အိမ်ကိုလူတိုင်းကခင်တွယ်တတ်ကြပါတယ်..
အိမ်နဲ့ ခွဲနေရင်လွမ်းတတ်ကြပါတယ်..အိမ်နဲ့ အဝေးကြီးမှာပဲဖြစ်ဖြစ်အနီးလေးမှာပဲဖြစ်ဖြစ်ပေါ့
ကိုယ့်အိမ်မဟုတ်ရင်ကိုနွေးထွေးမှုကမတူတော့ပါဘူး..
အိမ်နဲ့ ခွဲနေရတာကိုကြိုက်တယ်ဆိုတဲ့လူမတွေ့ ဖူးပါ.ရှိမယ်လဲမထင်ပါ..
အခြေအနေအရသာခွဲနေကြရတာ..လူတိုင်းကအချိန်တန်ရင်အိမ်ပြန်ချင်ကြတာပါပဲ..
ခရီးသွားဝါသနာပါတဲ့ သူတွေတော့ရှိပါတယ်..ခရီးထွက်နေရရင်ပျော်နေတတ်သူတွေပေါ့.
သူတို့ တွေကလည်းအချိန်တန်ရင်အိမ်ပြန်ချိန်ကိုသတိရကြတာပါပဲ..
ခရီးထွက်တဲ့ သူတွေအတွက်အိမ်လွမ်းရတဲ့ အလွမ်းကအတော်ပေါ့ပါးပါတယ်.
သူတို့ ကသွားနေရရင်ကိုပျော်နေတတ်တာကိုး..ပြီးတော့သူတို့ ပြန်ချင်တဲ့ အချိန်ပြန်လို့ ရတဲ့ 
အခြေအနေ..
အခြေအနေ..
သူတို့ ရဲ့ စိတ်ထဲမှာပြန်ရမယ်ဆိုတာသေချာပြီးသားပါ..
အခြေအနေအရခွဲနေရသူတွေအတွက်တော့ဒီလိုမဟုတ်ပါ..
အခြေအနေအရဆိုတာအမျိုးမျိုးဖြစ်နိုင်ပါတယ်..ပညာရေးအတွက်၊စီပွားရေးအတွက်.အခြားသော
အခြေအနေတွေအတွက်..
အခြေအနေတွေအတွက်..
ဒီနေ့ ခေတ်မှာအိမ်နဲ့ ခွဲနေရတဲ့ လူတွေဟာတော်တော်များလာပါတယ်..