2 3 4 5 6 7 8 9 10

Sunday, October 16, 2011

တရားဦးဟောလှည့်ပါ (မင်းသုဝဏ်) ၊ သံသရာ (မောင်ဆွေသက်)

"ကာမဘောင် ရှုပ်အထွေးကိုလ
ပျိုလေးမယ်မခင်လို့၊ ရုန်းချင်ပြီ" ဆုပန်ကြားရဲ့
တားမြစ်ဖို့ ခွင့်မသာ။
နှစ်ကိုယ်တူတွဲကာပ
သည်ဝဲသံသရာက၊ သောင်ခေမာ ဟိုတစ်ဖက်ဆီသို့
ဖောင်မဂ္ဂင်ဆင်ကာ ကူးမယ်လို့
ဆုထူးကိုပန်ညီသော်လည်း
ပါရမီ မောင်မရင့်သောကြောင့်
သွားနှင့်သက်လျာ။ ။
ဇတ်မတူအမူကြမ်းသူဖြင့်
သောင်ကမ်းမမြင်နိုင်လို့
တစ်ပင်တိုင် နာဝါပျက်လိုပ
သံသရာသည်ဂယက်မှာလ
စုန်တစ်ခါ ဆန်တစ်ချက်ကယ်နှင့်
မျောလျက်ကွဲ့ ယောင်ချာချာ
တွယ်ရာဖြင့် ရှိနိုင်ဘူး။ ။
သို့ အကြောင်းရယ်ကြောင့်
ချစ်ဟောင်းနွယ်သာကီရဲ့
ပါရမီပြည့်လျှံဖြိုးကာပ
တန်ခိုးတွေတလူလူနှင့်
ဘိက္ခူနီ တေရီဖြစ်သောခါ
မောင်ချစ်ကို မယ်သနားကာဖြင့်
တရားမွန် မှန်သဘောကို
ဟောလှည့်အုံး။ ။

(ဆရာ မင်းသုဝဏ်)



သံသရာ
"ကာမဘောင်ရှုပ်အထွေးကိုလ
ပျိုလေးမယ် မခင်လို့
ရုန်းချင်ပြီ "ဆုပန်ကြားရဲ့
တားမြစ်ဖို့ခွင့်မသာ။
နှစ်ကိုယ်တွဲကာပ
သည်ဝဲသံသရာက
သောင်ခေမာ ဟိုတစ်ဖတ်ဆီသို့
ဖောင်မဂ္ဂင် ဆင်ကာကူးမယ်လို့
ဆုထူးပန်တူညီခဲ့သည်မို့
မယ်နဲ့မောင် ဘယ်မခွဲနိုင်ဘု
မောင်လဲလေ နိဗ္ဖာန်ရပ်ဆီသို့
မှတ်ပုံတင် အမှီထပ်ကာပ
ကြားမလပ် လိုက်ခဲ့မှာ
သံသရာ အစစွန်းဆီက
ငယ်ကျွမ်းဆွေ အမှန်ဖြစ်လေထင့်
အကျင့်မွန်မြတ်တရားကို
ခွဲခြားကာ မယ်မကျင့်ပါနဲ့
ခွင့်ပြုတော့ချစ်သက်လျာ
ဘယ်ခါမှ တူမခွဲ
လူမှုထွေထွေနဲ့

္စ္ဋ္ဆ္တဒီလူ့မြေရှုပ်အထွေးကိုမှ
ပျိုလေးမယ်မခင်မင်
ထာဝစဉ်ခင်မပြောပါနဲ့
ရေအေးဆိုမြိုက်တရားကိုလှ
နားလည်အောင်လေ့လာကျငိ့ကြံလျက်
ကိုးရက် ရယ်အလွန်ဆုံးနေကွဲ့
ကြော့ဆုံးနွဲ့ပြန်ခဲ့ပါ
မယ်နှင့်တူ ကျင့်ရန်ခက်သူဖြင့်
သုံးရက်လွန်အကျွံပေါ့
တရားမွန်အမြိုက်ဆေးနဲ့
သားလေးဝန် အတူတွဲကာပ
အိမ်ထဲမှာ ကျောင်းသင်္ခမ်းပုံဖြင့်
မြတ်အာရုံ သတိကပ်ပါလို့
ဝိပဿနာ ကျင့်တရားစဉ်နဲ့
သက်ထားခင် ပြန်လာရက်ကို
စောင့်လျက်ကြိုဆဲ။ ။

(မောင်ဆွေသက်)


Posted by khaingsukyi on January 9, 2010 at 11:54am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  



No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>