လိုရာဆုကို တောင်းပါလို့ ပြောတယ် မိဖုရားကလဲ ကောင်းပြီ၊ အခုမယူသေးပါ၊ နောငမ်မှယူမယ်လို့ ပြန်လျှောက်တယ်၊ အဲဒီ ဒီပရာဇာမင်းသာက ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်မှာ ကြက်တိုက်တမ်းကစားသတဲ့၊ မင်းသားဖြစ်ပြီး မကစားသင့်တဲ့ အရာကို ကစားတော့ ကြက်က နောက်ပြန်ဆုတ်ရင်း မင်းသားရဲ့ မျက်စိကို ခွပ်လိုက်တာ မျက်စိပျက်ရော၊ ဒီလိုနဲ့ မင်းသားတစ်ဆယ့်ခြောက်နှစ်သားအရွယ်ရောက်လာတော့ မယ်တော်မိဖုရားက မင်းကြီးဆီကပ်ပြီး ‘အရှင်မင်းကြီး သားဖွားစဉ်ကာလက လိုရာဆုကို တောင်းပါလို့ အမိန့်ရှိထားပါတယ်၊ ယခုထိုဆုကို တောင်းလိုပါတယ်’ပေါ့ မင်းကြီးကလဲ ‘မိဖုရားမြတ်ဆုယူလော့’ဆိုတော့ မိဖုရားက ‘အရှင်မင်းကြီး အကျွန်ုပ်သားအားမင်းအဖြစ်ကို ပေးတော်မူပါလော့’လို့တောင်းတယ်၊ ဒီတော့ မင်းကြီးက ဘာပြန်ပြောသလဲဆိုတော့ ‘မိဖုရား-သင့်သားဟာ စက္ခုမစုံ၊ အင်္ဂါမြုံတဲ့သူဖြစ်တယ်၊ တိုင်းပြည်နဲ့မတန်ဘူး၊ ဒါကြောင့် မင်းအဖြေစ်ကိုမပေး’လို့ ပြန်မိန့်လိုက်ပါတယ်၊ မိဖုရားကလဲ မလျော့ဘူး၊ ထပ်တလဲလဲ တောင်းနေတော့ နောက်ဆုံး မင်းကြီးလဲ နှုတ်ဂတိကလဲ ရှိထားဖူးတော့ ‘သင့်သားကန်းအား ဒီအလုံးစုံသော သီဟိုဠ် ကျွန်းကိုတော့ မပေးနိုင်၊ အခြံအရဖြစ်တဲ့ နာဂဒီပ ကျွန်းငယ်၌သာ မင်းပြုလေ’လို့ ကျွန်းငယ်တစ်ခုကို ပေးလိုက်တယ်၊ ဒီဝတ္တုကိုကြည့်၊ တကယ်လို့သာ ဒီပရာဇာ မင်းသားဟာ ဥပဓိဝိပတ္တိနဲ့ ပြည့်စုံခဲ့ရင် ယူဇနာသုံးရာလောက်ရှိတဲ့ သီဟိုဠ်တစ်ကျွန်းလုံးကို မင်းအဖြစ်နဲ့ အုပ်စိုးရမျာ၊ ခုတော့ ဥပဓိဝိပတ္တိဖြစ်နေတော့ ကုသိုလ်ကံက အကျိုးပေးခွင့် မသာတော့ဘူး။

