2 3 4 5 6 7 8 9 10
Showing posts with label ဓမ္မစာစု. Show all posts
Showing posts with label ဓမ္မစာစု. Show all posts

Monday, February 4, 2019

ယုံကြည်ခြင်း သဒ္ဓါ


ယုံကြည်ခြင်း သဒ္ဓါသည်
အသိဉာဏ်မပါလျှင် ခိုင်မာခြင်းမရှိ။
ပြောင်းလဲနိုင် ပျောက်ပျက်နိုင်၏။
ရှင်မောဂ္ဂလာန်ကဲ့သို့သော တန်ခိုးရှင်သည်ပင်
သဒ္ဓါကို အာမမခံ။
အသိပညာသည်သာ ခိုင်မာ၏။
အသိဉာဏ်အခြေခံရှိသူများသည်
ယုံကြည်ချက် လွဲမှားစေကာမူ
အမှားအမှန် ဆုံးဖြတ်နိုင်၏။
အသိပညာ ကြီးမားအောင် ကြိုးစားကြပါလေ။


ဘဒ္ဒန္တနန္ဒမာလာဘိဝံသ
( ပါမောက္ခချုပ်ဆရာတော် )

Wednesday, January 30, 2019

''ကံ နဲ့ အကျိုးပေးခွင့်'' ( ရဝေနွယ် - အင်းမ )

''ကံ နဲ့ အကျိုးပေးခွင့်''
 
