ခလောက်နီကျေးရွာတွင်ဖြစ်သည်။
ခလောက်နီရွာသား မောင်ကျော်ကြားမှာ အလွန်အကြွားထူသူဖြစ်၏။ သူ့တွင် စက်ဘီးရှိလျှင် ဆိုင်ကယ်ဖြစ်အောင် ပြောသည်။ သူ့တွင် ထော်လာဂျီရှိလျှင် ပါဂျဲရိုးဖြစ်အောင် ပြောနိုင်သူဖြစ်သည်။
ယုတ်စွအဆုံး သူ့မိန်းမ ဂွတိုမကိုပင် နတ်သမီးတမျှ လှပသယောင် ပြောနိုင်စွမ်းရှိသည်။
သူသည် မြို့ကြီးသို့ အရောက်အပေါက်လည်းများသူမို့ ဘယ်နေရာတွင် ဘာရပြီး ဘယ်နေရာတွင် ဘာပစ္စည်း များ ပေါချောင်ကောင်း ရနိုင်သည်ကို သိသည်။.