ကာလ၀ိပတ္တိဆိုတာက - မြတ်စွာဘုရားရှင်နဲ့ ဝေးနေတဲ့ကာလ၊ ဆုန်ကပ်ကာလ၊ မကောင်းတဲ့ မင်းတွေအုပ်စိုးတဲ့ကာလကို ခေါ်တာပါ၊ အဲဒီကာလာတွေမျာ ဒါန၊ သီလ၊ ဘ၀နာ၊ သမာဓိ၊ ပညာဆိုတဲ့ ကုသိုလ်တရားတွေကို ပြုခွင့်မရ၊ စားဝတ်နေရေးတွေ ကျပ်တည်း၊ ပြည်တွင်းစစ်တွေဖြစ်၊ ဥပမာ- အာဖဂန်နစ္စတန်တို့ ပါလက်စတိုင်းတို့လို နိုင်ငံမျိုးပေါ့၊ အမြဲတမ်း စစ်တွေဖြစ်နေတော့ ပညာသင်ကြား ခွင့်မရ၊ စီးပွားရေးလုပ်ခွင့်မရ၊ တစ်သက်လုံး ဒုက္ခသည်စခန်းမှာပဲ ရွက်ဖျင်တဲတွေထိုးပြီး နေကြရတာ၊ အဲဒီကာလဆိုးတွေနဲ့ ကြုံနေရင်လဲ ကုသိုလ်ကံက အကျိုးပေးခွင့် မရပြန်ဘူး။

ပယောဂ၀ိပတ္တိဆိုတာက သတိမရှိ၊ ၀ီရိယမရှိ၊ ဥာဏ်မရှိတာကို ပြောတာပါ၊ သတိ၊ ၀ီရိယ၊ ဥာဏ်ကင်းတဲ့သူဟာ ပညာပဲသင်သင်၊ စီးပွားရေးပဲ လုပ်လုပ်၊ အောင်မြင်မှု လမ်းကြောင်းနဲ့ ဝေးတတ်ပါတယ်၊ ဒါပြောသာပြောရတယ်၊ သတိ၊ ၀ီရိယ၊ ဥာဏ်ကင်းပြီဆိုရင် ပညာလဲ ကောင်းကောင်းသင်မှာမဟုတ်တော့သလို စီးပွားရေးလဲ ကောင်းကောင်းလုပ်တော့မှာ မဟုတ်ပါဘူး၊ ငွေလွယ်လွယ်ရတဲ့ အကုသိုလ်နဲ့ မကင်းတဲ့အလုပ်တွေပဲ လုပ်တော့မှာ၊ ဒီတော့ ကုသိုလ်ကံက ဘယ်လိုလုပ်လာပြီး အကျိုးပေးတော့မလဲ။

အထက်ကပြောခဲ့တဲ့ စကားတွေကို ပြန်အနှစ်ချုပ်လိုက်ရင် သမ္ပတ္တိလေးပါးနဲ့ ပြည့်စုံနေမယ်ဆိုရင် အကုသိုလ်ပြုခဲ့ရင်တာင် အကုသုလ်အကျိုးပေးခွင့် မသာဘဲ ကုသိုလ်ကံကချဉ်း အကျိုးပေးနေပါလိမ့်မယ်၊ ၀ိပတ္တိလေးပါးနဲ့ ကြုံနေမယ်ဆိုရင်လဲ ကုသိုလ်ကံအကျိုးပေးခွင့်မသာဘဲ အကုသိုလ်ကံကချည်း အကျိုးပေးနေပါလိမ့်မယ်။