တစ်ခါတစ်လေတော့လဲ ကံတရားက နားလည်ရအခက်သား
ကောင်းကံတွေ ပြုနေပေမယ့် အဆင်မပြေမှုတွေနဲ့ချည်းပဲ တွေ့နေရတတ်ပါတယ်။
မကောင်းကံတွေနဲ့ ယှဉ်နေပေမယ့်လည်း ဘာပဲလုပ်လုပ် အဆင်ပြေနေတတ်ပါတယ်။
ဒီအဖြစ်မျိုးတွေက ၀န်းကျင်တိုင်းမှာ တွေ့နေရတာဖြစ်လေတော့ အမြင်အားဖြင့်
သိပ်ပြီးဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဆန်းတာက ကံရဲ့သဘော တရားပါ။
ဥပမာပဲ ထားပါတော့  ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ လူတစ်ယောက်၊
မကောင်းကံမှန်သမျှ အကုန်လုပ်နေတယ်၊  ဒါကို သူ့ဝန်းကျင်ကလည်းသိနေကြတယ်၊
ဒါပေမယ့် အဲဒီလူမှာ ချမ်းသာလိုက်တာ  မပြောပါနဲ့တော့၊ လုပ်ငန်းကိုင်ငန်းတွေ ကြည့်ဦးမလား၊
အားလုံးချောမွေ့လို့၊ဘာဆိုဘာမှ အခက်အခဲမရှိ။
ဒါမျိုးတွေမြင်ရတော့ ကိုယ်ပြုနေကျ ကောင်းကံလေး အပေါ်မှာတောင် သံသယ၀င်ချင်စရာ၊
ကံအပေါ် နားလည်ရ ခပ်ခက်ခက်။
ဟိုး… စောစောပိုင်း ကာလတွေကတော့ မိမိလည်း ဒီအတိုင်းပါပဲ။ နောက်ပိုင်းစာတွေဖတ်ရင်း
“သမ္ပတ္တိလေးပါးနဲ့ ၀ိပတ္တိလေးပါး” အကြောင်း ဖတ်မိတော့မှာပဲ ထိုက်သင့်သလောက်
နားလည်ခဲ့ရပါတယ်။ နားလည်သလောက် ပြန်ရေးပြပါရစေဦး။
ကံဆိုတာ “ကုသိုလ်ကံနဲ့ အကုသိုလ်ကံ”ဆိုတာ ရှိပါတယ်။ ကောင်းကံနဲ့ မကောင်းကံပေါ့၊
အဲဒီ ကံနှစ်ခုဟာ ပြုတိုင်းတော့ ပုံသေ အကျိုးမပေးပါဘူး။ သမ္ပတ္တိလေးပါးနဲ့ ကြုံနေရင် မိမိပြုထားတဲ့
အကုသိုလ်ကံဟာ အကျိုးမပေးနိုင်သလို ၊ ၀ိပတ္တိလေးပါးနဲ့ ကြုံနေရင်လဲ မိမိပြုထားတဲ့
ကုသိုလ်ကံက အကျိုးမပေး နိုင်သေးပါဘူး။
“သမ္ပတ္တိ” ရဲ့ အနက်က “ပြည့်စုံခြင်း”၊ “၀ိပတ္တိ” ရဲ့ အနက်က “ချွတ်ယွင်းခြင်း”ပါ။
''သမ္ပတ္တိ-လေးပါး''ဆိုတာက
၁။ ဂတိသမ္ပတ္တိ
၂။ ဥပဓိသမ္ပတ္တိ
၃။ကာလသမ္ပတ္တိ
၎။ ပယောဂသမ္ပတ္တိ
အဲဒီအထဲမှာ “ဂတိသမ္ပတ္တိ” ဆိုတာလူ့ပြည် နတ်ပြည်၊ ဗြဟ္မာပြည်ကိုပြောတာပါ။
ဘ၀ကောင်းကိုရရှိခြင်းပေါ့၊ ဂတိသမ္ပတ္တိမှာဖြစ်နေရင် “အကုသိုလ်ကံ”က
အကျိုးပေးခွင့်မသာတော့ဘူး။ ကုသိုလ်ကံရဲ့အလှည့်ရောက် နေပါတယ်။
“ဥပဓိသမ္ပတ္တိ” ဆိုတာက “ရုပ်အဆင်းလှပခြင်း” ကို ပြောတာပါ၊
လောကမှာ ဥပဓိသမ္ပတ္တိကလဲ အရေးကြီးပြန်ပါတယ်၊ အဲဒီ ဥပဓိသမ္ပတ္တိ ကိုရနေရင် အကုသိုလ်ကံ
အကျိုးပေးခွင့် မသာတော့ဘူး၊
သီဟိုကျွန်းမှာ“ဘာတိကမင်း”ဆိုတာရှိပါတယ်။အဲဒီမင်းက တိုင်းသူပြည်သားတွေကို
“နွားသားမစားရဘူး”လို့ အမိန့်ထုတ် ထားပါတယ်။ နွားသားစားခဲ့ရင် ဖမ်းပြီး ဒဏ်ငွေတပ်တယ်။
ဒဏ်ငွေမဆောင်နိုင်ရင် နန်းတော်ထဲကိုခေါ်ပြီး အမှိုက်ကျုံးတာတို့၊မြေတူးတာတို့ကိုလုပ်ရတယ်။
တစ်နေ့ မိသားစုတစ်စုက တားမြစ်ထားတဲ့ကြားက  နွားသားခိုးစားကြတယ်။
ဒီလိုနဲ့ ဘုရင့်ရဲမက်တွေက မိရောဆိုပါတော့။ ဒီတော့ ထုံးစံအတိုင်း ဒဏ်ငွေဆောင်ပေါ့။
ဒါပေမယ့် အဲဒီမိသားစုက ဆင်းရဲတော့ ဒဏ်ငွေမဆောင်နိုင်ဘူးတဲ့။
ဒဏ်ငွေမဆောင်နိုင်တော့ နန်းတော်ခေါ်ခဲ့ကြတာပေါ့၊ နန်းတော်မှာက သူတို့မိသားစုတင်မကဘူးတဲ့။
သူတို့လိုပဲ နွားသားခိုးစားကြတဲ့ တခြားမိသားစုတွေလည်းပါတယ်။အဲဒီနွားသားခိုးစားတဲ့ သူတွေကို
ဒဏ်ပေးတဲ့အနေနဲ့ အမှိုက်သိမ်း၊ မြေတူး၊ မြက်နှုတ်ပေါ့။ ဒါကိုဘာတိကမင်းက
လေသာပြတင်းက ကြည့်နေပါတယ်၊
စောစောက ပြောခဲ့တဲ့ မိသားစုထဲမှာ တော်တော်ရုပ်အဆင်းလှတဲ့ ကောင်မလေး ပါတယ်၊
နေပူကြဲကြဲမှာ ချွေးသံတရွှဲရွှဲနဲ့ ဒဏ်ထမ်းနေတဲ့ အဲဒီရုပ်လှလှကောင်မလေးကိုမြင်တော့ ဘုရင်က
“ဒီရုပ်ရည်နဲ့ ကြမ်းတမ်းတဲ့ အလုပ်တွေ မတန်ဘူး” ဆိုပြီး မင်းချင်းတစ်ယောက်ကို ခေါ်ခိုင်းလိုက်တယ်။
“သမာဒေ၀ီ” ဆိုတဲ့ ဘွဲ့ပေးပြီး ဘုရင်က သူ့အနားမှာ ခစားဖို့ထားလိုက်တယ်၊
သူ့ရဲ့မိသားစုကိုလည်း ဒဏ်ထမ်းနေရာကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပြင်
အသက်မွေး နိုင်လောက်အောင် ငွေကြေးတွေနဲ့ မစလိုက်တယ်တဲ့။
ဒါ “ဥပဓိသမ္ပတ္တိ”က အကျိုးပေးလိုက်တာပါပဲ၊
လူတစ်ယောက်ရဲ့ ဥပဓိသမ္ပတ္တိဟာ သူနဲ့နွယ်တဲ့ မိသားစုကိုလည်း အကျိုးပေးသွားတယ်၊
အဲဒီလို “ဥပဓိသမ္ပတ္တိ”နဲ့ ပြည့်စုံနေရင်လဲ“အကုသိုလ်ကံ”က အကျိုးပေးခွင့် မသာပြန်ပါဘူး။
“ကာလသမ္ပတ္တိ” ဆိုတာက မြတ်စွာဘုရားပွင့်ရာအခါ၊ စကြ၀တေးမင်းပေါ်ရာအခါ၊ မင်းကောင်းမင်းမြတ်တွေ
ပေါ်ရာအခါကို ပြောတာပါ၊
မြတ်စွာဘုရား ပွင့်နေရင် နိဗ္ဗာန်ရောက်ကြောင်းတရားတွေ 
နာကြားခွင့်ရနေမယ်စကြာဝတေးမင်းပေါ်နေတဲ့ ကာလဆိုရင်လဲ သူ့ဘုန်းကံအလျောက် တိုင်းပြည် ချမ်းသာကြွယ်ဝနေမယ်
မင်းကောင်းမင်းမြတ်တွေ အုပ်စိုးနေတဲ့ ကာလဆိုရင်လဲ
တိုင်းသူပြည်သားတွေ စားဝတ်နေရေး၊ စီးပွားရေးတွေ
ပြေလည်နေမယ်၊ ကျန်းမာရေးတွေ ကောင်းနေမယ်။
ပညာတွေ စိတ်ကြိုက်သင်ခွင့်ရနေမယ်ပေါ့။အဲဒီ ကာလ
သမ္ပတ္တိနဲ့ ပြည့်စုံနေရင်လည်း
“အကုသိုလ်ကံ”က အကျိုးပေးခွင့် မသာပြန်ဘူး။
“ပယောဂသမ္ပတ္တိ” ဆိုတာက “သတိ၊ ၀ီရိယ၊ ဉာဏ်”တွေနဲ့ 
ပြည့်စုံနေတာကို ပြောတာပါ။
လောကမှာနေသမျှ ကာလပတ်လုံး အမြဲတမ်း သတိရှိနေမယ်
သွက်သွက်လက်လက် နိုးနိုးကြားကြားနဲ့ လုံ့လ၀ီရိယရှိနေမယ်
အရာရာကို နားလည်သဘောပေါက်ပြီး ထက်မြတ်တဲ့ ဉာဏ်ပညာရှိနေမယ်၊
သတိဝီရိယဉာဏ်တွေ ယှဉ်ပြီး အားကြီးတဲ့ ကုသိုလ်တွေပြုနေမယ်။ အဲဒီလိုဆိုပြန်ရင်လဲ
အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ဘူး။
လောကမှာ ကြီးပွားချမ်းသာနေတဲ့သူတွေကို ကြည့်လိုက်ရင် ပယောဂသမ္ပတ္တိဆိုတဲ့
သတိ၊ ၀ီရိယ၊ ဉာဏ်ပညာနဲ့ ပြည့်စုံနေတဲ့သူတွေ ဖြစ်နေမယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
ဒီနေရာမှာ သတိထားရမှာက“အတိတ်ကံရဲ့သတ္တိက တစ်မတ်သား”လောက်ပဲပါတယ်။
ယခုပစ္စုပ္ပန်ဘ၀၊ သတိ၊ ၀ီရိယ၊ ဉာဏ်ဆိုတဲ့ ပယောဂသမ္ပတ္တိက “သုံးမတ်သားလောက် ပါရှိတယ်”ဆိုတာ
ကောင်းကောင်း သတိထားရမယ့်အကြောင်း
“မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ” က အထူးသတိ ပေးထားပါတယ်၊
ဆိုလိုတာက ဒီပစ္စုပ္ပန်ဘ၀မှာ ပယောဂသမ္ပတ္တိနဲ့
ကုသိုလ်ကံအကျိုးတွေကို ခံစားနိုင်ခွင့် ရှိသလို အကုသိုလ်ကံတွေကိုလဲ တားဆီးထားနိုင်တယ်၊
ဥပမာ- “အဇာတသတ်မင်း” ကိုကြည့်၊အဖကိုသတ်ထားတဲ့ ပါဏာတိပါတကံကြီးက
အ၀ီစိငရဲကို ကျိန်းသေမုချကျရမယ်။ဒါပေမယ့် သတိတွေဥာဏ်တွေဝင်လာပြီး
မြတ်စွာဘုရားကိုသွားပြီး ဆည်းကပ်လိုက်တော့
ဘုရားရှင်ကို ဆည်းကပ်လိုက်တဲ့“ပယောဂသမ္ပတ္တိ”ကြောင့် အ၀ီစိငရဲမကျတော့ဘဲ
အ၀ီစိငရဲထက်ငယ်တဲ့ “လောဟကမ္ဘီုငရဲ” မှာပဲ
ကျရတော့တယ်။နောက်အကျိုးတစ်ခုက အဲဒီငရဲက လွတ်လာရင် “၀ိဇိတာဝီ”ဆိုတဲ့
ပစ္စေကဗုဒ္ဓါဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်ရမယ်တဲ့။ဒါ ပယောဂသမ္ပတ္တိရဲ့ အစွမ်းသတ္တိတွေပါပဲ။
နောက် “၀ိပတ္တိလေးပါး”ထဲမှာ “ဂတိသမ္ပတ္တိ ”ဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့
အပါယ်လေးဘုံကို ပြောတာ၊ မကောင်းတဲ့ဘ၀ကို ရရှိတယ်ပေါ့
အဲဒီလို အပါယ်လေးဘုံဆိုတဲ့ ဂတိသမ္ပတ္တိနဲ့ ကြုံနေရင်လဲရှေးရှေးဘ၀က ကုသိုလ်ကံတွေ ရှိနေပေမယ့်
ကုသိုလ်ကံက အကျိုးပေးခွင့် မသာတော့ဘူး။
“ဥပဓိဝိပတ္တိ” ဆိုတာက ရုပ်အဆင်းမလှတာပါ၊
“ဒီပရာ” ဆိုတဲ့ ၀တ္တုမှာ မင်းကြီးက “ဒီပရာဇာ”ဆိုတဲ့ မင်းသားကို ဖွားမြင်တော့ မင်းကြီးက
သားကိုချစ်တာရော၊ မိဖုရားကိုချစ်တာရော ပေါင်းပြီး မိဖုရားကို “လိုရာဆုကို တောင်းပါ” လို့ ပြောတယ်။
မိဖုရားကလဲ “ကောင်းပြီ၊ အခုမယူသေးပါ၊ နောင်မှယူမယ်” လို့ ပြန်လျှောက်တယ်။
အဲဒီ “ဒီပရာဇာမင်းသား”က ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်မှာ ကြက်တိုက်တမ်းကစားသတဲ့။
မင်းသားဖြစ်ပြီး မကစားသင့်တဲ့ အရာကို ကစားတော့ ကြက်က နောက်ပြန်ဆုတ်ရင်း 
မင်းသားရဲ့ မျက်စိကို ခွပ်လိုက်တာ မျက်စိပျက်ရော။
ဒီလိုနဲ့ မင်းသားတစ်ဆယ့်ခြောက်နှစ်သားအရွယ်ရောက်လာတော့ မယ်တော်မိဖုရားက
မင်းကြီးဆီကပ်ပြီး “အရှင်မင်းကြီး သားဖွားစဉ်ကာလက လိုရာဆုကို
တောင်းပါလို့ အမိန့်ရှိထားပါတယ် ယခုထိုဆုကို တောင်းလိုပါတယ်”ပေါ့ ။
မင်းကြီးကလည်း “မိဖုရားမြတ်ဆုယူလော့” ဆိုတော့ မိဖုရားက
“အရှင်မင်းကြီး အကျွန်ုပ်သားအားမင်းအဖြစ်ကို ပေးတော်မူပါလော့”လို့တောင်းတယ်။
ဒီတော့ မင်းကြီးက ဘာပြန်ပြောသလဲဆိုတော့
“မိဖုရား-သင့်သားဟာ စက္ခုမစုံ၊ အင်္ဂါမြုံတဲ့သူဖြစ်တယ်။
တိုင်းပြည်နဲ့မတန်ဘူး၊ ဒါကြောင့် မင်းအဖြစ်ကိုမပေး”လို့ပြန်မိန့်လိုက်ပါတယ်။
မိဖုရားကလဲ မလျော့ဘူး၊ ထပ်တလဲလဲ တောင်းနေတော့ နောက်ဆုံး မင်းကြီးလည်း
နှုတ်ဂတိကလဲ ရှိထားဖူးတော့ “သင့်သားကန်းအား ဒီအလုံးစုံသော
သီဟိုဠ်ကျွန်းကိုတော့ မပေးနိုင်၊ အခြံအရဖြစ်တဲ့
“နာဂဒီပ ကျွန်းငယ်”၌သာ မင်းပြုလေ”လို့ ကျွန်းငယ်တစ်ခုကို ပေးလိုက်တယ်။
ဒီဝတ္တုကိုကြည့်၊ တကယ်လို့သာ “ဒီပရာဇာ မင်းသား” ဟာ ဥပဓိဝိပတ္တိနဲ့ ပြည့်စုံခဲ့ရင်
ယူဇနာသုံးရာလောက်ရှိတဲ့ သီဟိုဠ်တစ်ကျွန်းလုံးကို
မင်းအဖြစ်နဲ့ အုပ်စိုးရမှာ။ခုတော့ ဥပဓိဝိပတ္တိဖြစ်နေတော့ ကုသိုလ်ကံက
အကျိုးပေးခွင့် မသာတော့ဘူး။“ကာလ၀ိပတ္တိ” ဆိုတာက - မြတ်စွာဘုရားရှင်နဲ့ 
ဝေးနေတဲ့ကာလ၊ ဆုတ်ကပ်ကာလ၊ မကောင်းတဲ့ မင်းတွေ အုပ်စိုးတဲ့ကာလကို ခေါ်တာပါ၊
အဲဒီကာလတွေမှာ“ဒါန၊ သီလ၊ ဘ၀နာ၊ သမာဓိ၊ ပညာ”ဆိုတဲ့ ကုသိုလ်တရားတွေကို ပြုခွင့်မရ၊
စားဝတ်နေရေးတွေ ကျပ်တည်း၊ ပြည်တွင်းစစ်တွေဖြစ်။ဥပမာ အာဖဂန်နစ္စတန်တို့
ပါလက်စတိုင်းတို့လို နိုင်ငံမျိုးပေါ့။ အမြဲတမ်း စစ်တွေဖြစ်နေတော့ ပညာသင်ကြားခွင့်မရ။
စီးပွားရေးလုပ်ခွင့်မရ။ တစ်သက်လုံး ဒုက္ခသည်စခန်းမှာပဲ ရွက်ဖျင်တဲတွေထိုးပြီး နေကြရတာ။
အဲဒီကာလဆိုးတွေနဲ့ ကြုံနေရင်လဲ
ကုသိုလ်ကံက အကျိုးပေးခွင့် မရပြန်ဘူး။
“ပယောဂ၀ိပတ္တိ” ဆိုတာက “သတိမရှိ၊ ၀ီရိယမရှိ၊ ဉာဏ်မရှိတာ”ကို ပြောတာပါ၊
သတိ၊ ၀ီရိယ၊ ဉာဏ်ကင်းတဲ့သူဟာ ပညာပဲသင်သင်၊ စီးပွားရေးပဲ လုပ်လုပ်၊ အောင်မြင်မှု 
လမ်းကြောင်းနဲ့ ဝေးတတ်ပါတယ်။ ဒါပြောသာပြောရတယ်။
သတိ၊ ၀ီရိယ၊ဉာဏ်ကင်းပြီဆိုရင် ပညာလည်း ကောင်းကောင်းသင်မှာမဟုတ်တော့သလို
စီးပွားရေးလဲ ကောင်းကောင်းလုပ်တော့မှာ မဟုတ်ပါဘူး၊ငွေလွယ်လွယ်ရတဲ့ အကုသိုလ်နဲ့ မကင်းတဲ့
အလုပ်တွေပဲ လုပ်တော့မှာ။ ဒီတော့ ကုသိုလ်ကံက ဘယ်လိုလုပ်လာပြီး အကျိုးပေးတော့မလဲ။
အထက်ကပြောခဲ့တဲ့ စကားတွေကို ပြန်အနှစ်ချုပ်လိုက်ရင် “သမ္ပတ္တိလေးပါး နဲ့ ပြည့်စုံနေမယ်” ဆိုရင်
အကုသိုလ်ပြုခဲ့ရင်တောင် အကုသိုလ်အကျိုးပေးခွင့်မသာဘဲ ကုသိုလ်ကံကချဉ်း အကျိုးပေးနေပါလိမ့်မယ်။
“၀ိပတ္တိလေးပါး” နဲ့ ကြုံနေမယ်ဆိုရင်လည်းကုသိုလ်ကံအကျိုးပေးခွင့်မသာဘဲ အကုသိုလ်ကံကချည်း
အကျိုးပေးနေပါလိမ့်မယ်။ဒီနေရာမှ အဓိက ပြောချင်တာကတော့
“ပယောဂသမ္ပတ္တိ”ပါ၊ လူတစ်ယောက်အတွက်“ဂတိသမ္ပတ္တိ၊ ဥပဓိသမ္ပတ္တိ၊ ကာလသမ္ပတ္တိ”ဆိုတဲ့
တရားသုံးပါးက ပြုပြင်ယူလို့ ခက်ခဲပေမယ့် “ပယောဂသမ္ပတ္တိ” ကတော့ ပြုပြင်ယူလို့ ရပါတယ် ။
ဒါကို ကိုယ်က သိထားဖို့ပါပဲ။
“အတိတ်ပယောဂသမ္ပတ္တိ”ကတော့ ပြုပြင်ယူလို့မရတော့ ထားလိုက်ပါတော့၊
ပြုပြင်ယူလို့ရတဲ့ “ ပစ္စုပ္ပန်ပယောဂ သမ္ပတ္တိ”ကို ပြုပြင်သွားဖို့ ပါပဲ၊
ဥပမာ ကိုယ်က ရုပ်မလှခဲ့ရင်“အော် … ငါဟာ အတိတ်ဘ၀က စိတ်ထားညံ့ခဲ့လို့
ဒီဘ၀မှာ ရုပ်မလှတာ၊ ဒီဘ၀မှာ စိတ်ထားလှအောင်နေမယ်။ရုပ်လှရာ လှကြောင်း 
ကုသိုလ်တွေကို ပြုမယ်”ဆိုပြီး
● သတိယှဉ်တာ၊ စိတ်ချမ်းသာအောင်နေတာ၊
● ဥတုနဲ့ သင့်လျော်တဲ့ အစာအဟာရကို စားတာ၊
● အချိန်မှန်အိပ်ပြီး၊ အချိန်မှန်စားတာ၊
● ပညာကို ၀ီရိယရှိရှိ ကြိုးကြိုးစားစားနဲ့ သင်ယူတာ ၊
● အခွင့်သင့်တိုင်း စွမ်းနိုင်တဲ့ ကုသိုလ်တွေကို
စေတနာပါပါနဲ့ ပြုတာ၊
● နိုးနိုးကြားကြားနဲ့ သတိရှိရှိနေတာ စသည်ဖြင့်ပေါ့။
ဒါတွေဟာ “ပစ္စုပ္ပန်ပယောဂသမ္ပတ္တိ” ကို ကောင်းအောင် ပြုပြင်ယူတာပါပဲ။
ကျန်တာတွေတော့ ထားလိုက်ပါတော့လေ။ ပြုပြင်ခွင့်ရှိတဲ့ “ပစ္စုပ္ပန်ပယောဂသမ္ပတ္တိ” ကိုတော့
ပြုပြင် တည်ဆောက်တတ်ဖို့ ပါပဲလေ။ဒါဆို ရသင့်ရထိုက်တဲ့ အကျိုးကတော့
အခွင့်သင့်လာပါလိမ့်မယ်။
ဆရာတော် ရဝေနွယ်(အင်းမ) ရေးသားသော
“သံသရာခရီးဖော်” စာအုပ် စာမျက်နှာ ၅၂ - ၆၁ မှ
#Credit to Young Buddhist's Association

