2 3 4 5 6 7 8 9 10

Saturday, June 13, 2015

မကွေးမြသလွန်စေတီတော်



မကွေးမြသလွန်စေတီတော်သည် ကသ၁ပမြတ်စွာဘုရားအား သိကြားမင်း ဆက်သသော ရွှေသားသလွန်တော်နှင့်
 ဂေါတမမြတ်စွာဘုရားအား သိကြားမင်းဆက်သသော မြသား သလွန်တော် နှစ်ဆူတို့ကို ဌာပနာ၍ တည်ထားသော
 စေတီတော်မြတ် ဖြစ်သည်။ မဟာ သက္ကရာဇ်  ၁၅၀ ပြည့်နှစ်တွင် သုဘောဂသူဌေးကြီးသည် နဂုတ္တမတော်ပေါ်ရှိ 
သလွန်တော်နှစ်ဆူ၏ ဌာပနာတိုက်ကြီး အထက်မှ ၃၅ တောင်မြင့်သော စေတီတော်ကို တည်ထားခြင်းဖြစ်သည်။
သက္ကရာဇ် ၄၁၂ တွင် စောလူးမင်းသည် ရှင်အရဟံ၏ အဆုံးအမနှင့်အညီ မြသလွန် စေတီတော်မြတ်ကို 
အသစ်ထပ်မံ ပြင်ဆင် တည်တော်မူသည်။ ဓာတ်တော် ၁၂၀ ဆူ၊ ရွှေအတိ သွန်းလုပ်သော ရုပ်ပွားတော် 
ခုနစ်ဆူနှင့်တကွ ရတနာတို့ကို ဌာပနာထည့်သွင်းလျက် ၅၅ တောင် မြင့်အောင် တည်သည်။
ကောဇာသက္ကရာဇ် ၁၂၀၉ တွင် ငလျင်ကြီးစွာလှုပ်၍ စေတီတော်မြတ်ကြီး ပျက်စီး ယိုယွင်းခဲ့ ရသည်။ 
မကွေးမြို့သူကြီး မင်းထင်မင်းလှကျော်ခေါင်သည် ရှင်ဘုရင် ထုတ်ပေးသော ရွှေငွေ များစွာတို့ဖြင့် ၆၆ တောင်နှင့် ၂ မိုက်
အထိ တိုးမြှင့်တည်ခဲ့သည်။ ၁၂၁၄ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးသည် စေတီတော်ကို ရွှေသင်္ကန်း ကပ်လှူ ပူဇော်ခဲ့သည်။

ⓕ Shared By
▣ http://www.newworldmyanmar.blogspot.com/

Friday, June 12, 2015

အချစ်ဆိုင်



ဦးချစ်က ဈေးသည်
ချစ်တတ်သူတွေက ဈေးဝယ်။
ကျောင်းချိန်အားရင်
အနားမနေ
သူကလေးတို့အကြောင်း
ဝိုင်းဖွဲ့ပြောကြ
ဝမ်းလည်းဖြည့်ရင်း
မေတ္တာကိစ္စ နှီးနှောခြင်း။
ကြည်နူးကျေနပ်ဖွယ်
ကံ့ကော်တောက လက်ဖက်ရည်ဆိုင်ကလေး..။

အောင်ပြည့်


မန်လည်ဆရာတော် ဘုရားကြီး


မဃဒေ၀ ကျမ်းပြုဆရာတော် မန်လည်ဆရာတော် ဘုရားကြီး၏ မပုပ်မသိုး ရုပ်ကလပ်ခန္ဓာ

ရိုသေစွာ ရှိခိုးပူဇော်ကန်တော့ပါ၏


Wednesday, June 10, 2015

သစ္စာကာမ ( ရာဘင်ဒြာနတ်တဂိုး )