ဒီနေရာမှ အဓိက ပြောချင်တာကတော့ ပယောဂသမ္ပတ္တိပါ၊ လူတစ်ယောက်အတွက် ဂတိသမ္ပတ္တိ၊ ဥပဓိသမ္ပတ္တိ၊ ကာလသမ္ပတ္တိဆိုတဲ့ တရးသုံးပါက ပြုပြင်ယူလို့ ခက်ခဲပေမယ့် ပယောဂသမ္ပတ္တိကတော့ ပြုပြင်ယူလို့ ရပါတယ် ဒါကို ကိုယ်က သိထားဖို့ပါပဲ၊ အတိတ်ပယောဂသမ္ပတ္တိကတော့ ပြုပြင်ယူလို့မရတော့ ထားလိုက်ပါတော့၊ ပြုပြင်ယူလို့ရတဲ့ ပစ္စုပ္ပန်ပယောဂ သမ္ပတ္တိကို ပြုပြင်သွားဖို့ ပါပဲ၊ ဥပမာ ကိုယ်က ရုပ်မလှခဲ့ရင် ‘‘’အာ်…ငါဟာ အတိတ်ဘ၀က စိတ်ထားညံ့ခဲ့လို့ ဒီဘ၀မှာ ရုပ်မလှတာ၊ ဒီဘ၀မှာ စိတ်ထားလှအောင်နေမယ်၊ ရုပ်လှရာ လှကြောင်း ကုသုလ်တွေကို ပြုမယ်’’ ဆိုပြီး သတိယှဉ်တာ၊ စိတ်ချမ်းသာအောင်နေတာ၊ ဥတုနဲ့ သင့်လျော်တဲ့ အစာအဟာရကို စားတာ၊ အချိန်မှန်အိပ်ပြီး၊ အချိန်မှန်စားတာ၊ ပညာကို ၀ီရိယရှိရှိ ကြိုးကြိုးစားစားနဲ့ သင်ယူတာ အခွင့်သင့်တိုင်း စွမ်းနိုင်တဲ့ ကုသိုလ်တွေကို စေတနာပါပါနဲ့ ပြုတာ နိုးနိုးကြားကြားနဲ့ သတိရှိရှိနေတာ စသည်ဖြင့်ပေါ့၊ ဒါတွေဟာ ပစ္စုပ္ပန်ပယောဂသမ္ပတ္တိကို ကောင်းအောင် ပြုပြင်ယူတာပါပဲ။
ကျန်တာတွေတော့ ထားလိုက်ပါတော့လေ၊ ပြုပြင်ခွင့်ရှိတဲ့ ပစ္စုပ္ပန်ပယောဂသမ္ပတ္တိကိုတော့ ပြုပြင် တည်ဆောက်တတ်ဖို့ ပါပဲလေ၊ ဒါဆို ရသင့်ရထိုက်တဲ့ အကျိုးကတော့ အခွင့်သင့်လာပါလိမ့်မယ်။

ကံအကြောင်းကို နားလည်သဘောပေါက်အောင် ရေးသားဖော်ပြပေးသော ဆရာတော်ကို အထူးကျေးဇူးဆပ်သောအားဖြင့် ကမ္ဘာသစ်မှသူငယ်ချင်းများအားလုံးအတွက် မျှဝေလိုက်ပါတယ်။


အသိပညာဗဟုတုတများတိုးပွားကြပါစေ. . .ဇာဇာ

Posted by Zar Li Tun on July 23, 2010 at 8:00am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

ဇူလိုင်မျက်ရည်

ဇူလိုင်မျက်ရည်

၆၃ နှစ်တဲ့ ... ။
သူထွက်ခွာသွားခဲ့တာ
ဆယ်စုနှစ်တချို့တောင်ကြွေခဲ့ပေါ့ ...
ဇူလိုင်ကတော့
သွေးစွန်းခဲ့တဲ့ ရာဇဝင်ထဲမှာ
သည်းကြီးမဲကြီး ငိုလို့ ... ။

သူ ... ။
ကိုယ်ကျင့်သိက္ခာနဲ့ အမှန်တရားကိုသာ
လူ့တန်ဖိုးအဖြစ် မြတ်နိုးစွာဆင်ယင်ခဲ့ ... ။
ဗိုလ်တေဇ နဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြား
ဘာဂုဏ်ဒြပ်ခြားနားမှုမှမရှိ ... ။
သူ့ခြေလှမ်းအောက်မှာ ကော်ဇောနီမရှိ
ထီးတော်မိုးမရှိ
ရေပေါ်ဆီ မိန့်ခွန်းတွေလဲမရှိ ... ။

သူ့လမ်းသူဖောက်လို့
သူသွားလေရာမှာ
သူ့ချွေးစက်တွေကိုသာနင်းလျှောက်ခဲ့ ... ။
စကားအခွန်းတိုင်းအတွက်
တာဝန်ယူရဲတဲ့ သတ္တိ
သူ့ဆီမှာပဲရှိတယ် ။

