2 3 4 5 6 7 8 9 10

Saturday, March 26, 2016

တိုက်ပွဲပျော်

တိုက်ပွဲပျော်

ပုခက်ထဲကအူဝဲဟစ်ကာ
စစ်ကြေညာပြီး၊လောကကြီး၏
ခါးသီးတွေ့ကြုံ၊အလုံးစုံကို
မဖြုံအံခဲ၊ပွဲဆက်နွှဲရင်း
လူလည်းတော်တော်
ကြီးခဲ့ပေါ့။
မိုက်လည်းမိုက်လို့၊တိုက်လည်း
တိုက်ခဲ့……။
ရှုံးလိုက်တာလည်းအသင်္ချေ။
ရဲလည်းရဲလို့၊နွှဲလည်းနွှဲခဲ့
အောင်ပွဲတွေလည်းအနန္တ။
သည်လိုပဲပေါ့
တိုက်ပွဲဆိုတာ
သာချင်သာမည်
တိုက်ပွဲဆိုတာနာချင်နာမည်
ဘယ်မှာခန့်မှန်းသိနိုင်မလဲ။
နာနာသာသာ
ဘာမျှမဖြုံ၊စိတ်လုံခြုံရင်
မတုံမလန့်ဖျပ်ပါဘူး၊
အဟုန်မတန့်ရပ်ပါဘူး။
ရှေ့ကဆီး၍ခရီးလမ်းထဲ
သစ်ပင်လှဲမလား။
ရှေ့ကကန့်၍အဟန့်အတား
ဆူးတွေထားမလား။
ယောက်ျားဟေ့နော်၊
တိုက်ပွဲပျော်။
ကျွန်တော်တိုက်ရင်း
တက်မှာပဲ ..။


  အီကြာကွေး

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>