2 3 4 5 6 7 8 9 10

Saturday, July 4, 2015

အသစ်တွေ့ရှိရသည့် ကျောက်စာများမှ ပျူအက္ခရာများသည် ပုဂံအက္ခရာနှင့် ဆင်တူကြောင်း ပညာရှင်များနှိုင်းယှဉ်

မြစေတီ ဘုရား ( Photo - Myanmar.net )

မြစ်သား၊ ပေတော ပျူကျောက်စာများနှင့် သာစည် ဆင်ရွာတို့တွင် တွေ့ရှိရသည့် ပျူကျောက်စာများတွင်
 ရေးထိုးထားသည့် သရေခေတ္တရာ ပျူအက္ခရာများသည် ပုဂံခေတ် အနော်ရထာမင်း ကျန်စစ်သားမင်းတို့
လက်ထက် အုတ်ခွက်ဘုရားများနှင့် ရွှေစည်းခုံကျောက်စာပါ ပုဂံအက္ခရာများနှင့် ဆင်တူနေကြောင်း 
ပျူကျောက်စာ လေ့လာသူ ပညာရှင်များထံမှ သိရသည်။
“ယခင်အဆက်ဆက်က ပုဂံ ဗမာ ( ဗရမ္မာ ) မင်းတွေနဲ့ ဗမာ ( ဗရမ္မာ ) လူမျိုးတွေက စာရေးသားဖို့ 
ဒွါရာဝတီလို့ခေါ်တဲ့ ရှေးခေတ်မြန်မာနိုင်ငံထဲကို ပျံ့နှံ့လာတဲ့ မွန်အက္ခရာတွေကို လက်ခံယူသုံးတယ်လို့ 
သမိုင်းပညာရှင် ဂျီအိပ်ခ်ျလုပ်စ်က ပြောခဲ့ဖူးပါတယ်။ မကြာသေးခင်က တွေ့ခဲ့ရတဲ့ ပျူခေတ်ကျောက်စာတွေရဲ့  အရေးအသားတွေကို မြင်တွေ့ရတဲ့အခါ အဲဒီအဆိုက ကွဲလွဲနေတယ်ဆိုတာ ထင်ရှားနေတယ်။
 မြန်မာအက္ခရာသမိုင်းဟာ ပျူခေတ်ကတည်းက ရှိခဲ့ပြီးသားဆိုတာကို  အသစ်တွေ့ရတဲ့ ပျူကျောက်စာတွေက သက်သေပြနေတယ်” ဟု သမိုင်းပညာရှင် ဆရာဦးဘုန်းတင့်ကျော်က ပြောသည်။
နှိုင်းယှဉ်တွေ့ရှိချက်များအရ ဘီစီ ၆ ရာစုတွင် သရေခေတ္တရာ၊ ပျူ ဗရမ္မာတို့သည် စာရေးသားခြင်းကို 
အိန္ဒိယဒေသမှ ဗြဟ္မီ အက္ခရာများကို သုံးစွဲခဲ့ကြဟန်ရှိပြီး အေဒီ ၄ ရာစုအတွင်း ဗြဟ္မီပွား အက္ခရာများကို 
လည်းကောင်း၊ အချို့အိန္ဒိယ အက္ခရာများကို အေဒီ ၅ ရာစုမှ ၈ ရာစုတွင်လည်းကောင်း အသီးသီး
သုံးစွဲခဲ့ကြကြောင်း သမိုင်းသုတေသီများက ခန့်မှန်းသည်။
“ခင်ဘရွှေ ပေစာ အချပ် ၂၀ မှာ အိန္ဒိယအက္ခရာတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ခင်ဘကုန်းမှာ
 တွေ့ရတဲ့ ငွေဗောဓိကြုတ်အပေါ် အနားစာတွေနဲ့ ကန်ဝက်ခေါင်းကုန်းဘုရားပလ္လင် စာတွေ၊ ကွမ်းဆိပ် 
ပျူကျောက်စာတွေမှာလည်း ပျူ ပရမ္မာ အက္ခရာ ဆင်းသက်ပုံတွေကို လေ့လာတွေ့ရှိရပါတယ်။ 
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ တွေ့ရှိချက်တွေဟာ သမိုင်းတင်ခေတ်မတိုင်မီ သမိုင်းတင်ခေတ်ဦးဆိုင်ရာ တွေ့ရှိချက်တွေ ဖြစ်ပါတယ်။ အသစ်ထပ်တွေ့နေရတဲ့ တွေ့ရှိချက်တွေဟာ ပုဂံခေတ်ရှေ့က ပျူခေတ်ရဲ့  
ယဉ်ကျေးမှု၊ အက္ခရာ ပြောင်းလဲမှုနဲ့ လူနေမှုတွေကို ပိုမိုသိရှိလာရတယ်” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ပြောကြားသည်။



ထိုအထဲတွင် ပျူကိုယ်ပိုင် အက္ခရာများကိုလည်း ခင်ဘရွှေ ပေချပ်များတွင် တွေ့ရှိရပြီး ပျူ  ဗရမ္မာ တိုင်းရင်းသားဘာသာ 
စာရေးရာတွင်လည်း ပျူကိုယ်ပိုင် အက္ခရာများနှင့် အိန္ဒိယ 
အက္ခရာများကို သုံးစွဲခဲ့ကြောင်း မြစေတီကျောက်စာ 
စတုတ္ထမျက်နှာတွင် မြင်တွေ့ရသည် ဟု 
ဦးဘုန်းတင့်ကျော်က ပြောကြားသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော် ၂၀၀၄ ခုနှစ်က ပြုလုပ်ခဲ့သော
 မြန်မာသမိုင်းပြုစုရေးအဖွဲ့ စာတမ်းဖတ်ပွဲတွင် ပျူသည်
 မြန်မာဖြစ်ကြောင်း အထောက်အထားများဖြင့် ပြုစုရေးသားထားသော စာတမ်းတစ်စုံကို ဖတ်ရှုအပြီး သမိုင်းပညာရှင်
 ဒေါက်တာသန်းထွန်းက ပျူသည် မြန်မာဖြစ်ကြောင်း 
အတည်ပြုပြောဆိုရေးသားပေးခဲ့ဖူးကြောင်း သိရသည်။
“သရေခေတ္တရာ ခင်ဘကုန်းကွေ့မှာ ငွေဗောဓိကြုတ်မှာ 
ပူဗရမိပြည်တော်လို့ ရေးထိုးထားပါတယ်။ 


အဓိပ္ပါယ်က ပု = ပျူ၊ ဗရမိ ( သက္ကဋ )= ဗရမ္မာ ( ပါဋ္ဌိ ) အရ ပျူသည် ဗရမ္မာ ဆိုတာ သေချာတာပါ ။ 
သူတို့မှာ ကိုယ်ပိုင်အတွေးအခေါ်၊ ပညာအဆင့်အတန်းတွေ ရှိပြီး အဆင့်အတန်းမြင့်မားသူတွေဆိုတာ 
အသစ်တွေ့ရှိရတဲ့ ကျောက်စာတွေကနေ ပိုပြီး လူတွေသိလာရပါပြီ” ဟု ဦးဘုန်းတင့်ကျော်က
 ပြောကြားသည်။

ခင်လေးမြင့်အောင်

Ref: မြန်မာ့အလင်း

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>