သူ့ရဲ့ ရဲရင့်ခြင်း ...
သူ့ရဲ့ ဖြောင့်မတ်ခြင်း ...
သူ့ရဲ့ဇွဲသတ္တိရှိခြင်း ..
သူ့ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း ... ။
အားလုံး အားလုံးသောအရာတွေနဲ့
ရာဇဝင်မှာ စာတင်ခံရတဲ့သူ ... ။

သူငယ်ချင်းရေ ...
သူ့အကြောင်းတွေ ပြဋ္ဌာန်းချက်မရှိတော့လဲ
သူ့သမိုင်းကတော့
ငါတို့ နှလုံးသားမှာ ထင်ကျန်ဆဲ ၊ ရှင်သန်ဆဲ ... ။

သူငယ်ချင်းရေ ...
ခေါင်းစဉ်ပျောက်နေတဲ့ နိုင်ငံတော်သီချင်းကို
ငါတို့တွေ သီဆိုကြမလား ... ။
အခုဆို ...
ကိုယ်တိုင်က ကြယ်စင်ဖြစ်လျက်နဲ့
ဖယောင်းတိုင်ထွန်းဖို့တောင် ခက်ခဲနေပြီလေ ... ။

သူငယ်ချင်းရေ ...
သူအသက်သွင်းခဲ့တာ
မာန်ဟုန်ပြင်းတဲ့ မြစ်တစ်စင်းပါ ... ။
ဒီလို မစီးဆင်းနိုင်တော့တဲ့
မြစ်ကျိုးအင်းဘဝနဲ့ပဲ
အဆုံးသတ်ကြတော့မလား ... ။

သူထွက်ခွာသွားခဲ့တာ
၆၃ နှစ်တောင်ကြာခဲ့ပေါ့ ... ။
ဇူလိုင်ကတော့
မမေ့နိုင်တဲ့ အာဇာနည်သူရဲကောင်းတွေအတွက်
သွေးစွန်းခဲ့တဲ့ ရာဇဝင်ထဲမှာ
သည်းကြီးမဲကြီး ငိုလို့ ... ။

ကောင်မလေး 13


Posted by kaungmalay13 on July 19, 2010 at 6:04am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

ပုံပြင်တွေ ၀ှက်ထားတဲ့ ကျောက်ခဲ

 

အချွန်အတက်တွေနဲ့ ကျောက်ခဲတစ်လုံး

လိမ့်ရတဲ့ အောက်ခံမြေက မာတော့


အချွန်အတက်တွေလည်း ကျိုးခဲ့ပြီ ။


လေကတိုက်စားလို့


အခွံအထပ်ထပ်လည်း ပါးခဲ့ပြီ ။


မလိုအပ်တဲ့ အစိတ်အပိုင်းတွေ


မြေနဲ့လေကို ရောင်းလိုက်တယ် ။


လိုအပ်တဲ့ အစိတ်အပိုင်းကိုတော့


ကျွန်တော်သိမ်းထားလိုက်တယ် ။


ဒီလိုနဲ့ ......................