Monday, May 2, 2016

မြတ်စွာဘုရား ၏ ကိုယ်ရည်ကိုယ်သွေးသတ်မှတ်ချက်


 မြတ်စွာဘုရားသည် လောကီလောကုတ္တရာ နှစ်ဖြာသော အကျိုးအတွက် လူမှုရေး၊ 
စီးပွားရေး၊ ဘာသာရေး ပါမကျန် ဟောကြား ညွှန်ကြားပေးတော်မူခဲ့သည်။ 
စိတ်နေစိတ်ထား မြင့်မားရေးသာမက လူနေမှု ဘ၀မြင့်မားစေရန်အတွက်ပါ 
ဟောကြားတော်မူခဲ့သည်။ မိဘနှင့် သားသမီး ဆက်ဆံရေး၊ အလုပ်ရှင်
အလုပ်သမား ဆက်ဆံရေး၊ အိမ်ထောင်ရှင်များ၏ ဆက်ဆံရေးပါမကျန်
 ဟောကြားဆုံးမပေးခဲ့သည်။ အနာဂါတ်တွင် သာယာ ငြိမ်းချမ်းတိုးတက်သော
ဘ၀ များကို တည်ဆောက်နိုင်ရန် လူငယ်လူရွယ်များတွင် ကိုယ်ရည်ကိုယ်သွေး
 ပြည့်ဝဖို့ အလွန်အရေးကြီးပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဒ၏ ကိုယ်ရည်ကိုယ်သွေး
သတ်မှတ်ချက်များမှ မှတ်သားမိသည်များအား မျှဝေလိုက်ပါသည်။


၁။ ဆုံးမလွယ်သူဖြစ်ခြင်းဆိုတဲ့ အရည်အချင်းတစ်ရပ် 
( သူ့ရဲ့ ဆန့်ကျင်ဘတ် ဆုံးမခက်ခဲသူဖြစ်ခြင်း သဘောကိုပါ နားလည်ရမယ်)
၂။ အဆွေခင်ပွန်းကောင်း ရှိသူဖြစ်ခြင်း
၃။အကြောင်းဟုတ်သည် မဟုတ်သည်ကို လိမ္မာသောသူဖြစ်ခြင်း
၎။ဖြောင့်မတ်သောသူဖြစ်ခြင်း
၅။နူးညံ့ပြေပြစ်သောသူဖြစ်ခြင်း
၆။သည်းခံနိုင်သူဖြစ်ခြင်း
၇။ကောင်းသောအမှု၌ မွေ့လျော်သူဖြစ်ခြင်း
၈။ချစ်ခင်ပြေပြစ်သော စကားကို ပြောဆိုတတ်သူဖြစ်ခြင်း
၉။ပျူငှာ ဖော်ရွေသူဖြစ်ခြင်း
၁၀။မျက်စိက္ကနြေ္ဒကို စောင့်ထိန်းတတ်သူ ဖြစ်ခြင်း
၁၁။စားဖွယ် (ဘောဇဉ်) ၌အတိုင်းအရှည်ကို သိသူဖြစ်ခြင်း
၁၂။သတိမမေ့လျော့သူ ဖြစ်ခြင်း
၁၃။သမ္ဗဇဉ် (ဆင်ခြင်) ၊ဥာဏ်ကောင်းသူ ဖြစ်ခြင်း (မတုန်မလှုပ် ဆင်ခြင်နိုင်ခြင်းရှိသူ ဖြစ်ခြင်း)

 မြတ်ဗုဒ္ဓရဲ့ ကိုယ်ရည်ကိုယ်သွေး သတ်မှတ်ချတ်များနှင့် ပြည့်စုံပြီး အနာဂါတ်နိုင်ငံတော်အတွက် အားကိုးအားထားရသော နိုင်ငံသားကောင်းသမီးကောင်းများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း

 Posted by khaingsukyi 

Monday, November 30, 2015

စိတ်




လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်

ကျင်လည်စိတ်ကြောင့်သာ..။

အပါယ်လေးပါးသွားသူများ

မှတ်သားစိတ်ကြောင့်သာ..။

နိဗ္ဗာန်သာခေါင် ဘေးမဲ့သောင်

စိတ်ဆောင်ရောက်မည်သာ..။

 တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ 



Friday, September 11, 2015

မှန်မှန်မှားမှား ကုသိုလ်ပွားပါစေ




မှန်မှန်မှားမှား ကုသိုလ်ပွားပါစေ
သူမှန်လျှင် ၀မ်းမြောက်
သူမှားလျှင် သနား
အပြန်အလှန် လေးစားပါ။
(ပဲခူးမြို့မဆရာတော်ကြီး)

အတွင်းသန္တာန်၌ က္ကုသာမစ္ဆရိယ မြုခိုးများဖုံးလွှမ်းနေသောသူများသည်သူတစ်ပါး၏ အောင်မြင်မှန်ကန်သော စွမ်းဆောင်မှုအပေး အရှိပကတိအတိုင်းကြည်ကြည်လင်လင်လက်ခံ အသိအမှတ်ပြုလေ့မရှိတတ် က္ကုသာမစ္ဆရိယမြုခိုးတို့ပိတ်ဆို့ကာဆီးထားသေားကြောင့် သူတစ်ပါး၏ အောင်မြင်မှုအပေါ်
အရှိကိုအရှိအတိုင်း ပီပီပြင်ပြင် ရှုမြင်နိုင်စွမ်း မရှိကြပေ။သူတစ်ပါး မှန်ကန်သော လုပ်ဆောင်ချက်၊ အောင်မြင်မှုကို လက်ခံအသိအမှတ်မပြုခြင်း၊၀မ်းမြောက်ဝမ်းသာမပြုနိုင်ခြင်းသည် စိတ်၏ အညစ်အကြေးဖြစ်ပါ၏။ကုသိုလ်စေတသိတ်ဖြစ်ပါ၏။ ဤသို့သော စိတ်ထားမျိုးကို အတွင်းသန္တာန်၌
ရှင်သန်ခွင့် မပြုသင့်ပါ။

လူတစ်ယောက်၏ လုပ်ရပ်သော်လည်ကောင်း၊ အယူအဆသော်လည်းကောင်း၊မှန်ကန်နေလျှင် ဘ၀င်ကျကျလက်ခံလိုက်ပါ။ ရိုးရိုးသားသားအသိအမှတ်ပြုလိုက်ပါ။ပြီးလျှင် လှိုက်လှိုက်လှဲလှဲ ၀မ်းသာလိုက်စမ်းပါ။ စိတ်အစဉ်သည် လွတ်လပ်ပေါ့ပါးသွားပေလိမ့်မည်။
ရွှင်လန်းးချမ်းမြေ့သွားပေလိမ့်မည်။ သူမှန်လျှင်ဝမ်းမြောက်ခြင်းမှာ အထက်တန်းကျသော မုဒိတာစိတ်ဖြစ်ပါ၏။ကုသိုလ်စိတ်ဖြစ်ပါ၏ ။
ကုသိုလ်စိတ်ဖြစ်သောကြောင့် ကောင်းကျိုးပေးပါလိမ့်မည်။ ဤသို့သောစိတ်နေစိတ်ထားမျိုးကို အတွင်းသန္တာန်တွင် ထာဝစဉ် ရှင်သန်အောင် တယုတယမြတ်မြတ်နိုးနိုးပျိုးထောင်မွေးမြုအပ်ပါ၏။

အတွင်းသန္တာန်၌ ကရုဏာတရား ဖြူရော်သွေ့ချောက်သူများသည် သူတစ်ပါး၏ မှားယွင်းမှု ၊ဆုံးရှုံးမှုအပေါ်တွင်ပြစ်တင်လေ့ရှိ၏။ ရှုံ့ချလေ့ရှိ၏။ ကဲ့ရဲ့လေ့ရှိ၏။ သူတစ်ပါး၏ အမှားကို
ပကတိအရှိထက်ပို၍ ကြီးထွားသယောင် ပုံကြီးချဲ့ပြောလေ့ရှိ၏။ ဤသည်မှာသူတစ်ပါး၏ အမှားအပေါ်တွင် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းတတ်မှုမရှိခြင်းကြောင့် ဖြစ်ပေါ်လာသော အကုသိုလ်မှုများဖြစ်ပါသည်။

ပုထုဇဉ်မှန်သမျှ အမှားမကင်းနိုင် အမှားအနည်းအများ အထူအပါးသာ ကွာခြားပေလိမ့်မည်။
သူ့အမှားမျိုး မိမိလည်း မှားခဲ့ဖူးပေ လိမ့်မည်။ သို့မဟုတ်နောင်တစ်ချိန်ချိန်တွင် မှားကောင်းမှားနိုင်သည်။ သူများအမှားကိုမြင်လျှင်သူကဲ့သို မိမိမမှားအောင် သင်ခန်း စာယူရပေလိမ့်မည်။ ဤသည်မှာ အသိဥာဏ်ရေးရာအရအကျိုးရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ပါ၏။ ခံစားမှုအနေဖြင့်မူ သူမှားလျှင်
သနားလိုက်ပါ။ သူ့အမှားကို ခွင့်လွတ်လိုက်ပါ။ သူမကျွမ်းကျင်၍ ဥာဏ်ရည်မမီ၍မှားသွားတာ ဖြစ်မှာပါ ဟူသော နှလုံးသွင်းမျိုးဖြင့် ကြင်နာလိုက်စမ်းပါ။
သနားကြင်နာခြင်းသည် စိတ်ဓါတ်၏ အပိုင်းအခြားမရှိသော ကြင်နာမှုအင်္ဂါရပ်တစ်ရပ်ဖြစ်ပါသည်။ ကုသိုလ် စေတသိတ် ဖြစ်သောကြောင့် ကောင်းကျိုးကိုသာပေးဝေငှပါလိမ့်မည်။

သူမှန်လျှင်ဝမ်းမြောက်၊ သူမှားလျှင်သနားခြင်း သည်နှလုံးသွင်းကောင်းမွန်ခြင်း၊ စိတ်ရင်းစေတနာ သန့်စင်မွန်မြတ်ခြင်း၏ သွင်ပြင်လက္ခဏာဖြစ်ပါ၏။

သူတစ်ပါး၏ အောင်မြင်မှု ၊မှားယွင်းရှုံးနိမ့်မှုအပေါ်တည်မှီ၍ အကုသိုလ်တရားများမပွားများစေသင့်ပါ။ ကုသိုလ်တရားများသာ ဖြစ် ပွားအောင် သတိတရားဖြင့်
နှလုံးသားကို အလှဆင်ပါလေ.......။ ။
(ပဲခူးမြို့မဆရာတော်ကြီး) 
ခင်မင်မှု မေတ္တာဖြင့်
ခိုင်စု
Posted by khaingsukyi 
 

Sunday, August 30, 2015

မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်း ( ဆရာတော် ဦးဇောတိက )



The will to extend one's self for the purpose of nurturing one's own of another's spiritual growth.

