2 3 4 5 6 7 8 9 10

Saturday, April 11, 2015

အလောင်းစည်သူမင်း၏ နောင်တ



ညီသစ်ဆင်း
မင်းကရိုကျိုး ခပ်တိုးတိုးပင်
ဘိုး ဘေး နှစ်ပါး၊ ဦးထိပ်ထားလျက်
ဘုရား တည်ကြောင်း၊ ကောင်းမှု ပွင့်ဖူး
ထူးခြားသည်ကို၊ သိလိုသလော
မင်းပြော ပြော၏
မပြောချင်သလို၊ ပြောချင်သလိုနှင့်
မချို မချဉ်၊ ပြုံးရိပ်ဆင်သည်
ပြောချင်မှပြော မင့်သဘော။
စိတ်တိုရန်ကော၊ အစ်ကိုချောငဲ့
ယောနိသော စ၊ ကာယမနသိ
တရားရှိက
လပြည့် ဖွေးဖွေး၊ စိတ်ကြည်အေး၏
ညီထွေး စိတ်ကူး၊ ညီမှာ ထူးလည်း
မထူး သူ့ မှာ၊ ဖြစ်တတ်ရာ၏
သို့ ပါသောကြောင့်၊ အနှောင့် အသွား
လွတ်မလားဟု၊ စဉ်းစားတွေဝေ
နှုတ်ဆိတ်နေခဲ့
ဧရာ ကမ်းပါး၊ တည်ဆောက်ထားသား
ဘုရားဂူမော့
အကြော့အယဉ်၊ ကန်တော့ပလ္လင်ကို
ဝန်းကျင် ရပ်သား၊ အမြတ်ထား၍
စကားဆိုကြ၊ ကြားသမျှကို
ညီလှ မခြွင်း ပြောလိုရင်း။
ကန်တော့ပလ္လင်၊ မတည်ခင်က
ကြည်လင် ဧရာ၊ မြစ်ကမ်းသာ၌
ဟာလာ ဟင်းလင်း၊ ခပ်ရှင်းရှင်း တည့်
လေညင်း ရွှင်ရွှင်၊ နေအ၀င်ကို
နတ်ရှင် ဘုန်းလူ၊ လောင်းစည်သူသည်
တူရူ ရှုမျှော်၊ နောင်တ ပေါ်ခဲ့


ဘေးတော် နော်ရထာ၊ ဘိုးမှာ ကျန်စစ်သား
မင်းနှစ်ပါးကို၊ ပြစ်မှားခဲ့မိ
ထိုသတိကြောင့်
မချိညှိုးနွမ်း၊ စိတ်လက်ပန်းသည်
နန်းပြတင်းမှ မျှော်ရင်းပါ့ ။
ထိုသတိကား၊ အခြားမဟုတ်
သမုဒ် ရေခြား၊ လှည့်လည်သွား၍
များလှ ကျွန်းစု၊ မာလာယုတွင်
ရှုဖွယ် ဆန်းပြား၊ ရှုခင်းများကို
မျက်ဝါးထင်ထင်၊ မြင်ခဲ့ပြီးနောက်
နေပြည်ရောက်သော်၊ စိတ်မြောက် လူမြောက်
ဘုံဖျား ရောက်၍၊ မလောက် မလေး
ငါ့ဘေး ငါ့ဘိုး၊ ဘုန်းတန်ခိုးသည်
မိုးလောက် မြင်းမိုရ်၊ မြင့်သည် ဆိုလည်း
ငါ့ကို ပြိုင်လာ၊ မယှဉ်သာ ဟု
နှုတ် အာ ပြစ်မှား၊ စိတ် ပြစ်မှားခဲ့
ပြစ်မှား ချေချင်၊ သတိဝင်၍
သခင် နှစ်ပါး၊ မင်းနှစ်ပါးကို
ရွှေသား ရွှေရုပ်၊ ပုံသွန်းလုပ်၍
လက်အုပ် ချီကာ၊ ပလ္လင်ကြာ၌
တင်ကာ ကန်တော့၊ သူ မာန်လျှော့သည်
ကုန်းမော့ ကမ်းပါး ဧရာနား။

ဘေးတော် ဘိုးတော်၊ ရွှေရုပ်တော်ကို
နောင်သော် အပြီး၊ ရွှေဂူကြီး၌
သိမ်းဆည်းသိုထား ကမ္ဗည်းသား။
နောင်လာ နောက်သား သတိတရား။