ကျွန်တော် တဖြည်းဖြည်း ကမ္ထာဆန်လာတယ် ။


ပူလောင်နေပါသလား ။


လက်ဖ၀ါးနဲ့ ဆုပ်ကိုင်ထားပါ ။


သင့်ရဲ့ ကိုယ်ထဲကအပူတစ်ချို့ကို


ကျွန်တော့်ကိုယ်ထဲ စီးဝင်စေပါ့မယ် ။


တစ်ကိုယ်လုံး အေးမြအောင်


မတတ်နိုင်ပေမဲ့ ထိစပ်နေတဲ့နေရာမှာတော့


ကျွန်တော့်ကိုယ်ထဲက အအေးဓါတ်တွေနဲ့


အပူတွေကို နိုင်သလောက်မောင်းထုတ်ပေးပါ
့မယ် ။

ချမ်းအေးနေပါသလား ။

ကောက်ရိုးနဲ့ထင်းခြောက်တွေက
ို ရှာလာခဲ့ပါ ။

မျက်နှာပြင်ပေါ်မှာ လူမမြင်အောင်


ဝှက်ထားတဲ့ မီးတောက်တွေရှိတယ် ။


ပွတ်တိုက်မှုအားကတော့


သင့်ကြိုးစားမှုအပေါ်မှာ မူတည်ပါတယ် ။


ပူတဲ့အချိန်မှာ အေးမြစေပါ့မယ် ။


ချမ်းအေးချိန်မှာ နွေးထွေးစေပါ့မယ် ။


ဒီလိုနဲ့..................
................

