အတွေးအခေါ်
အယူအဆတစ်ခုဟာ ဘယ်လောက်ပဲရှေ့ နောက် ညီညွှတ်နေပေမယ့် ဟုတ်ပြီ မှန်ပြီလို
့မယူဆ သင့်သေးကြောင်း ကို တွေးခေါ်ပညာရှင်တွေက အထောက်အထားတွေ ၊ဘ၀ဖြစ်ရပ်တွေနဲ့
ဆက်စပ်ဖော်ပြတက်ကြပါတယ်။ ပြီးတော့…အစွဲဥပါဒါန်တွေနဲ့  တွေးခေါ်ကြံဆထားတဲ့ အယူအဆ တစ်ရပ်ဟာ တမင်ဆင်ပြီးလုပ်ကြံထားတဲ့ ဇာတ်လမ်းတစ်ခုလို ဖြစ်နိုင် တယ်။ ကိုယ့်ဆင်ခြေတွေ ကိုယ်ပေးပြီး ကိုယ်လိုတဲ့ နိဂုံး ကို ရောက်နိုင် တဲ့ ရှေ့နောက်ကိုက်ညီဆီလျော်မှုတွေကို ရှာတတ်တယ် လို့ လည်း ဆိုကြပါတယ်။ သည်သဘောမျိုးကို အောက်ပါဖြစ်ရပ်က ဖော်ညွှန်းနေပါတယ်။
ပါမောက္ခကြီးတစ်ဦးဟာ
လူ့အသိဥာဏ်နဲ့ သက်ဆိုင်တဲ့ အလွန်လေးနက်တဲ့ ကျမ်းကြီးတစ်ကြမ်းကို
ပြုစုနေ ပါတယ်။ သူ့ကိုလေးစားမြတ်နိုး အထင်ကြီးတဲ့ ဇနီးက
သူ့လက်ရေး မူကြမ်းတွေကို အချောကူးပေးပါတယ်။
ပါမောက္ခကြီးရဲ
့ ဇနီးဟာ နေ့ မအား ညမအား စာမူတွေကို အချော ကူးပေးနေရတော့
အိမ်ထောင်ထိန်းသိမ်းမှုတွေ လစ်ဟစ်နေပါတယ်။ တစ်အိမ်လုံး အမှိုက်သရိုက်တွေကလည်း
ရှုပ်ပွပြီး ကြွက်တွေကလည်း သောင်းကြမ်းနေ ပါတယ်။