              မိမိကိုယ်ကို ပိုပြီးတော့ အသိဥာဏ်ကြီးမားလာအောင် တိုးတတ်အောင် လုပ်တာနဲ့၊ သူတစ်ပါး ကို လည်းပဲ ပိုပြီးတော့ အသိဥာဏ် ကြီးမားလာအောင် တိုးတတ်လာအောင် ဆောင်ရွက်ပေးတာ မေတ္တာပါ။

  မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်း ဆိုတာ သေသေချာချာစဉ်းစားမှနော်။ အကျိုးကိုလိုလားခြင်း ဆိုတာ ဘာလဲ။ ဘယ်လိုလဲဆိုတာ သိမှဖြစ်မယ်။ အဲဒီတော့ အကျိုးကိုလိုလားခြင်းဆိုတာဟာ အသိဥာဏ်ရှိမှ ဖြစ်နိုင် တာနော်။ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူး ဆိုတာ မသိဘဲနဲ့ အကျိုးကို လိုလားတယ်ဆိုတာ မဖြစ်နိုင်ဘူး။

မောင်းထောင်သာသနာပိုင်ဆရာတော်နှင့် တောင်ငူမင်းသား



            ကုန်းဘောင်ခေတ် စာမျက်နှာတွေ လှန်လိုက်ရင် ရှေ့ပိုင်းစာမျက်နှာတွေ ဖတ်ရတာ အားပါ သလောက် နောက်ပိုင်း စာမျက်နှာတွေ ကျတော့ သိပ်ပြီး အားမပါတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ “ဇာတ်သိမ်းပိုင်း” ကို သိထားပြီး ဖြစ်တာကိုး၊ ဆရာညိုမြကတော့ ကုန်းဘောင်ရှာပုံတော် စာအုပ်ထဲမှာ ကုန်းဘောင်တစ်ခေတ်ကို နေထွက်ချိန်၊ မွန်းတည့်ချိန်၊ နေ၀င်ချိန်ဆိုပြီး လောကနေ့ တစ်နေ့နဲ့ ဥပမာပေးထားပါတယ်။ အတက်ကာလ၊ အဆင်းကာလအားဖြင့် ပြောမယ်ဆိုရင်တော့ အလောင်းမင်းတရား ကနေ ဘိုးတော်ဘုရား နတ်ရွာစံတဲ့အထိကို အတက်ကာလ၊ ဘကြီးတော် မင်းတရားကနေ သီပေါမင်း အထိကို အဆင်းကာလလို့ ဆိုထားပါတယ်။ ပြီးတော့ ကုန်းဘောင်ခေတ် (ရှေ့ပိုင်း) မြန်မာပြည် မြေပုံအရ အာသံ၊ မဏိပူရ၊ ဇင်းမယ်၊ အယုဒ္ဓယတို့ဟာ မြန်မာ့ အင်ပါယာ ဖြစ်ခဲ့ဖူးပါတယ်။ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဟာ လောကဓမ္မတာဆိုပေမယ့် သမိုင်း ကျရှုံးခြင်းတွေကျတော့ နောင်မျိုးဆက်များစွာအထိ ဒီကျရှုံးမှု ဒဏ်ရာတွေကို ခံစား ရပါတယ်။ ရေးနေကျ ရွှေစကားအကြောင်း မရေးခင် ဒီအတွေးတွေ အရင်ဝင်လာတာ ကတော့ ရွှေစကားအတွက် ရေးဖို့လှန်ထားတဲ့ စာမျက်နှာတွေက ကုန်းဘောင်ခေတ် စာမျက်နှာတွေ ဖြစ်နေလို့ပါ။ ကဲ…ကုန်းဘောင်ခေတ်စာမျက်နှာ တွေထဲက ရွှေစကားတို့ရဲ့
 မြစ်ဖျားခံရာ လိုက်ကြည့်လိုက်ကြရအောင်။
            တစ်နေ့မှာ မောင်းထောင်သာသနာပိုင် ဆရာတော်က ဦးတေဇဆိုတဲ့ ဦးပဉ္စင်းငယ်တစ်ပါးကို စာပြန်ခိုင်း ပါတယ်။ စာပြန်ရတာက သမားရိုးကျပုံစံနဲ့ စာပြန်ရတာ မဟုတ်ပါဘူး။ ဆိုင်းမဆင့် ဗုံမဆင့်ခေါ်ပြီး ပြန်ခိုင်းတာပါ။ ပြန်ခိုင်းတဲ့ စာတွေကတော့ ဘိက္ခုပါတိမောက် ပါဠိနိဿယ အကုန်၊ ဘိက္ခုနီပါတိမောက် ပါဠိနိဿယ အကုန်၊ ခုဒ္ဒကသိက္ခာ ပါဠိ နိဿယ အကုန်၊ မူလသိက္ခာ ပါဠိနိဿယ အကုန်ပါ၊ ဒီစာတွေက ၀ိနည်းပိုင်းဆိုင်ရာ စာတွေပါ။ စာပြန်ရမယ်လို့ ကြိုတင်သိမထားတာ ရယ်၊ ပြန်ခိုင်းတဲ့ စာတွေက များလွန်းနေတာရယ်ကြောင့် ဦးတေဇက အကုန်မရပါဘူး။ တစ်ချို့တစ်ဝက်ကိုပဲ ရပါတယ် ။ မောင်းထောင်သာသနာပိုင် ဆရာတော်ကလည်း မရမချင်း အထပ်ထပ် ပြန်ခိုင်းပါတယ်။ အစကတည်းက ကြိုတင် ပြင်ဆင်ခွင့် မရလာတာကြောင့် ဘယ်လို ပြန်ခိုင်း ပြန်ခိုင်း မရပါဘူး။ ဒါကြောင့် စာမရ၊ ရ ကောင်းလားဆိုပြီး သဲဒဏ်၊ ရေဒဏ်ပေးပါတယ်။

 စာပြန်ခိုင်း ခံရသူ ဦးတေဇဆိုတာက တခြားမဟုတ်ပါဘူး၊ တောင်ငူမင်းသားရဲ့ ရဟန်းပါ။  တောင်ငူမင်းသား က သူ့ရဟန်း မောင်းထောင်သာသနာပိုင်ကျောင်းမှာ ဒဏ်ထမ်းနေရတဲ့ သတင်းကို ကြားသွားပါတယ်။ သတင်းကြားတာနဲ့ ကျောင်းကို တစ်ခါတည်း ထလိုက်သွားပါတယ်။ ကျောင်းရောက်တော့ သူ့ရဟန်း ပင်ပင် ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ ဒဏ်ထမ်းနေတာကို မြင်ရပါတယ်။ သူ့ရဟန်းအတွက် အတော်လည်း စိတ်မကောင်းဖြစ် ဟန်တူပါတယ်။ ဒါကြောင့် သာသနာပိုင်ဆရာတော်ဆီ သွားပြီး “တပည့်တော်ရဲ့ရဟန်း စာမရပေမယ့် ၀ိနည်းသိက္ခာနဲ့ ဆန့်ကျင်တဲ့ အကျင့်ပျက်မှုများ ရှိပါသလား” လို့ လျှောက်ထားပါတယ်။ သာသနာပိုင်ဆရာတော်က “အကျင့် သိက္ခာပုဒ် မပျက် လိုက်နာကြောင်း ငါသိတယ်၊ ဒင်း…စာမရလို့ ငါဒဏ်ပေးတာ” လို့ ပြန်အမိန့်ရှိပါတယ်။ ဒီတော့ တောင်ငူမင်းသားက “စာမရသော်လည်း အကျင့်သိက္ခာပုဒ် မပျက်ရင် သည်းခံတော်မူသင့်ပါတယ်၊ မေ့နေတဲ့ စာကို နောင်ပြန်ကျက်ရင် ရနိုင်တာပဲ မဟုတ်လားဘုရား” လို့ ပြန်လျှောက်ပါတယ်။ သာသနာပိုင်ဆရာတော်ကလည်း “မဟုတ်ဘူး မင်းသားရဲ့၊ ဒင်း ၀ိနည်း သိက္ခာကျမ်းကို အာဂုံအမြဲ ဆောင်ထားရမှာကို အရ ဆောင်မထားလို့ နောင် မှတ်သွားအောင် ငါက ဒဏ်ပေးတာ” လို့ ထပ်မိန့်ပါတယ်။ တောင်ငူမင်းသားက ကိုယ့်ရဟန်းဆိုတဲ့ သံယောဇဉ်ရယ်၊ မင်းသားဆိုတဲ့ ဂုဏ်ရယ်ကြောင့် “မာန်” လေးဝင်လာပုံရပါတယ်။ အဲဒီဝင်လာတဲ့ “မာန်”လေးနဲ့အတူ တောင်ငူမင်းသားက “အရှင်ဘုရားဟာ မဟုတ်သေးပါဘူး၊ အရှင်ဘုရားက အခုချက်ချင်း အကုန် ရရမယ်လို့ အမိန့်ချပြီး ချက်ချင်း ပြန်ခိုင်းတော့ ဘယ်လာရနိုင်မှာလဲ၊ စာကျက်ရက် ပေးပြီး ပြန်ခိုင်းတာ မရလို့ ဒဏ်ပေးတယ်ဆို တော်သေး၊ အခု အပြစ်ပေးတာလည်း အတော် ပင်ပန်းနေပြီ၊ သည်းခံတော်မူပါဘုရား”  လို့ လျှောက်ပါတယ်။

Saturday, May 9, 2015

နှလုံးလှအဆုံးအမတော်များ ( မင်းနန် - မော်ကျွန်း )


ဓမ္မဒူတ ဆရာတော်ဘုရားကြီး၏ နှလုံးအလှ အဆုံးအမတော်များ
အဆုံးအမ သြ၀ါဒဆိုတာ
နာခံသူက
တကယ်လိုက်နာရင်
တစ်သုတ် ၊တစ်ပိုဒ် ၊တစ်ခွန်းကလေးဖြစ်ပါစေ
တကယ်အကျိုးရှိတယ်
တန်ဖိုးလည်းကြီးတယ်
ကိုယ်နဲ့သင့်တော်တဲ့
ကျင့်လည်းကျုင့်နိုင်တဲ့
အဆုံးအမကို
တစ်သက်လုံး
တစ်သံသရာလုံးအတွက်
ယူတတ်ပါစေ။
(ဓမ္မဒူတ ဆရာတော် အရှင်ပညာဇောတ)



လူသားတစ်ဦးချင်း၏ ဘ၀ရုပ်တုကို ပုံဖော်ထုဆစ်သော ပန်းပုဆရာမှာ ထိုသူ၏
ကံသုံးပါးသားဖြစ်၏။ ကာယကံ ၊ ၀စီကံ ၊မနောကံ ဟူသော ကံသုံးပါးတွင် မနောကံသည်
အကြီးအမှုး အဦးအဆောင်ဖြစ်သည်။ မနောကံ၏ စေခိုင်းညွန်ကြားမှုအောက်တွင် ကာယကံ
ဝစီကံတို့ ဖြစ်တည်လှုပ်ရှား လာရခြင်း ဖြစ်ပါ၏။


မြတ်ဘုရားက စိတ်၏ စွမ်းအင်နှင့် ပတ်သတ်၍ ဤသို့ဟောကြားတော်မူ ခဲ့ပါ၏ ။

လောကကို စိတ်သည် ဖြစ်အောင် ဆောင်တတ်၏
ဖျက်လည်း ဖျက်ဆီးတတ်၏ ။ လောကကို စိတ်သည် ပြုပြင်၏ ။ စိတ်ဟု ဆိုအပ်သော တစ်ခုတည်းသော အရာ၏ အလိုသို့ အလုံးစုံသော တရားတို့သည်ပင်လျှင် အစဉ်လိုက်ကြရကုန်၏။

(သဂါထ ၀ဂ္ဂသံယုတ် ပါဠိတော်)
လူသားတစ်ဦးချင်းဆီ၏ ဘ၀ကို သူ၏ စိတ်နှလုံးက ဖန်တီးထားခြင်းဖြစ်ပါသည်။ ငြိမ်းချမ်းသော ၊တည်ငြိမ်သော၊ ပျော်ရွှင်သော၊
ဘ၀ကောင်း ဘ၀မွန်တစ်ခုကို စိတ်ကောင်း နှလုံးကောင်းဖြင့်သာ ဖန်တီးတည်ဆောက် ၍ ရနိုင်သည်။ ဤသည်မှာ အမြဲတမ်း
မဖောက်မပြန် မှန်ကန်သော လောကနိယာမတစ်ခု ဖြစ်ပါသည်။
လူသားတစ်ဦး၏ ဘ၀ သာယာလှပဖို့ ၊ငြိမ်းချမ်းပြေလွင်ျဖို့ ၊ ကောင်းမွန်သန့်စင်ဖို့ ၊ထိုသူ၏ စိတ်ဓါတ် နှင့် စိတ်ဓါတ်အင်္ဂါများ စင်
ကြယ်ဖို့ လိုပါသည်။ စိတ်ဓါတ် နှင့် စိတ်ဓါတ်အင်္ဂါများ မသန့်ရှင်း မစင်ကြယ်သမျှ ဘ၀လည်း စင်ကြယ်သန့်စင်လိမ့်မည် မဟုတ်ပါ။

