2 3 4 5 6 7 8 9 10

Friday, March 1, 2013

ဧရာဝတီ


နေလုံးရယ်နီ
တိမ်ပန်းချီ နေသွေးနဲ့၊ နတ်ရေးသည်သို့ ..။
ဒီအကျပေမို့
အလှ လတာပြင်က၊ ကျူရိုးရှင် လှေကလေးနဲ့
မျှော်ငေးလိုလို့ ..။ 

 
( ဇော်ဂျီ )


Thursday, February 28, 2013

ဒီလိုလုပ်ရင်…ငရဲပြည်မှာ ဒီလိုခံရမယ် (ဓါတ်ပုံမှတ်တမ်း-၂)

မန္တလေးမြို့၊ ရေတံခွန်တောင်၊ သစ္စာဝေဒဂူ၊ မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာ၊ ဓမ္မာရုံကြီး နံရံပေါ်တွင် ရေးထိုးထားသော ဆေးရေးပန်းချီကား ဓါတ်ပုံမှတ်တမ်း အပိုင်း(၂) 

(၁၇) ငှက်သတ်ခြင်း အပြစ် - သားစိုင် ပြိတ္တာ 
စိုင်ထိုးခြင်း အပြစ် - လှံအမွေး ပြိတ္တာ
လေးဖြင့် သတ်ဖြတ်ခြင်း အပြစ် - မြှားအမွေး ပြိတ္တာ


Tuesday, February 26, 2013

ဝတ်မှုန် ( ခင်မောင်တိုး )

☀ ပုဂံမြေ

ဘယ်လိုခံစားရပါသလဲ


 လူတစ်ယောက်ဖြစ်လာပြီးနောက်ဟိုကိစ္စပြောချင်၊ဒီကိစ္စပါချင်သောလူဖြစ်ရသည်မှာ မကောင်း။အေးအေးနေ တာကောင်းပါလျက် ဟိုစပ်စပ်ဒီစပ်စပ်ပြောချင်တာ မကောင်းမှန်း သိပါလျက် ပြောလိုက်ရပါဦးမည်။
  စာကို တစ်နေ့လုံး သို့မဟုတ် အကြာကြီးမဖတ်နိုင်။ သည်တော့အပြောင်းအလဲဖြစ်ရန် တီဗွီကြည့် ရပြန်သည်။ မြန်မာ့ရုပ်သံ ကလည်း တော်တော်ကျေးဇူး တင်စရာ ကောင်းပါသည်။
  ကျွန်တော်တို့ကို ပြန် ကြားရန်၊ ပညာပေးရန်၊ ဖျော်ဖြေ ရန် ထုတ်လွှင့်ရပါသည်တဲ့။ ပညာ ပေးရန်ဆိုတော့ နည်းနည်းအပေါ်စီးဆန်သလိုဖြစ်နေသည်ဟုတွေးလိုက်မိပါသည်။အေးလေကျုပ်တို့က အသိပညာ မရှိသူတွေပဲ ဟု ဖြေ လိုက်ရပါသည်။

Monday, February 25, 2013

အစားမတော် တစ်လုတ်


 “အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်” ဆိုတဲ့ စကားအတိုင်း အစားအသောက်ကြောင့် ဒုက္ခရောက်ရသူတွေ ဒုနဲ့ဒေး ရှိပါတယ်။ အစားအသောက်မှားလို့၊ အစာ အဆိပ်သင့်လို့ ဆေးရုံရောက် ကြသူလည်း မနည်းပါဘူး။ အခုဖော်ပြချင်တဲ့ အကြောင်းအရာကတော့ “အစာအဆိပ်သင့်ခြင်း” ဖြစ် ပါတယ်။
 အစာအဆိပ်သင့်ပြီဆိုရင် ပထမဆုံးတွေ့ရတဲ့ရောဂါ လက္ခဏာကတော့ ၀မ်းလျှောခြင်းပါပဲ။ နောက်ပြီး ဗိုက်အောင့်မယ်၊ အန်မယ်၊ ဗိုက်နာ တာတွေ ဖြစ်လာပါမယ်။ တချို့အစာအဆိပ်သင့်လို့ အန်တာ၊ ၀မ်းသွားရင် သွေး ပါ ပါလာတတ်ပါတယ်။ အစာအဆိပ်သင့်လို့ အန်တာ၊ ၀မ်းသွားတာတွေ များလာရင် ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ခန်းခြောက်လာနိုင်ပါတယ်။ ရေဓာတ် ခန်းခြောက်တဲ့ လက္ခဏာတွေက အာခြောက်လာတာ၊ ခေါင်းနောက်လာတာ၊ ဆီးအရောင် မည်းညစ်လာတာတွေ ဖြစ်လာပါမယ်။ ကလေးနဲ့ အသက်ကြီးတဲ့ သူတွေဆိုရင် ရေဓာတ်ခန်းခြောက်လွယ်တာမို့လို့ ပိုလို့ ဂရုစိုက်ရပါမယ်။ ကိုယ်ဝန်ဆောင်ဆိုရင်တော့ ဆရာဝန်ကို ချက်ချင်းပြဖို့ လိုပါတယ်။

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>