ကံ ကံ၏ အကျိုး.. အကြောင်း ဆိုလျင် စူဠကမ္မ၀ိဘင်္ဂသုတ် ကို ရှေးဦးစွာ ပြောဆိုရမည်ဖြစ်သည်။
ကံ ကံ၏ အကျိုးနှင့် ပက်သက်လျင် ထိုတရားတော်မှာ အခြေခံလည်း ဖြစ်သလို အရေးလည်း ကြီးပေသည်။
ထိုတရားတော်တွင် ကံ ကံ၏ အကျိုး သဘောတရားများကို သင်ကြားထားခြင်းဖြစ်သည်။
ထိုတရားတော်ကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့၏။ တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်အား အကြောင်းပြု၍ ဟောတော်မူခဲ့ခြင်းဖြစ်၏။
သုဘလုလင်သည် မြတ်ဗုဒ္ဓအား မေးခွန်း ပြဿနာ (၁၄)ချက်ကို မေးလျှောက်ခဲ့၏။
သူမေးလျှောက်သော မေးခွန်းပြဿနာများမှာ
လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အသက်တို၍
အချို့မှာ အသက်ရှည်ပါသနည်း။
လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အနာရောဂါထူများ၍
အချို့မှာ အနာရောဂါ ကင်းဝေးရပါသနည်း။
လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အရုပ်ဆိုး၍
အချို့မှာ အဆင်းလှပါသနည်း။
လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါး၍
အချို့မှာ တန်ခိုးအာဏာ ကြီးမားရပါသနည်း။
လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍
အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း။
လူချင်းတူပါလျက် အချို့မှာ အမျိုးယုတ်ညံ့၍
အချို့မှာ အမျိုးမြတ်ပါသနည်း။
လူချင်းတူပါလျက် အချို့မှာ အသိ အလိမ္မာ ဉာဏ်ပညာ နည်းပါး၍
အချို့မှာ ဉာဏ်ပညာ ကြီးမားရပါသနည်း။