မသိမှု၊ မကောင်းမှုကို မရှက်ခြင်း၊ မကောင်းမှုကိုမကြောင်ခြင်း၊ပျံ့လွင့်ခြင်း ၊ တက်မက်ခြင်း၊ အမြင်မှားခြင်း၊ထောင်လွားခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း ၊၀န်တိုခြင်း၊ နောင်တဖြစ်ခြင်း၊စိတ်မအီသာခြင်း၊ ဆုံးဖြတ်နိုင်မှု
မရှိခြင်း၊........စသည်များသည်
စိတ်နှလုံးကို ညစ်နွမ်းစေ ၊ပူလောင်စေ၊ ဆူပွတ်စေ၊ ယောက်ယတ်ခတ်စေသော စိတ်ဓါတ်၏ မစင်ကြယ်မှု အင်္ဂါများ ဖြစ်ပါသည်။
အကြင်သူုတစ်ဦး၏ စိတ်နှလုံး၌ အထက်ပါစိတ်၏ မစင်ကြယ်မှုများ ထူထူထဲထဲ ဖုံးလွမ်းယှက်တင်
နေပါအံ့၊ ဓနဥစ္စာ ရာထူးဂုဏ်သိန် အကျော်အစောတို့ မည်မျှပင် ပြည့်စုံနေစေ
၊ထိုသူ၏ ဘ၀သည် မည့်သည်နည်းနှင့်မျှ ငြိမ်းချမ်းသာယာလိမ့်မည်
မဟုတ်ချေ။
ယုံကြည်မှု၊ သတိရှိမှု ၊မကောင်းမှုကို ရှက်ခြင်း၊ မကောင်းမှုကို ကြောက်ခြင်း၊ တပ်မက်မှုကင်းခြင်း၊ မေတ္တာစိတ်ရှိခြင်း ၊ တည်ကြည်
ခြင်း၊စိတ်တည်ငြိမ်ခြင်း ၊ စိတ်ဓါတ်ပေါ့ပါးခြင်း၊ စိတ်ဓါတ်နူးညံ့ခြင်း ၊ စိတ်ဓါတ်ကြံ့ခိုင်ခြင်း ၊
စိတ်ဓါတ်စွမ်းအင်ရှိခြင်း၊ စိတ်ဓါတ်ဖြောင့်မတ်ခြင်း၊ စသည်များသည်
စိတ်နှလုံးကို မြင့်မြတ်စေ ၊ သန့်စင်စေ ၊တည်ကြည်ငြမ်သက်စေ၊
အေးချမ်းရွှင်လန်းစေ
သော စိတ်ဓါတ်စင်ကြယ်မှု အင်္ဂါများ ဖြစ်ပါ၏။ အကြင်သူတစ်ဦး၏ စိတ်နှလုံးထဲ၌ အထက်ပါအင်္ဂါများ ဖွဲ့တည်နေရာယူထားပါအံ့။
ဓနဥစ္စာ ရာထူးဂုဏ်သိန် အကျော်အဇောတို့ ကြွယ်ပိုကြွယ်ဝ မရှိသည်တိုင် မြင့်မြတ်သော တန်ဖိုးရှိသော တည်ငြိမ်အေးချမ်သော
ဘ၀ကောင်း ဘ၀မွန်တစ်ခုကို ဖန်တီးထူထောင်နိုင်ပေလိမ့်မည်။



စိတ်နှလုံးမြင့်မြတ်လျှင် ဘ၀လည်း မြင့်မြတ်ပေလိမ့်မည်။
စိတ်နှလုံးသန့်စင်လျှင် ဘ၀လည်း သန့်စင်ပေလိမ့်မည်။
စိတ်နှလုံးအေးချမ်းလျှင် ဘ၀လည်း အေးချမ်းပေလိမ့်မည်။
စိတ်နှလုံးသိမ့်မွေ့ နူးညံ့လျှင် ဘ၀လည်း သိမ့်မွေ့နူးညံ့ပေလိမ့်မည်။
စိတ်နှလုံး လှပလျှင် ဘ၀လည်း လှပပေလိမ့်မည်။

မျိုးဆက်သစ်လူငယ် လူရွယ်တို့၏ ဘ၀လှပအောင် သန့်စင်အောင် သူတို့၏ အတွင်းသန္တာန် (စိတ်နှလုံး) ကိုလှပအောင် ၊သန့်စင်
အောင် ၊ အေးချမ်းအောင် ၊ သိမ်မွေ့နူးညံ့အောင် ၊ ဖန်တီးပေးရပေလိမ့်မည်။ ဤယုံကြည်ချက် အရ သတ္တ၀ါဝေနေယျတို့ အပေါ်၌
မေတ္တာစိတ် ကရုဏာစိတ် ထွန်းပတော်မူသော တေရ၀ါဒီ ထေရ်အရှင်မြတ်ကြီးများ၏ နှလုံးသား လှပ မြင့်မြတ်သန့်စင်စေသော
အဆုံးအမတော်များကို ၊မျိုးဆက်သစ် လူငယ် လူရွယ်တို့ တစုတဝေးတည်း ဖတ်ရှုကြည်ညိုနိုင်စေရန် စိစဉ်ရေးသားရခြင်း ဖြစ်ပါသည်။


မင်းနန် (မော်ကျွန်း)
Posted by khaingsukyi 

 

Tuesday, May 5, 2015

ဘယ်မှာငါဟု ရှိအံ့နည်း




လောကဇာတ်ခုံ ဤလူ့ဘုံ၌
မျိုးစုံကကြ မာန်မာနနှင့်
ငါဟာရာဇာ ငါဟာသူဌေး
ငါပဂေးဟု ငါသွေးတက်ကြွ
လူ့ဗာလတို့ များလှဖြာဖြာ
အဝိဇ္ဇာနှင့် တဏှာဘီလူး
အမှောင့်ပူး၍ ကျူးကျူးကျော်ကျော်
ဂုဏ်ကိုဖော်လျက် မော်မော်မောက်မောက်
ငါတစ်ယောက်သာ မိုးအောက်တစ်လွှား
ရွှေကိုယ်လားဟု ထင်မှားမလွဲ
သို့စဉ်စွဲလည်း…
ဇာတ်ပွဲပြီးက ပြည့်ဖုံးချသော်
သုဘရာဇာ မြေအောက်မှာပင်
ဘာသာလူမျိုး ချိန်မထိုးဘဲ
ပုပ်သိုးခန္ဓာ မြုပ်ရရှာသည်
ဘယ်မှာငါဟု ရှိအံ့နည်း။

- မိုးကုတ်ဆရာတော်ဘုရားကြီး

Tuesday, April 28, 2015

စိတ်တည်ကြည်ငြိမ်းအေးသောသူ



                စိတ်ကြည်လင်ငြိမ်းချမ်းမှုဟူသည် အသိဥာဏ်ပညာမှ ထွက်ပေါ်လာ သည့် ကျောက်မျက်ရတနာ တစ်ပါး ဖြစ်သည် ။ ။ ငြိမ်းချမ်းခြင်း သည် မိမိကိုယ့်ကို စောင့်ကြည့် ထိန်းချုပ်သော အလုပ်ကို နှစ်ရှည်လများ လုပ်ကိုင်ခဲ့ခြင်း၏ အကျိုးရလဒ်လည်း ဖြစ်ပေ သည်။  စိတ်ကြည်လင် ငြိမ်းချမ်းခြင်းသည် အတွေ့အကြုံ ရင့်ကျက်မှု ကို ပြသည်။
               မိမိကိုယ်ကို အတွေးအကြံမှ ဖြစ်ပေါ်လာသော သူဟူ၍ သိမြင်နားလည်လာသည်နှင့်အမျှ လူသည် တည်ငြိမ်အေးချမ်းမှု ရှိလာ  သည်။ ထိုသို့ သိသောသူသည် အခြားသူများအားလည်း သူတို့အတွေးအကြံ အသီးသီး၏ ရလဒ်များ အဖြစ်နားလည်သဘောပေါက်ကာ မှန်ကန်စွာ သုံသပ်ရှုမြင်နိုင်လာသည်။ ထိုအခါ သူသည် စိတ်ဂနာမငြိမ်ခြင်း၊ ယောက်ယက်ခတ်ခြင်း၊ ဒေါသအမျက်ထွက်လွယ် လှုပ်ရှား ထကြွလွယ်ခြင်း များ လျော့ပါး ပျောက်ကွယ်သွားလိမ့်မည်။ စိုးရိမ်ကြောင့်ကြနှင့် သောက ဗျာပါဒများလည်း ကင်းပကာ က္ကနြေ္ဒသမ္ဖတိရှိသူ၊ မယိမ်းမယိုင် ကြံ့ခိုင်သူ၊ တည်ငြိမ်အေးချမ်းသူ ဖြစ်လာပေမည်။

Wednesday, March 25, 2015

ဗုဒ္ဓဘာသာ နှင့် လူမှုဆက်ဆံရေး

 



            ❖ ဗုဒ္ဓဘာသာ နှင့် လူမှုဆက်ဆံရေး (၁)

လူ့ဘောင်ပတ်ဝန်းကျင်တွင် အချင်းချင်းအပြန်အလှန်ဆက်ဆံကြရာ၌ နားလည်မှု၊ ယုံကြည်မှု၊
စရိုက်တူမှု တို့ဖြင့် ပေါင်းသင်းကြသည်။ သို့သော်တူညီမှသာ ပေါင်းသင်းဆက်ဆံနိုင်မည်ဆိုလျှင်
စစ်မှန်သော လူမှုဆက်ဆံရေးမဖြစ်နိုင်ပါ။ လူအမျိုးအမျိုးစိတ်အထွေထွေဆိုသည့်အတိုင်း တစ်ယောက်နှင့်
တစ်ယောက် သည်မတူညီနိုင်ပါ။ မတူနိုင်သော စရိုက်၊ စိတ်ဓါတ်၊ပတ်ဝန်းကျင်ကို တူညီသမျှ တူညီအောင် ညှိနိုင်မှသာ လျှင် ကောင်းမွန်သော လူမူဆက်ဆံရေးဖြစ်နိုင်ပေမည်။
ဗုဒ္ဓဘာသာတွင် ဗုဒ္ဓမြတ်စွာသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် အဆင်ပြေနိုင်စေရန် (၃၈) ဖြာ မင်္ဂလာ
တရားကိုဟောကြားခဲ့သည်။ ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနား ဟု အစဉ်အလာ
ရှိခဲ့ပါသည်။ ကြီးသူကိုရိုသေခြင်းတွင် ရာထူးဂုဏ်သိန်အသက်ကြီးသောသူကို ရိုသေရမည်ဆို ခြင်းထက် မိမိတို့၏ စိတ်အတွင်းသာ ယဉ်ကျေးမှုကို ရိုသေပြရခြင်းပင်ဖြစ်သည်။ ရွယ်တူ၊ ငယ်သူများတွင်လည်း ထို့အတူပင် ပုဂ္ဂိုလ်ပိုင်းကို လေးစား၊ သနားရခြင်းထက် မိမိတို့၏ စိတ်ဓါတ်ယဉ်ကျေး မှုကို ဂရုစိုက်ရခြင်း
 ဖြစ်သည်။ ထို့ကြောင့် အပြင်ပိုင်းတွင် လူအချင်းချင်းမှု၍ ဆက်ဆံရခြင်းထက် မိမိတို့၏ စိတ်ဓါတ်
ယဉ်ကျေးမှုကို မှုတည်၍ ဆက်ဆံရခြင်းက ပို၍ကောင်းမွန်ပါသည်။