ကလေးတစ်ယောက် ကျွန်တော့်ကိုကောက်ရသွားတယ်


ဂေါ်လီဝယ်ဖို့ မတတ်နိုင်တဲ့ကလေးအတွက်


လုံးဝန်းနေတဲ့ကျွန်တော်က ဂေါ်လီ လုပ်ပေးလိုက်တယ် ။


သူဂေါ်လီရိုက်တယ် ။


ကျွန်တော်နာကျင်တိုင်း


ကလေးငယ်က ပျော်ရွှင်သွားတယ် ။


ဒါပေမဲ့ ကျေနပ်ပါတယ် ။


သင်္ချာဆရာတစ်ယောက်က


ကလေးငယ်ကို စာလာသင်တယ် ။


စာရွက်ပေါ်မှာ တြိဂံတစ်ခုဆွဲပြပြီး


အတွင်းထောင့်၃ခုပေါင်းရင် ဘယ်လောက်ရလဲတဲ့ ။


ကလေးငယ် ခေါင်းကုတ်နေတယ် ။


ဂေါ်လီရိုက်ပျက်သွားပြီ ။


ကျွန်တော်ကလေးငယ်ကို ပြောလိုက်တယ် ။


ခုံးနေတဲ့ ကျွန်တော့်ကိုယ်ပေါ်မှာ


တြိဂံတစ်ခု ဆွဲခိုင်းလိုက်ပါတယ် ။


ပြီးတော့ခုံးနေတဲ့မျက်နှာပြ
င်ပေါ်က

တြိဂံရဲ့အတွင်းထောင့်၃ခုပေါ
င်းလဒ်နဲ့

ပြင်ညီမျက်နှာပြင်စာရွက်ပေါ်
က

တြိဂံရဲ့အတွင်းထောင့်၃ခုပေါ
င်းလဒ်မှာ

ဘယ်သူကပိုကြီးပါသလဲ


ပြန်မေးလိုက်ပါလို့ အကြံပေးလိုက်တယ် ။


ကလေးငယ်က ဆရာ့အမေးကိုအမေးနဲ့


ပြန်ဖြေလိုက်တယ် ။


တြိဂံတစ်ခုရဲ့ အတွင်းထောင့်၃ခုပေါင်းလဒ် ၁၈၀ဒီဂရီဆိုတာ


ပြင်ညီမျက်နှာပြင်အတွက်သာ မှန်ကန်တာပါ ။


ပြင်ညီမျက်နှာပြင်မှာပဲတြိဂ
ံဆွဲနေတဲ့သူတွေအတွက်လည်း

၁၈၀ဒီဂရီ ဆိုတဲ့အဖြေက အသားကျနေခဲ့တယ် ။


ဂေါ်လီပေါ်က တြိဂံကို ကြည့်ပြီးတော့


ဆရာလည်း ကလေးငယ်ရဲ့ခေါင်းကိုပွတ်ပြီ


ပြုံးလျက်ထွက်ခွာသွားတယ် ။


ကလေးငယ်လည်း ဂေါ်လီဆက်ရိုက်လို့ရသွားတယ် ။


ဂေါ်လီရိုက်ပြီးသွားတော့


ကလေးငယ်လဲ ကျွန်တော့်ကို မေ့သွားတယ် ။


မြေမှာကျနေတဲ့ ကျွန်တော့်ကို


လူတစ်ယောက်က ဘယ်လက်နဲ့ကောက်ယူသွားတယ် ။


ကျွန်တော်ပါသွားပြန်ပြီ ။


ဘာလုပ်မလဲ စောင်ကြည့်နေတာ


ညာလက်က လျှာနှစ်ခွနဲ့လေးခွ


ပြုံးပြမှပဲ ကျွန်တော်သိရတော့တယ် ။


ကျွန်တော်လောက်စာလုံး ဘ၀ရောက်ခဲ့ရပြန်တယ် ။


သွေးဆာနေတဲ့လူ


လျှာနှစ်ခွနဲ့လေးခွ


ပျော့ပျောင်းသလောက် အဝေးရောက်အောင်ပစ်နိုင်တဲ့ သားရေကြိုး


ကျွန်တော် အထိတ်တလန့် ကြည့်မိတယ် ။


ဦးတည်ချက်က


ကိုင်းဖျားမှာ နားနေတဲ့ငှက် ။


ငှက်ကလေးရယ် မင်းပျံပါတော့


ပစ်တဲ့သူကို မင်းမမြင်ခဲ့ရင်


ငါတရားခံ ဖြစ်တော့မယ် ။


အတောင်နဲ့ငှက်က မပျံဘူး ။


အတောင်မပါတဲ့ ကျွန်တော်က


လေထဲကို ပျံလာပြီ ။


လေထဲမှာလည်း ဆုတောင်းသံတွေညံလို့ပေါ့ ။


ဆုတောင်းပြည့်သွားတယ် ။


ငှက်ကလေးနားနေတဲ့ ကိုင်းဖျားက


ထအော်တယ် ။


ငှက်ကလည်း မထိမှပဲထပျံတယ် ။


ကျွန်တော့်ကိုတောင် ကျိန်ဆဲသွားသေးရဲ့ ။


အဝေးက ပစ်တဲ့သူကိုမှ မမြင်ရတာ


အနားရောက်လာတဲ့ ကျွန်တော့်ကိုပဲ သူမြင်သွားတာကိုး ။


ဒီလိုနဲ့ ..........................
....

ကျွန်တော်ပြုတ်ကျသွားတယ် ။


ခွေးဟောင်သံကြားတော့ ကြည့်မိတယ် ။


ကလေးတစ်ယောက်


မာန်ဖီနေတဲ့ခွေးတစ်ကောင်


ကြောက်တဲ့ကလေးကိုမှ ခွေးကလဲဖြဲခြောက်နေတယ် ။


ကိုက်လိုက်ရင် ဒုက္ခ


လူတစ်ယောက်က ကျွန်တော့်ကိုတွေ့သွားတယ် ။


ပစ်လိုက်ပြီ ခွေးဆီကို


ဒီတစ်ခါတော့ ကျွန်တော်ဆုတောင်းတယ်


ထိပါစေလို့ ။


ဆုတောင်းပြည့်သွားပြန်တယ် ။


ဂိန်ကနဲမြည်သံနဲ့အတူ ခွေးထွက်ပြေးသွားတယ် ။


ကြောက်ရွံ့မှုကြောင့်


ကလေးငယ်ရဲ့ ကျယ်လောင်နေတဲ့ရင်ခုန်သံကို


ကျွန်တော်ကြားနေရတယ် ။


သူကျွန်တော့်ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည်
့တယ် ။

ပြီးတော့..................
...................