နေသည် မြစ်၏ အနောက်ဖက်ကမ်းထက်ရှိ သစ်တော၏
 ထွေးယှက်သော အကိုင်းကြားသို့ ၀င်၍ သွားလေပြီ။
ရဟန်းငယ်တို့လည်း ကိစ္စကြီးငယ် ဆောင်ရွက်ပြီး၍ မီးပုံတွင်ဝိုင်းကာ 
ဂေါတမအရှင်၏တရားကို နာလုဆဲဆဲ ဖြစ်၏။
ထိုအခိုက် ထူးဆန်းသော သူငယ်တစ်ယောက်လာ၍ သစ်သီးပန်းမန်ဖြင့် အရှင်မြတ်ကို ဦးခိုက်ပူဇော်၍ လျှောက်ထား၏။
“မြတ်သောအရှင်၊ တပည့်တော်အား သစ္စာတရားမွန်၏ ခရီးလမ်းသို့ 
ဝင်ခွင့်ပေးတော်မူပါ၊
တပည့်တော်၏ အမည်ကား သစ္စာကာမတည်း”


            ဗုဒ္ဓမြတ်စွာ ဆို၏ ။ “အို…ချစ်သား၊ သင်၏ လာခြင်းကား ကောင်းသောလာခြင်းတည်း၊ အမြတ်ဆုံးသောတရားကို မျှော်မှန်းသော အသင်ကား အဘယ်မျိုးနွယ်နည်း”
            သူငယ် ဆို၏ ။ “အရှင်၊ ငါသည် အဘယ်မျိုးဟု ငါမသိ၊ ငါ၏ မိခင်ထံ သွား၍ မေးပါအံ့”


        ဤသို့ပြောပြီးနောက် သစ္စာကာမသည် ခွင့်ပန်၍ ချောင်းကိုဖြတ်၍ ရွာစွန်ရှိ မိခင်ရှိရာ
အိမ်သို့ ပြန်ခဲ့၏။ မီးခွက်သည် အခန်း၌ မှိန်စွာလင်းနေပြီး မိခင်သည် မှောင်သော တံခါး၀၀ယ်
သားအပြန်ကို စောင့်မျှော်နေ၏။ သူသည် သားကို ရင်၌ပိုက်၍ ဦးထိပ်ကိုနမ်း၏။ ဗုဒ္ဓထံ သွားခဲ့သော
အကြောင်းကိုကိစ္စကို မေး၏။

            “ငါ၏ ဖခင်ကား အသူနည်း” သူငယ်က ပြန်မေး၏။ မြတ်သောအမျိုးသာလျှင် အမြတ်ဆုံးတရားကို မျှော်မှန်းထိုက်သည်ဟု ဂေါတမအရှင် ငါ့အားပြော၏”
             ထိုမိန်းမလည်း မျက်လွှာချ၍ လေသံဖြင့်ဆို၏။
            “ဆင်းရဲသောငါ့၌ ငယ်စဉ်က သခင်များခဲ့၏၊ အို..ချစ်သား ..သင့်ကိုရသော ငါမိခင်၌ …
 ယောက်ျားသည်မရှိ”
တောရကျောင်း၏ သစ်ပင်ထိပ်ဖျားတို့၌ အရုဏ်ကျင်း၍ ရောင်နီလင်းလေးပြီ။ ရဟန်းတို့သည်လည်း
သစ်ပင်ကြီးအောက်၌ ဆရာမြတ် ရှေ့မှောက်ဝယ် ထိုင်ကြပြီ။
            ထိုအခိုက် သစ္စာကာမ ရောက်လာ၏။ သူသည် ဆရာအရှင်၏ ခြေတော်ရင်း၌ ၀ပ်စင်း၍
စကားမဆိုပဲ ရှိ၏။
“ငါ့အား ပြောလော့” ဗုဒ္ဓ ဆို၏။ “အသင်ကား အဘယ်မျိုးနွယ်နည်း”
            “အရှင်”..သူငယ်က ဆို၏။ “အဘယ်မျိုးနွယ် ဟူ၍ကား ငါမသိ၊ ငါ၏ မိခင်အား မေးစဉ်ဝယ်
သူ ဆို၏၊ “ဆင်းရဲသော ငါ့၌ ငယ်စဉ်က သခင်များ၏၊ သင့်ကိုရသော ငါမိခင်၌ ယောက်ျားမရှိ” …။
            ပတူအုံကို တုတ်နှင့်ထိုးလိုက်သည့်အလား၊ တပည့်ရဟန်းတို့ထံမှ ပွက်လောသံ ညံလာ၏။
ဇာတ်ပျက်၏ အရှက်မရှိသော စကားအတွက် တတွတ်တွတ် ရေရွတ်ကြ၏။
            ဂေါတမမြတ်စွာကား နေရာမှထ၍ လက်ကိုဆန့်၍ သူငယ်အား ရင်ခွင်၌ ထား၍ ဆို၏။
“ဗြဟ္မဏတကာတို့ထက် မြတ်သော ချစ်သား၊ သင့်၌ အမွန်မြတ်ဆုံးသော သစ္စာအမွေရှိပေ၏”…။ 