မိမိတို့ထက် အသက်ဂုဏ်ဝါကြီးသာရှေ့တွင် ခေါင်းငုံ၍ ကိုယ်ကို ကိုင်းညွတ်ကာသွားခြင်းသည် ထိုကြီးသူကို ရိုသေခြင်းလား..မိမိ၏ စိတ်ယဉ်ကျေးမှုကို ရိုသေခြင်းလား ဟုစဉ်စားရပေမည်။
လူမှုဆက်ဆံရေးကောင်း မွန်မှုကို မိမိတို့ ဗုဒ္ဓဘာသာတွင် ကိုယ်ဟန်အမူအရာ၊ နှုတ်ပြောဆိုမှု
 ကောင်းခြင်းဖြင့် မပြည့်စုံသေးပါ။ အဆင်ပြေညီညွတ်စွာ ပြောဆိုလှုပ်ရှားခြင်းနှင့်သာဆိုလျှင် ဟန်ဆောင်မှု သက်သက်သာ ဖြစ်နိုင်ပါသည်။ လူတစ်ဦး တစ်ယောက်ကို အပြင်ပန်းတွင် အကောင်းဆုံးပေါင်းသင်း
ဆက်ဆံပြီး အတွင်းပန်းတွင် မကြည်ဖြူမနှစ်သက် လျှင် မှန်သော ကောင်းသော ဆက်ဆံရေးမဖြစ်နိုင်ပါ။
 မိမိတို့ ဗုဒ္ဒဘာသာတွင် ကိုယ်၊နှုတ်၊စိတ် သုံးပါးညီညွတ်သော လူမှုဆက်ဆံရေးကိုသာ
ဗုဒ္ဓမြတ်စွာဟောကြားခဲ့ပါသည်။
လူမိုက်နှင့်မပေါင်းနဲ့၊ ပညာရှိလူလိမ္မာနှင့်ပေါင်းသင်ပါ ဟု မင်္ဂလာသုတ္တန်တွင် ပါ၏။ ထိုပေါင်းသင်း
ဆက်ဆံရေးကို ဗုဒ္ဓမြတ်စွာသည် အပေါ်ယံပိုင်းတွင်သာမက အတွင်းပိုင်းကို ထွင်းဖောက်၍မြင်ကာ
 ပေါင်းသင်းဆက် ဆံစေခဲ့ပါသည်။ လူမိုက် နှင့် လူလိမ္မာကို မိမိတို့သည် လူမိုက်လက္ခဏာ လူလိမ္မာ
လက္ခဏာတို့ဖြင့် အမှန်ဆုံးခွဲခြားနိုင်မည် မဟုတ်ပါ။

Sunday, March 22, 2015

ကောင်းသောစကားရှိခြင်း ( ဆရာတော် ဦးဇောတိက )


သုဘာသိတာစ ယာဝါစာ..
ကောင်းသောစကားရှိခြင်းသည်  မင်္ဂလာ တစ်ပါး..

လောကမှာ စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်ဖို့ 
အင်မတန်လိုပါတယ် ၊အရေးကြီးပါတယ်၊ စကားပြောမတတ်လို့ 
ပြဿ       နာဖြစ်တဲ့သူတွေ ဘယ်လောက်များလဲ….။
အပြောမတတ်တော့ ဆဲသလိုဆိုတဲ့စကားရှိတယ်။ 
လောကမှာ ပြဿ      နာတွေ အများကြီးရှိတယ်။ ပြဿ      နာတွေ 
ဖြေရှင်းတဲ့အခါမှာ စကားနဲ့ဖြေရှင်းတာက အကောင်းဆုံး
နည်းလမ်းပဲ။ အခုခေတ်က လူ့အရိုင်းအစိုင်းခေတ် မဟုတ်ဘူး။ 
ရေရှည်ပြဿ      နာ မပြေလည်ပါဘူး။ ပြဿ     နာပြန်ဖြစ်ရတာပဲ။ 
ကိုယ့်အယူအဆ ကိုယ့်အတွေးအခေါ်ကို   နောက်
တစ်ယောက်ကို ပြောမယ်ဆိုရင်တောင်မှ စကားလုံး အသုံး နှုန်းနဲ့
 ပြောပုံဆိုပုံ၊ ပြောတဲ့ စေတနာကအစ မှန်ဖို့လိုပါတယ်၊ 


စကားလေးခွန်း

ဘုရားဟောမှာလည်းပဲ မပြောသင့်တဲ့ စကား၊ မပြောသင့်တဲ့
စကား အကျဉ်းချုန်း ဟောထားတာ ရှိပါတယ်။ မှန်ကန်တဲ့စကား
အကျိုးရှိတဲ့စကား ၊ သူတစ်ပါးလည်းနာခံချင်တဲ့ စကား ၊ ကြားချင်တဲ့ 
စကားမျိုးကို ပြောပါ ။ အဲဒါကတော့ နံပါတ်တစ် အကောင်းဆုံးပဲ။ 
မှန်လည်းမှန်တယ် အကျိုးလည်းရှိတယ် သူများလည်း နားထောင်
ချင်တာကို သိပ်ကို ပြောသင့်တယ်။

မှန်တယ် ။ အကျိုးရှိတယ်။ သူများသိပ်မကြိုက်ဘူး ။ အဲဒါမျိုးကိုတော့ 
အမြဲတမ်း မပြောနဲ့ ။ ဒါပေမယ့် ပြောဖို့ လို အပ်တဲ့အခါမှာတော့ 
ပြောရမယ်။ တစ်ခါတစ်လေ ကိုယ့်သားသမီးကို ဆုံးမချင်တယ် ။ 
သူတို့ နားမထောင်ချင်ဘူး။ ဒါပေမယ့်ပြောရမယ်.။ 
ဒါမေတ္တာနဲ့ပြောတာ။ ဒေါသနဲ့ မဟုတ်ဘူး။  သူ့ကိုနှိပ်စက်ချင်လို့ 
မဟုတ်ဘူး။  သူများမှားနေတာကို  သူ့ကို မြင်စေချင်တယ်။ 
သိစေချင်တယ်။  ပြင်လိုက်မှ သူ အဆင်ပြေသွားမယ်။ အဲဒီတော့  
မေတ္တာနဲ့ ကရုဏာနဲ့ နားဝင်အောင် သွန်သင်ရတယ်။  ဆုံးမရတယ်။

မြတ်စွာဘုရားတောင်မှ ရဟန်းတွေကို  တစ်ခါတစ်လေကျတော့ 
အဲဒီလို မေတ္တာနဲ့ ကရုဏာနဲ့ တင်းတင်း ကျပ်ကျပ် ဆုံးမတာတွေ
ရှိတယ် ။
တစ်ချို့စကားတွေက မှန်တော့မှန်တယ်၊  အကျိုးမရှိဘူး၊ သူများတော့ 
နားထောင်ချင်တယ်။ အပျင်းပြေတာပေါ့။တချို့စကားတွေက
အပျင်းပြေတယ်၊ အကျိုးမရှိဘူး၊ မှန်လည်းမမှန်ဘူး။ ဘယ်နေရာ 
ဘာဖြစ်တယ်ဆိုတဲ့ သတင်းတွေ ဆိုပါတော့။ သတင်းက မှန်ပါတယ်။
ဒါပေမဲ့ သိပ်တော့ အကျိုးမရှိဘူး။ ဒါပေမဲ့ လူတွေက စိတ်ဝင်စားတယ်။
အဲဒါကိုလည်း သတိထားပြီးတော့ နည်းနည်းပါးပါးပဲ ပြောရတယ်။ 
လူ့လောကဆိုတာ မကင်းတော့ မကင်းနိုင်ပါဘူး။ အဲဒါတွေ 
အများကြီးပြောပြီး  အချိန်ကုန်တာလည်း မကောင်းဘူး။
မှန်တယ်၊ အကျိုးမရှိဘူး၊ အများနားမထောင်ချင်ဘူး။ အဲဒါလည်း 
မပြောသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကျိုးမှမရှိဘဲ။နားမထောင်
ချင်ရင် မပြောသင့်ဘူး။ မမှန်ဘူး၊ အကျိုးမရှိဘူး၊ သူများလည်း 
နားမထောင်ချင် တဲ့ စကားရှိတယ်။ မှန်လည်းမမှန်ဘူး။ အကျိုးလည်း
မရှိဘူး။ သူများလည်းနားမထောင်ချင်ဘူး ဆိုရင်တော့ အဲ့ဒီစကားက 
လုံးဝ မပြောသင့်တဲ့စကားပဲ။
မှန်လည်းမမှန်ဘူး။ အကျိုးလည်းမရှိဘူး။ ဒါပေမဲ့ အများကတော့ကြား
ချင်တယ်။ နားထောင်ချင်တယ်။ အဲ့ဒါမျိုးတွေကTelevision မှာလည်း 
 အများကြီးပဲ။အဲ့ဒါလည်းမပြောသင့်ဘူး။ အလကားအချိန်ကုန်တယ်။ 
လူ့ဘဝဆိုတာ အင်မတန် တန်ဖိုးရှိတယ်။ အကဲခတ်ချင်ရင် 
စကားပြောကြည့်ကိုယ်ပြောတဲ့စကားဟာ ကိုယ်ဘယ်လိုလူလဲ
ဆိုတာကို ဖော်ပြတယ်။ လူတစ်ယောက်ကို အကဲခတ်ချင်ရင် 
့စကားပြောကြည့်။သူ့ပါးစပ်က ထွက်လာတဲ့စကားကို နားထောင်ကြည်
့ရုံနဲ့ ဘယ်လိုလူလဲဆိုတာ သိနိုင်တယ်။

ဒီလူတစ်ယောက်ရဲ့ ပညာဉာဏ်အရည်အချင်းနဲ့ထိတွေ့ခံစားမှု့
ဘယ်လောက်ရှိသလဲ။ အသံနေ အသံထား ကိုလည်း အကဲခတ်
ကြည့်ရင်သိနိုင်တယ်။ စကားလုံးအသုံးအနှုန်း ဝေါဟာရကို ကြည့်ရုံ
နဲ့လည်း သိနိုင်တယ်း တစ်ချို့လူတွေဆိုရင်  Interview တွေမှာ 
အဲဒါကိုအကဲခတ်တယ်။ စကားပြောရင်း မေးခွန်းတွေ မေးသွားတယ်။ 
ယ်လိုစကားအသုံးအနှုန်းမျိုး သုံးသလဲဆိုတာ ကြည့်ပြီးတော့ 
ဒီလူ ပညာအရည်အချင်းနဲ့စိတ်ဓာတ် ဘယ်လောက်ကောင်းသလဲ 
ဆိုတာကို အကဲခတ်တယ်။

ဘုန်းကြီးလည်း လူကဲခတ်တာ အင်မတန် ဝါသနာပါတယ် ။ လူတွေကို 
စကားပြောတဲ့အခါမှာ သေသေ ချာချာ စဉ်းစားပြီး ပြောတယ်။ 
သူတို့ပြောတာကို သေချာနားထောင် သေချာအကဲခတ်တယ်။ 
သေချာ အကဲခတ် လို့ အမေရိကမှာ တစ်ချို့လူတွေ ဘုန်းကြီးဆီ 
မလာတော့ဘူး။ ထွက်ပြေးသွားတယ်။  ငါတို့အကြောင်းကို သိကုန်
တော့မယ် ဆိုပြီး လာကိုမလာတော့ဘူး။ ကိုယ့်အကြောင်းသိသွားမှာ 
သိပ်ကြောက်တယ်။ ဘုန်းကြီးက စေတနာနဲ့ အကဲခတ်တာပါနော်။

တပည့်လေးတစ်ယောက်ရှိတယ်။ သူ ငယ်ငယ်တုန်းကပေါ့။ 
သူ့ကို စကားပြောရင် ဘုန်းကြီးက သူ့စိတ်ထဲမှာ ဘာဖြစ်နေလဲ၊
ဘာတွေးနေလဲ၊ ကွယ်ရာမှာ သူတစ်ခုခုလုပ်ထားရင် ဘယ်လို
လုပ်တာ ဖြစ်ရမယ်၊ ဘယ်လိုပြောတာဖြစ်ရမယ်လို့ ဘုန်းကြီးက
တစ်ခါတစ်လေပြောပြတာပေါ့။ တစ်ခါတစ်လေ တိုက်ဆိုင်မှု့ က 
အံသြစရာ ကောင်းလောက်အောင်တိုက်ဆိုင်တယ်။ စကားလုံး
အတိအကျ၊ ဝါကျအတိအကျထိ တိုက်ဆိုင်သွားတာရှိတယ် ။ 
အဲဒီလိုဖြစ်နေတော့ အဲ့ဒီကလေးက ဘယ်လိုပြောလည်းဆိုတော့
‘အဲ့လောက်ကြီးသိနေတော့လည်း မကောင်းဘူးလို့ ထင်တယ်တဲ့။

