2 3 4 5 6 7 8 9 10

Sunday, June 15, 2014

အဖေသို့ လွမ်းချင်း



           လူတိုင်းလိုလို အဖေရှိခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီအဖေနဲ့  အတူတကွနေခွင့်ရတဲ့သူတွေ ရှိသလို၊ နေခွင့်မရကြတဲ့သူတွေလည်း ရှိပါတယ်။ တစ်ချို့ ကြတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ကအဖေကို စွန့် ခွာထားရစ်ခဲ့တာမျိုးလည်းရှိတယ်။ တမလွန်ကနေ စောင့်ရှောက်နေတဲ့ အဖေမျိုးလည်းရှိတယ်။ ကွယ်ရာကနေ လွမ်းမိုးစွေရတဲ့ အဖေမျိုးလည်း ရှိပါတယ်။ အဲဒီ အဖေတွေအားလုံးကို သတိရတမ်းတ လွမ်းဆွတ်တဲ့ စာလေးတစ်ပုဒ် ရင်ထဲမှာ ခံစားဖြစ်ပေါ်လာတဲ့အတွက် စာမျက်နှာပေါ် ရေးတင်လိုက်မိ ပါတယ်။ အဖေလွမ်းသူများ အလွမ်းပြေကြပါစေ။

အဖေသို့ လွမ်းချင်း

လွမ်းတယ်အဖေ
ဟိုး အဝေးတစ်နေရာမှာ
အဖေရှိတယ်ဆိုတာ အသေအချာသိပေမယ့်
တွေးမိတိုင်းကြေကွဲ... ၀မ်းနည်း..တမ်းတ..
သတိရနေဆဲပါ အဖေ...။

အဖေ့ရဲ့  အကြင်နာမေတ္တာ
စေတနာ ဂရုဏာတွေကို
ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက
ထိတွေ့ ခံစား နှလုံးသားမှာ
မှတ်သားစွဲငြိ သတိရနေဆဲပါ အဖေ...။


Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>