2 3 4 5 6 7 8 9 10

Monday, June 27, 2016

ဖွဲ့ဆိုခြင်း




ချစ်ခြင်းမေတ္တာကို
သံယောဇဉ်နဲ့ ဖွဲ့ပါ ..
အမေ့ကို
ကျေးဇူးတရားနဲ့ ဖွဲ့ပါ ..
ချစ်သူကို
အိပ်မက်နဲ့ ဖွဲ့ပါ ..
အမေ့ကို
မေတ္တာတရားနဲ့ ထပ်မံဖွဲ့ပါ ..
ချစ်သူကို
မြတ်နိုးခြင်း သစ္စာတရားနဲ့ ထာဝရဖွဲ့ပါ..
ယုံကြည်ချက်ကို
အသွေး ... အသား ... ဘဝတခုလုံးနဲ့ဖွဲ့ပါ..
ကိုယ့်ကိုယ်ကိုယ်တော့
စင်ကြယ်ခြင်း သမိုင်းလိပ်ပြာနဲ့ ဖွဲ့ပါလေ ...။  


ကမာပုလဲ

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>