ကိုယ်ကို သူများက အကဲခတ်နေတယ်နော်။ လူဆိုတာ တစ်ယောက်နဲ့
တစ်ယောက်တွေ့တာနဲ့ အမြဲတမ်း အကဲခတ်နေကြတယ်။
လူကဲခတ်တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ တစ်ယောက်နဲ့
တစ်ယောက်တွေ့ရင် အကဲတော့ခတ်နေတာပဲ။ သူ့စိတ်ထား
ဘယ်လိုရှိလဲ၊ သူ့အသိဉာဏ်၊ သူပြောပုံဆိုပုံပေါ် မူတည်ပြီးတော့ 
သူ့ကို ပြန်ဆက်ဆံတာပဲ။ သူက တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်း
နဲ့ ကောင်းတဲ့စကားကို ပြောမယ်၊ အကျိုးရှိတဲ့စကားကိုပြောမယ် 
ဆိုရင် အကောင်းဆုံးလို့ ဆိုချင်တယ်။

လောကမှာ စကားပြောအကောင်းဆုံးသူ

စကားကို ပေါ့ပေါ့တန်တန် မပြောဖို့ သိပ်အရေးကြီးပါတယ်။
ပညာရပ်တစ်ခု အနေနဲ့ လေ့လာပါ။ လေ့ကျင့်ပါ။ စကားနဲ့
ပတ်သက်ပြီး ဘုန်းကြီး စာအုပ်တစ်အုပ်မှာ ရေးထားတာရှိပါတယ်။ 
စာအုပ် နာမည်ကဘာတဲ့တုန်း ။ သတိနဲ့ပြောပါတဲ့။ ဟုတ်တယ်။ 
အဲ့ဒီထဲမှာ သုံးပုဒ်ပါတယ်။ သတိနဲ့ပြောပါ၊ ဒေါသကိုနားလည်ပါ၊ 

အလုပ်တွင် မွေ့လျော်ခြင်း
အလုပ်မှာ ဒေါသဖြစ်ကြတယ်။ အဲဒီတော့ အဲ့ဒီဒေါသကို 
နားလည်ပါ။ အလုပ်မှာ စကားပြောတတ်ဖို့ဟာ တော်တော်
အရေးကြီးတယ်နော်. အလုပ်ဆိုတာ ပြဿနာ တော်တော်များများ
ဖြစ်တဲ့နေရာပဲ။ အဲ့ဒီတော့ အလုပ်ရယ်၊ ဒေါသရယ်၊ သတိနဲ့ပြောပါရယ် 
တစ်ခုနဲ့တစ်ခု စပ်ဆက်မှုရှိနေတယ် ဆိုပြီးတော့ သုံးခု တွဲလိုက်တာပါ။

သတိနဲ့ပြောပါ။ သတိနဲ့ပြောလို့ရှိရင် တဖြည်းဖြည်းနဲ့ သတိ
ကောင်းလာလေလေ ကိုယ်ပြောတဲ့စကားတွေမှာ အပြစ်အနာ
အဆာချို့ယွင်းချက် နည်းလေလေဖြစ်လာမယ်။ ပိုပြီးတော့ 
အကျိုးရှိတဲ့ စကားကို ပြောတတ်လာမယ်။.

သတိနဲ့ပြောလို့ရှိရင် ပြောတဲ့အချိန်မှာကိုက ဉာဏ် ပိုထွက်လာမယ်။ 
အဲဒီတော့ ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းပြီး အကျိုးရှိတဲ့စကားတွေ၊ 
 ထိရောက်တဲ့စကားတွေ ပြောတတ်တဲ့သူဖြစ်လာပြီ။

လောကမှာ ဘယ်သူတွေလဲဆိုတာ စကားပြောတတ်တဲ့သူတွေဟာ
လက်နဲ့ခြေနဲ့ အလုပ်လုပ်စရာ သိပ့်မရှိတော့ဘူး။ လောကီနဲ့ပြောရမယ်ဆိုရင် 
ဦးနှောက်နဲ့ပဲ သုံးတော့မယ် အနိမ့်ဆုံး လက်မှတ်ထိုးရုံပဲ။ 
အရေးအကြီးဆုံးကဘာလဲဆိုတာ ပြောရမယ်။ အများလက်ခံအောင် 
ဆွေးနွေးပေးရမယ်။ သူ ပြောပုံဆိုပုံအကြောင်းအကျိုး ကိုက်တယ်၊ 
သဘာဝကျတယ်၊ သူ့စေတနာလည်းမှန်ရင် အများက သူ့စကားကို
လက်ခံရင် သူပြောတဲ့ကိစွှ
အတည်ပြုလိုက်ရင် အတည်ဖြစ်သွားပြီပေါ့။ဒါက လောကီပိုင်း။

လောက မှာ စကားပြော အကောင်းဆုံးသူ ဘယ်သူလဲ. မြတ်စွာဘုရား။ 
အကောင်းဆုံးစကားပြောတတ်လို့ ဘုရားဖြစ်တာ။ တရား မဟောတတ်ရင် 
ဘုရားမဖြစ်နိုင်ဘူး။ ဘုရားဟာ အခြေအနေကို လိုက်ပြီး ၊ တရားနာတဲ့သူကို 
လိုက်ပြီး အပိုအလိုမရှိ ဟောပြောနိုင်တယ်။

အဲ့ဒီတော့ စကားဆိုတာ အင်မတန်အရေးကြီးတဲ့ ကိစွှတစ်ခု ဖြစ်တာမို့လို့ 
 စကားပြောတာကို အများကြီး သတိထားပြီး ပြောရမယ်။

ဒီမင်္ဂလသုတ်က လောကီရော လောကုတ္တရာရော နှစ်ဖက်စလုံးမှာ ကြီးပွားရေး၊ 
အောင်မြင်ရေး၊တိုးတက်ရေး အတွက် တကယ်ထိရောက်တဲ့ ပြည့်စုံတဲ့ 
တရားတော်ဖြစ်တယ်။ ဘုန်းကြီး ဒီတရားကို လေးလေးနက်နက် ခံစား
ရတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး အသေးစိတ်လေးလေးနက်နက်
သဘောပေါက်ရင် လိုက်နာကျင့်သုံး ရင် အင်မတန်အကျိုးများတယ်။ 
သဘောမပေါက်ဘဲနဲ့ ရွက်နေရင်တော့မရသေးဘူးနော် ။ 
ဒါကြောင့် လေးလေးနက်နက် သဘောပေါက်တဲ့သူတွေ ဖြစ်စေချင်တယ်။



ကမ္ဘာသစ် 

Monday, November 24, 2014

နှလုံးသားမိတ္တူ


ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)ရေးသားသောစာအုပ်မှ ကမ္ဘာသစ်သူငယ်ချင်းများအတွက် ပြန်လည်မျှဝေ လိုက်ပါတယ်။




အရှင်ဘုရား . . .

ဂုဏ်တော်ပွားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရားများကို လက်တွေ့ကျကျ ရှင်းပြပေးပါရန် ရိုသေလေးစားစွာ လျှောက်ထားအပ်ပါတယ် ဘုရား။

မောင်မင်းသီဟသော်၊ လှိုင်မြင့်မိုရ်အိမ်ရာ။

ဒကာမင်းသီဟသော်ရေ . . .

ဘုရား၊ တရား၊ သံဃာ လို့ ရတနာသုံးပါးရှိတဲ့အတွက် ဂုဏ်တော်ကလည်း ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် လို့ သုံးမျိုးရှိပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်အများစုက ဘုရားဂုဏ်တော်ကိုပဲ ပုတီးစိပ်ကြ၊ ပွားများကြတဲ့အတွက် ဂုဏ်တော်ပုတီးစိပ်တယ်၊ ဂုဏ်တော်ပွားများတယ်လို့ ပြောလိုက်ရင် ဘာဂုဏ်တော်လဲလို့ မေးနေစရာမလိုဘဲ ဘုရားဂုဏ်တော် ဆိုတာ ချက်ချင်းသိကြပါတယ်။

အခုဒကာ မင်းသီဟသော် သိချင်တဲ့ ဂုဏ်တော်ပွားခြင်းအကျိုးဆိုတာလည်း ဘုရားဂုဏ်တော်ပွားခြင်း အကျိုးပဲလို့ ယူဆပါတယ်။

ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။ မြတ်စွာဘုရားရှင်မှာရှိတဲ့ စိတ်ကောင်းစိတ်မြတ်တွေ၊ ဓာတ်ကောင်း ဓာတ်မြတ်တွေကို ကိုယ့်စိတ်ထဲ ကိုယ့်နှလုံးသားထဲမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် မိတ္တူကူးယူတာပါ။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ဓာတ် အရည်အသွေးတွေ၊ လုပ်ရပ် အရည်အသွေးတွေ ကိုယ့်ဘ၀ထဲ ရောက်လာအောင် မိတ္တူကူးယူတာပါ။

Thursday, November 6, 2014

မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ၏ ဓမ္မစာစု


                 မိမိတို့မှာ စိတ်ဖြစ်နေတာဟာ သုံးမျိုးပဲ ဖြစ်နေတယ်နော်၊ ကုသိုလ်စိတ်၊အကုသိုလ်စိတ်၊ ၀ိပါက်ကိရိယာ ဆိုတဲ့ အဗျာကတစိတ်၊ အချိန်ရှိသ၍အဲဒီသုံးမျိုးပဲရှိတယ်။ ဘယ်လောက်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် အကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် ၀ိပါက်၊ကိရိယာဖြစ်မယ်။ ဘယ်လောက်သေးသိမ်တဲ့ ကလေးကလေးဖြစ်ဖြစ်၊တိရစ္ဆာန်သတ္တ၀ါပဲဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ အကုသိုလ် ဖြစ်မယ်၊၀ိပါက်ဖြစ်မယ်၊ ကိရိယာဆိုတဲ့ အဗျကတဖြစ်မယ်၊ အင်မတန် သေချာတယ်၊အင်မတန်သေချာ။

အကုသိုလ်စိတ် ။ ။ ဖြစ်တိုင်း၊ ပျက်တိုင်း အာရုံပါရမယ်၊ အဲဒါကြောင့်အကုသိုလ်ဆိုတာ ဘယ်လိုတရားပါတုန်းလို့ဆိုရင် -

'' ဖြစ်သော်ညစ်ထေး၊ အပြစ်ဘေးနှင့် ကျိုးပေးဒုက္ခ၊ ဆယ့်နှစ်ဝ၊ မုချ အကုသိုလ်ခေါ်''တဲ့ အပြစ်တွေ ဖြစ်တုန်း က ဒေါသရင်လဲပါနေပြီ၊ ဣဿာ၊ မစ္ဆရိယရင်လဲပါနေပြီ၊ မာနရင်လဲ ပါနေပြီ၊ ဖြစ်တုန်းက အဲဒီ အညစ်အကြေးတွေ ပါနေတယ်၊ အကုသိုလ်ဖြစ်တုန်းကအညစ်အကြေးတွ ပါနေမှတော့ အပြစ်က မကင်းဘူး၊ ဖြစ်တုန်းကကို အပြစ်မကင်းဘူး၊ နောက်အကျိုးပေးရင် မကောင်းကျိုးကိုပေးမယ်၊ ကောင်းကျိုးကို မပေးဘူး၊
ဒီအကုသိုလ်က ခုဘ၀ဖြစ်ဖြစ်၊ နောက်ဘ၀ဖြစ်ဖြစ် မကောင်းကျိုးကိုပေးမယ်၊ဒါကြောင့် အကုသိုလ်ဆိုတာ ဘယ်လို ဘာလိမ့်မတုန်းဆိုရင် ကိုယ့်စိတ်ကိုစဉ်းစားကြည့် '' ဖြစ်သော်ညစ်ထေး၊ အပြစ်ဘေးနှင့် ကျိုးပေး ဒုက္ခ၊ ဆယ့်နှစ်ဝ၊မုချ အကုသိုလ်ခေါ်'' ဖြစ်တယ်နော်၊ လောဘရင်လဲပါမယ်၊ ဒေါသရင်လဲပါမယ်ဒါအပြစ်ပဲ၊ မာနရင်လဲပါမယ် ဒါအပြစ်ပဲ၊ တစ်ယောက်နှင့်တစ်ယောက် မနာလိုတဲ့ဣဿာရင်လဲ ပါမယ်၊ ဒါအပြစ်ပဲ၊ သူတစ်ပါးကို မကြီးပွားစေလိုတဲ့ မစ္ဆရိယရင်လဲပါမယ်၊ ဒါအပြစ်ပဲ၊ အိပ်ချင်မူးတူး ငိုက်မျဉ်းနေတဲ့ထိနမိဒ္ဓရင်လဲ ပါမယ်၊ ဒါအပြစ်ပဲ၊ ဘုရားကို ဟုတ်မှဟုတ်ပါ့မလားလို့ ဘုရားအစစ်ကို ယုံမှားနေတဲ့ ၀ိစိကိစ္ဆာရင်လဲပါမယ်၊ ဒါအပြစ်ပဲ၊ ဖြစ်တုန်းက အပြစ်တစ်ခုခုနဲ့ ညစ်ပေနေတဲ့တရားမျိုး၊ ဒါအကုသိုလ်ခေါ်တယ်၊ နောက်အကျိုးပေးရင်လဲ မကောင်းကျိုးကိုပေးမှာပဲ။