သူနဲ့အတူ ခေါ်ဆောင်သွားတယ် ။


အိမ်ရောက်တော့ ကျွန်တော့်ကို


မှန်ငါးကန်လေးထဲထည့်လိုက်တယ
် ။

အေးချမ်းလိုက်တာ


ကြည်လင်နေတဲ့ရေ


ကူးခတ်နေတဲ့ငါး


ငြိမ်သက်နေတဲ့ကျွန်တော်


ဖြာဆင်းနေတဲ့ နေရောင်ခြည်


ကြည်နူးနေတဲ့ ကလေးငယ်ရဲ့ မျက်ဝန်းတစ်စုံ ။


ကလေးငယ် အစာကျွေးတော့


ငါးကလေးတွေ အလုအယက်စားကြတယ် ။


နောက်တော့ ကလေးငယ် ခရီးထွက်သွားတယ် ။


ငါးကလေးတွေကို အစာကျွေးမယ့်သူ မရှိတော့ဘူးပေါ့ ။


နေရောင်ခြည်နဲ့ ကျွန်တော်တိုင်ပင်ပြီး


ကိုယ်ပေါ်မှာ ရေညှိတွေကို ဖန်ဆင်းလိုက်တယ် ။


ငါးကလေးတွေရယ်


အစာဝအောင် ငါတတ်နိုင်မှာမဟုတ်ဘူး ။


အစာပြေအောင်တော့ အတတ်နိုင်ဆုံး ဖန်တီးပေးပါ့မယ် ။


ကျွန်တော်နဲ့နေရောင်ခြည် နှစ်ယောက်ပေါင်းပြီး


ဆာလောင်မှုတွေကို လိုက်သတ်နေကြတယ် ။


ကလေးငယ် ပြန်ရောက်လာမယ့် အချိန်ထိပေါ့ ။


တိတ်ဆိတ်တဲ့ညမှာ


လူတွေကအိပ်ပျော်နေတယ် ။


အိပ်မရတဲ့ကျွန်တော်က


ငါးကလေးတွေရဲ့ ညတေးသံကိုနားထောင်ပြီး


ကိုယ့်ကိုယ်ကိုဘာသာပြန်နေမိ
တယ် ။

ကျွန်တော် မြေနဲ့ မိတ်ဖွဲ့ခဲ့တယ် ။


ရေနဲ့လဲ အကျွမ်းဝင်ခဲ့ပြီ ။


လေပေါ်မှာလဲ လမ်းလျှောက်ခဲ့ဘူးတယ် ။


မီးတောက်တွေလဲ ဖန်ဆင်းပြခဲ့တယ် ။


မြေ ... ရေ ... လေ ... မီး


ဓါတ်ကြီးလေးပါးနဲ့ တည်နေတဲ့လောက


ကျွန်တော် သူတို့ကို မှီနေခဲ့တယ် ။


ပြီးတော့ ..........................
..

သူတို့လဲ ကျွန်တော့်ကို ပြန်မှီနေကြတယ်လေ ။


ရှေ့ဆက်ပြီး ဘယ်ကိုဆက်လိမ့်ရဦးမလဲ


ကျွန်တော်လဲ မသိပါဘူး ။


ခုလောလောဆယ်တော့


ပစ္စုပ္ပန်ငါးကန်လေးထဲမှာ


နေရောင်ခြည်ရဲ့ နွေးထွေးတဲ့သီချင်းသံနဲ့


ကျွန်တော်ရှင်သန်နေတယ် ။


တစ်ခါတစ်လေ အတွေးတွေနဲ့


ကျွန်တော်အိပ်ပျော်နေတယ် ။


အိပ်မက်ထဲမှာ စကားလုံးတွေနဲ့


စီးချင်း ထိုးတယ် ။


ကျွန်တော်နိုင်ရင် ကဗျာတွေက


လက်ခုပ်တီးကြတယ် ။


ကိုယ်ပေါ်မှာ ရေညှိတွေ အထပ်ထပ်


ငါးကလေးတွေကလဲ ကူးခတ်လျက် ။ ။



( သန်းထွန်းလင်း )


Posted by သန်းထွန်းလင်း on July 19, 2010 at 6:00am
 
ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 



Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>