ရာဘင်ဒြာနတ်တဂိုး


Tuesday, June 9, 2015

ခန္ဓာကိုယ်၏ ဇီဝနာရီ ပုံမှန်လည်ပတ်စေဖို့


“အိပ်ရာဝင်စတွင် အိပ်ပျော်ရန် ခက်ခဲခြင်း၊ 
ညအချိန်မတော် တစ်ရေးနိုးပြီး ပြန်အိပ်မရခြင်း၊
တစ်နေကုန် အိပ်ငိုက်ကာ ပင်ပန်းနွမ်းနယ်နေခြင်း
စသည့် ခံစားမှုမျိုးကို
အသက်အရွယ်မရွေး​ လူတိုင်း ကြုံတွေ့ကြဖူးပေသည်။”




အိပ်မပျော်ခြင်းဆိုရာတွင် ညဦးပိုင်း၌ တော်တော်နှင့် အိပ်မပျော်ဘဲ သန်းခေါင်ကျော်မှ အိပ်ပျော်ခြင်း၊
အိပ်လိုက် နိုးလိုက်နှင့် ကြက်အိပ်ကြက်နိုး ဖြစ်နေခြင်း၊ တစ်ညလုံး အိပ်မရ၍ ငုတ်တုတ်ထိုင်နေရခြင်း
စသည်ဖြင့် ပုံမှန်အကြောင်းရင်း တစ်ခုခုကြောင့်သော် လည်းကောင်း၊ စိတ်ဖိစီးမှုကြောင့်သော်
လည်းကောင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ရောဂါဝေဒနာ တစ်ခုခုကြောင့်သော်လည်းကောင်း
အိပ်မပျော်သည့် အကြောင်းရင်း မျိုးစုံ ရှိပေသည်။

Monday, June 8, 2015

နောက်ဆုံးညသို့ ...

နောက်ဆုံးညသို့

အနေဝေးပေမဲ့
နွေးထွေးတဲ့ရင်ဘတ်တွေက
ရေတွက်လို့မရအောင်ရှိပါတယ်။
ထိတွေ့ရတဲ့ဝန်းကျင်တွေကွာခြားပေမဲ့
ခြေလှမ်းတွေကထပ်တူညီ
ဟိုးအဝေးဆီကလက်ခုပ်သံတွေမှာ
ခွန်အားတွေအပြည့်နဲ့။
မှောင်မိုက်လွန်းတဲ့အကျည်းတန်ညတွေကို
မျှော်လင့်ချက်အလင်းရောင်နဲ့
ထွန်းညှိလို့ထားမယ်။
တကယ်ပါ ...
ကိုယ်ကျိုးမဖက်တဲ့ယုံကြည်ချက်တွေနဲ့
လျှောက်လှမ်းဆဲလမ်းတွေမှာ
"ည" ဆိုတာအမြဲမရှိနိုင်ဘူး။

ကောင်မလေး13


Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>