Friday, May 24, 2013

ကြည်ညိုဖွယ်ရာ သံဃာရတနာနှင့် ဓမ္မမှတ်စုများ ( ကဆုန်လပြည့်နေ့ ဓမ္မဒါန )




သမဏာနစ္စ ဒဿနံ *မှတ်သားမိသော ကျက်ပွားးမိသော*
ယုံကြည် ကျန်းမာ၊ ဖြောင့်စင်းစွာဖြင့်၊ ပြင်းစွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။

ဆန္ဒကို သိက္ခာနှင့် ထိန်းပါ။ (ဖြောင့်စင်းဖို့ ပြောတာပါပဲ)

စကားလုံးနဲ့ တရားသား ကွဲအောင်သိပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်လည် စစ်ဆေးရမယ်။ ကွဲပြားအောင် ကိုယ့်သန္တာန်မှာ သိမှ ကျင့်လို့ရမှာ။

တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာ သာသနာ ကွယ်ကြောင်းတည်း။

တရားနာတဲ့အခါမှာ အဓိကက မာန မခံရဘူး။ ငါသိပြီးသားလို့ မလုပ်ရဘူး။

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာရက်ဆက်၊ ဆင်ခြင်အပ်၏။

သာသနာမှာ လာဘ်လာဘ အပူဇော် ဆိုတာက အခက်အရွက်၊ သီလမှာ သောင်တင်တယ် ဆိုတာက အပွေး၊ ကမ္မဋ္ဌာန်းတွေမှာ မြဲတာက အခေါက်၊ အဘိဉာဉ်တန်ခိုးပါ ရတဲ့ ပုဂ္ဂိုလ်ကျတော့ အကာပဲ ရှိသေးတယ်တဲ့ နားလည်မလား၊ ဒါဖြင့် အဓိက အနှစ်က ဘာကိုခေါ်လဲ ဆိုတော့ အချိန်မရွေးနော် လွတ်မြောက်ဖို့ ကြိုးစားတဲ့.. လွတ်မြောက်ဖို့ကို ဘုရားက လိုချင်တာ.. နားလည်ပြီလား.. အချိန်မရွေး ကာလမရွေးမှာ ဉာဏ်တည့် လွတ်မြောက်ဖို့ သဘောတရား ရဖို့သာ အနှစ်သာရ..

ကိုယ်လိုချင်တာကို တကယ်ပေးနေ၊ ကျွေးနေတာက ကုသိုလ်ဓါတ်၊ ငါလုပ်လို့ ငါစီမံလို့ ရတာမဟုတ်။

*မိုးကုတ် ဆရာတော်ဘုရား*

တရားတွေ နားလည်လာတဲ့အခါ၊ သူတော်ကောင်း ဖြစ်လာတဲ့အခါ အားလုံးကို အရှုံးပေးရတော့တယ်။ *စွန်းလွန်း ဆရာတော်ဘုရား* (ဒီ အဆုံးအမလေးကတော့ ဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာသင်တန်း တရားတော်များကနေ မှတ်သားမိတာပါ။)

မိမိဥစ္စာ၊ သူ့ဟာဖြစ်လို၊ မေတ္တာပို၊ ကြည်ညိုလေးစား၊ ပေးစွန့်ငြား ထူးခြားမြတ်ဒါန။ *ယောဆရာတော် ဘုရား*

အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေသည်။ *ပိုင်းလော့ ဆရာတော်ဘုရား*

နိဗ္ဗာန်လိုချင်ရင် သူများအတင်း မပြောနဲ့၊ ချမ်းသာလိုချင်ရင် သူများအတင်း မပြောနဲ့။
*ထွဋ်ခေါင်ဆရာတော်ဘုရား*

အရင်ကကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။ အရင်ကဆိုးလို့ ခုဆိုးတယ်၊ ခုဆိုးရင် နောင်ဆိုးပါလိမ့်မယ်။ အရင်ကဆိုးလို့ ခုဆိုးတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။

သံယောဇဉ်ဆိုတာ ဘယ်ဟာလဲလို့ သဘာဝသိအောင် ရှာလိုက်စမ်းပါ၊ ဖြစ်ပြန် ပျက်ပြန် လောကဓံအရှိကို သဘောဥာဏ် မမိတဲ့ နှောင်အိမ်ကြီးပါ။ (ဒီအဆုံးအမလေးကိုတော့ ဓမ္မစေတီ ဆရာတော်ဘုရားရဲ့ တရားတစ်ပုဒ်ကနေ မှတ်သားဖြစ်ခဲ့ တာပါ။)

အဆင်မပြေဘူးဆိုတာ စေတနာအထား မှားနေလို့ပါ၊ ပြင်လိုက်ပါ။
ဝီရိယအား လျော့လာတဲ့အခါ သဒ္ဓါတရားနဲ့ လွှမ်းမိုးပါ။
သီလမှာ ဣန္ဒြိယသံဝရ သီလက အမြတ်ဆုံး။ မိမိရဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ကို စောင့်ရှောက်တာ..။

အိုနာသေသို့ မောင်းနှင်ပို့ လူတို့မမြဲပါတကား၊
ခိုကိုးရာမဲ့ တွယ်ရာမဲ့ အားနွဲ့လှချေပါတကား၊
ကိုယ်ပိုင်ဥစ္စာမရှိပါ ထားကာသွားရ မှာပါတကား၊
လိုမပြည့်ဝ အားမရ တဏှာ့ကျွန်ချည်းပါတကား။

တို့အားလုံးဟာ သေဖော်သေဖက်တွေပဲ၊ မသေခင်ခဏ တွေ့ကြရတာ၊ ချစ်ချစ်ခင်ခင် နေနိုင်ကြပါစေ၊ ရင်ထဲအေးကြပါစေ။

တွေးချင်တာတွေးခွင့် ရှိပါတယ်။ ဒါပေမယ့် တွေးပြီးကြံပြီးတိုင်း အချိန်နဲ့အမျှ ပြီးဆုံးသွားတယ် ဆိုသော်လည်းပဲ အသွေးအသား၊ ရိုးတွင်းချဉ်ဆီအထိ ကိန်းသွားပြီး တစ်ချိန်မှာ အကျိုးပေးတော့မယ် ဆိုတာတော့ သိထားသင့်ပါတယ်။

Monday, August 20, 2012

မြတ်ဗုဒ္ဓ၏ ကျေးဇူးဂုဏ်တော်



 


အကယ်၍သာ မြတ်ဗုဒ္ဓသည်၊ 
လူ့ရွာထင်ရှား၊ မပွင့်ငြားက
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ မသိရ
များလှ အပြစ်တွေ...။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍
ဟောဖေါ်သွန်ကြား၊ မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ သိကြရ
များလှကျေးဇူးပေ...။ 
ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို
ဦးတင်မပြတ်၊ ကျေးဇူးဆပ်ဖို့
အမြတ်ရတနာ၊ သာသနာ၏
နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း
ကြိုးပမ်းကြပါလေ...။

အရှင်ဇနကာဘိဝံသ



 


Thursday, August 16, 2012

သတိမှားရင် ပိပြားသွားမယ် ( အရှင်ဆန္ဒာဓိက )

     
      သတိရခြင်းက နှစ်မျိုးရှိပါတယ်။ ကိလေသာနဲ့ သတိရခြင်းနဲ့ ဘာဝနာနဲ့ သတိရခြင်း ဆိုပြီးတော့ပေါ့။
      ကိလေသာနဲ့ သတိရခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သတိရခြင်းတွေအများကြီးရှိပါတယ်။ တဏှာနဲ့ သတိရခြင်းရှိမယ်၊ ဒေါသနဲ့ သတိရခြင်းရှိမယ်၊ လောဘနဲ့သတိရခြင်းရှိမယ်၊ မာနနဲ့သတိရခြင်းရှိမယ်၊ ဣဿာနဲ့ သတိရခြင်းရှိမယ်၊ မစ္ဆရိယနဲ့ သတိရခြင်းရှိမယ်…စသည်အားဖြင့် ကိလေသာ အမျိုးအစား ရှိသလောက် သတိရခြင်း အမျိုးအစားတွေလည်း အများကြီးပါပဲ။

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၁၀) (ဆရာတော်ဦးဇောတိက)






                                                              
 ...တစ်နေ့တခြား စိတ်ထားမြင့်မားတဲ့သူ…
Be an island onto yourself.
Be your own refuge.
Make the Dhamma your island.
Make the Dhamma your refuge.
Take no other refuge.
…မိမိကိုယ်ကိုမိမိ ကျွန်းသဖွယ်ဖြစ်အောင်လုပ်ပါ။ မိမိကိုယ်ကို မိမိသာ ကိုးကွယ်စရာ၊ မှီခိုအားထားစရာ ဖြစ်ပါစေ။                  
…တရားကိုသာ မှီခိုစရာ ထောက်ရာတည်ရာ ကျွန်းသဖွယ် မှတ်ပါ။
…တရားကိုသာ ကိုးကွယ်စရာ မှီခိုအားထားစရာ ဖြစ်ပါစေ။

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၉) (ဆရာတော်ဦးဇောတိက)




           …အခုလက်ရှိရထားတဲ့ အခြေအနေကို တန်ဖိုးရှိရှိ သုံးပါ။အချိန်ဟာ ရွှေထက်တန်ဖိုးရှိတယ်။ ရွှေကျင် ဖို့ သွားတဲ့ လူတွေဟာ ရွှေအတုံးလိုက် အခဲလိုက် မတွေ့ရဘူး။ သဲတွေ နုံးတွေကို ဆေးရင်း ဆေးရင်းနဲ့ နည်းနည်းစီ နည်းနည်းစီ ရွှေကိုရတာ…၊ အင်မတန် အဖိုးတန်တယ်။ အဲဒီလိုပဲ ကိုယ့်ဘ၀မှာ ရှိသမျှအချိန် ကလေးတွေကို တစ်ချက်ပဲဖြစ်ဖြစ်၊ တစ်ကြိမ်ပဲဖြစ်ဖြစ် အသက်ရှုတာ လေးကို သတိကပ်လိုက်ခြင်းအားဖြင့် ရလိုက်တဲ့ ဒီတည်ငြိမ်အေးချမ်းတဲ့ ပစ္စပ္ပုန်တည့်နေတဲ့ စိတ်ကလေး ကို ရွှေလေးတွေ  . . လိုပဲ တန်ဖိုးထား လိုက်ပါ။

သတိနဲ့ကိုယ့်စိတ်ကို ကိုယ်သိ ( အပိုင်း - ၈ ) ဆရာတော်ဦးဇောတိက



…ခန္ဓာကိုယ်မှာ သူ့ဟာသူ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်သဘာဝတွေ ဖောက်ပြန်လို့ဖြစ်စေ၊ ကံ ကံ၏ အကျိုးပေး မှုကြောင့် ဒုက္ခဝေဒနာတွေ ဖြစ်လာလို့ဖြစ်စေ၊ သတိရှိတဲ့လူ၊ ဥာဏ်ရှိတဲ့လူဟာ ဆူးတစ်ချောင်းပဲ အစူးခံမယ်၊ နှစ်ချောင်းတော့ အစူးမခံဘူး။ ခန္ဓာကိုယ် နာသော်လည်းပဲ စိတ်အနာမခံဘူး။ ဥာဏ်ရှိတဲ့သူဟာ ဒီလိုနေလို့ရတယ်နော်။ တစ်ချောင်းစူးတာမှာ နောက်တစ်ချောင်းပါ အစူးခံလို့ရှိရင် ဥာဏ်ပညာ နည်းတယ် လို့ ပြောရမှာပေါ့။

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>