သူ့ စိတ်ကိုပင်၊ သူပြန်မြင်၍
နတ်ရှင် ခံစား၊ သူ့ စိတ်ထား၌
ကြိုကြား စေ့င၊ သူ့ မာနကို
နောက်တ ကရှာ၊ တွေ့ ခဲ့ပါသည်
နောင်ခါ ၀န်ချ မာနကျ။
ဘေးတော် ဘိုးတော်၊ ရွှေရုပ်တော်ကို
သားတော် နရပတိ၊ ထည့်၍ ဌာပနာ
သဒ္ဓါ ထပ်ပွား၊ တည်ဆောက်ထားသား
ဘုရား မျက်မြင်၊ ကန်တော့ပလ္လင် ဟု
ဆိုလျှင် မမှား၊ ဆိုရငြားလည်း
ပြစ်မှား ၀န်ချ
မွေးဘခမည်း၊ စည်သူကြီး၏
ဖန်တီးစီရင်၊ ရွှေရုပ်စင်သည်
လမ်း မြင်အောင်ပါ့ ထွက်ပေါက်ပြ။
လမ်းကောင်း ပဓာန အုတ်မြစ်ချ ။   ။

ဇော်ဂျီ ( မေ ၁၉၈၅ )


Thursday, April 9, 2015

ရင်ထဲမှာ တည်ဆောက်ထားရတဲ့ တန်ဖိုးများ


              
 ကျွန်တော် ကချင်ပြည်နယ် မိုးညှင်းမြို့သို့ရောက်စဉ်က  ကချင်တိုင်းရင်းသူကလေးတစ်ဦးနှင့်
စကားစမြည်ပြောဆိုခွင့်ရခဲ့ရာ ထိုတိုင်းရင်းသူကလေးမှာ ဂျပန် အတွေ့အကြုံ အနည်းငယ်ရှိသော 
တိုင်းရင်းသူ ကလေးဖြစ်ကြောင်း သိခွင့်ရလိုက်ပါသည်။ ထိုစဉ်က ဂျပန်-မြန်မာ ရင်းနှီးချစ်ကြည်ရေး
အတွက် မြန်မာကျောင်းသူ ကျောင်းသားကလေးများကို ဂျပန်သို့ခေါ်ဆောင်ကာ ဟိုအိမ်
သည်အိမ်များသို့ တစ်အိမ်တစ်ယောက်ကျ ပို့ဆောင်ပေးသည့် အစီအစဉ်ဖြင့် ထိုတိုင်းရင်းသူ
ကလေး ပါဝင်သွားခဲ့ရာ ဂျပန် မိသားစု များနှင့်အတူ  ရောနှောနေ ထိုင်ရသဖြင့် ချစ်ကြည်မှု
ရင်းနှီးမှုများအပြင် ဂျပန်ကို အနည်းငယ် တီးမိခေါက်မိ ရှိအောင်လုပ်ဆောင်သော အစီအစဉ်
ဟု နားလည်ရပါသည်။ ထိုအစီအစဉ်ကာလနှင့်ချီကာ အချိန်ကြာသော အစီအစဉ်လည်းဖြစ်ပါသည်။

Sunday, April 5, 2015

စံပယ်ဖြူအိပ်မက် ( ထူးအိမ်သင် )








လှိုင်းခတ်သံဂီတ
ချိုမြမပီပြင်၊ သည်ရင်မှာ
ကြယ်ပြာလပြာ၊ ကောင်းကင်ပြာ
ရောင်လွှာမြူးပြက်၊ လျှပ်လက်သလို
အို..  လှလိုက်တာ..

သဲသောင်ခုံလား၊ ရေစွယ်လားလေ
ခြေသံဖွဖွ၊ ကြားနေရပေါ့
မွှေးမြသန့်စင်၊ အာရုံမြင်ရနံ့ 
သင်းပျံနေဆဲ ရင်ထဲမှာ..

စကားတိုးတိုး၊ မြူခိုးဝေဝေ
စံပယ်ရေ စံပယ်ဖြူ
ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ ငှက်တစ်အုပ်
ရုတ်ချည်းပျံပြေး၊ ဟိုအဝေးကို..။

သည်အိမ်မက်မှ၊ မောင်နိုးထလည်း
တမ်းတတပ်မက်၊ ရုန်းမထွက်ချင်
သက်ဦးမြတ်မွန်၊ ရွာလွန်ရွက်တိုက်
ပြုံးလိုက်ရှာဖွေ
စံပယ်ရေ စံပယ်ဖြူ
ဘယ်သူများလဲ၊ ဘယ်မှာလဲကွယ်
ရင်ထဲမေးမိဆဲပါမေ.. ။


ထူးအိမ်သင်

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>