2 3 4 5 6 7 8 9 10

Saturday, September 1, 2012

ပန်းပွင့်လိုလူ



ပန်း၏သတင်း
မွှေးပျံ့ ခြင်းတို့
လေညင်းဆောင်ရာ ပျံ့ နှံ့ပါ၏..။
လူ၏သတင်း
လူဆန်ခြင်းတို့
လူချင်းဆောင်ရာ ပျံ့ နှံ့ပါ၏..။
ပန်းသို့မွှေးစေ လူ့ဖြစ်ထွေကို
လူတွေပြုစု
လူမှုဗေဒ ဒဿနများ..။
အမှန်တရား စံထားအစဉ်
ပီပြင်လှပ လူ့ဘ၀မှာ
လူဟာ လူလို အသိပို၍
လူလိုတွေးကာ လူ့ကမ္ဘာတွင်
မေတ္တာပန်းပွင့် ပနံတင့်သော်
အသင့်ဂုဏ်သတင်း မွှေးပျံ့ ခြင်းသည်
တသင်းသင်းကြူ ပန်းမဉ္ဖူ ...။       

ဖုန်းမြိုင်

Thursday, August 30, 2012

နံနက်သဘင်

 

နံနက်ခင်းဝယ်
မိုးမင်းဗျူဟာ၊ ဆုတ်တုံ့ခွာသော်
ရာဇာပီပီ၊ နေနီနီသည်
နေခြည်သရေ၊ ဖြန့်လွှတ်ဝေ၏။

တေးတျာချိုနု၊ ငှက်ဆွေစုသည်
ညုတုံ နွဲ့တုံ၊ ၀ိုင်းတော်ချုံမှ
တီးဗုံ ပတ်သာ၊ နှဲတံမြွာသို့
ညံစာကြွေးရင့်၊ တင့်လည်းတင့်၏။

ဝင်းဝင့်ပြိုးပြောင်၊ ဤ ပညောင်၌
နေရောင်ပြေးလျှပ်၊ ငွေရောင်ခတ်သော်
မိုးနတ်သူဇာ၊ ဤအခါဝယ်
ဘုံသာဆောင်မှ၊ ဆင်းလာကြွ၍
သီက နေမည် ထင်မိ၏။

ဇော်ဂျီ ( ၁၉၃၂ )

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>