2 3 4 5 6 7 8 9 10

Friday, April 5, 2013

လွင်တီးခေါင် ရှုမျှော်ခင်း




    မဟာရန်ကုန်မှ အထက်ဘက် မိုင် ၂၈၀ အကွာတွင် ကျွန်တော်၏ဇာတိမြို့ကလေး ရှိသည်။ တောင်တွင်းကြီး ဟု ခေါ်သည်။ ရန်ကုန် - ပြည်လမ်းအတိုင်း သွားရ၏။ ရန်ကုန်မှ ပြည်၊ ပြည်မှ အောင်လံ၊ အောင်လံ ပြီးလျှင် တောင်တွင်းကြီး ဆီသို့ ရောက်သည်။ ရန်ကုန်မှ ည ၇ နာရီ ကားစီး လျှင် တောင်တွင်း သို့ မနက် ၅ နာရီ ( သို့မဟုတ် ) ၆ နာရီခန့်ဆိုလျှင် ရောက်တတ်သည်။
    ရန်ကုန်မှအထွက် မှော်ဘီ၊ တိုက်ကြီးမြို့များရောက်လျှင်ပင် လယ်ကွင်းစပါးခင်းများ တပြန့်တပြူး ရှုမျှော် မဆုံး တွေ့ရမည်။ ပြည်မြို့နားရောက်တော့ ဧရာဝတီမြစ်ကြီးကို တွေ့ရမည်။ သစ်တော သစ်ပင် မြင်ကွင်းများ စိမ်းလန်းစိုပြေသည်။ ပြည်မြို့မှ အောင်လံမြို့ကြားတွင်လည်း အောက်ပိုင်းမှာလောက် လယ်ကွင်းစပါးခင်းများမှာ မျက်စိတဆုံး မတွေ့ရ သော် လည်း သစ်ပင်ကြီးငယ် ၊ ချောင်းများ မြောင်းများ ဖြင့် တောရိပ်တောင်ရိပ်ကို တွေ့နေ ရသေးသည်။
    အောင်လံမြို့အလွန် ကျွန်တော်တို့တောင်တွင်းဘက် ရောက်ခါနီးကျတော့ ရှုမျှော်ခင်းက အပြောင်းလဲ ကြီး ပြောင်းလဲသွားတော့၏။ အောက်ပိုင်းမှာ စပါးခင်းတွေ မျက်စိတဆုံးမြင်ရသလို ကျွန်တော်တို့ မြို့အ၀င်တွင် မျက်စိတဆုံး မြင်တွေ့လိုက်ရသည်ကတော့ “လွင်တီးခေါင် လိပ်ကျောကုန်းကန္တာမြေ” သာ ဖြစ်တော့သည်။ ရန်ကုန်၊ ပြည်၊ အောင်လံနှင့် ကျွန်တော်တို့မြို့ကလေးကို စည်းခြားထားသော နယ်ခြားထားသော အရာမှာ အရပ်ရှစ်မျက်နှာ မိုင် ၂၀ ၀န်းကျင် ကျယ်ပြန့် သော ထို “ လွင်တီးခေါင် ကန္တာရ” ဖြစ်တော့သည်။
    အောင်လံမြို့နယ်ကို လွန်၍ မိုင် ၃၀ ခန့်အရောက်တွင် ထိုခြောက်သွေ့သော လွင်တီးခေါင်လိပ်ကျောကုန်းများကို ကြည့်လေရာရာ မျက်စိတဆုံး မြင်တွေ့ရပေလိမ့်မည်။

Wednesday, April 3, 2013

မြန်မာ့ရိုးရာ ယွန်းလုပ်ငန်း

ယွန်းလုပ်ငန်းတွင် အဓိက လုပ်ငန်းပိုင်းကြီးသုံးရပ် ရှိသည်။ ၁။ အဖြူ ထည်လုပ်ငန်း ၂။ အနက်ထည်လုပ်ငန်း ၃။ ယွန်းထိုး၊ ယွန်းခွဲဆေး ရောင်သွင်းလုပ်ငန်း တို့ဖြစ်သည်။ လုပ်ငန်းပိုင်း သုံးခု ကွဲပြားကြသလို ထုတ်လုပ်သူတို့ကိုလည်း လုပ်ငန်း အလိုက် အစွဲပြု၍ ရှေးခေတ်ကပင် အမည်ခွဲခြားပေးပြီး ခေါ်ဝေါ်ခဲ့ ကြသည်မှာ ယနေ့အထိဖြစ်သည်။



အဖြူထည် ထုတ်လုပ်သူတို့ကို အဖြူ သမား၊ အနက်ထည် ထုတ်လုပ်သူ တို့ကို တိုက်သမား၊ ယွန်းထိုး၊ ယွန်း ခွဲ သူတို့ကို ယွန်းသမား၊ ကြိုးတိုက် သူတို့ကို ကြိုးသမားဟူ၍ ခွဲခြားခေါ် ကြသည်။ ထုတ်လုပ်သည့် ပစ္စည်းတို့ ကိုလည်း အဖြူထည်၊ အနက်ထည်၊ ယွန်းထည်ဟူ၍ သုံးမျိုးခွဲခြားထားခဲ့ ကြသည်။

အဖြူကိုင်ဝါး
ဝါးအဖြူထည်လုပ်ငန်း အတွက် ခွေထည်၊ ရက်ထည်၊ ထုတ် လုပ်ရန်အသုံးပြုသော ဝါးကို အဖြူ ကိုင်ဝါးဟု ခေါ်သည်။ ဝါးထွက်ရာ အရပ်ဒေသကို အစွဲပြု၍ ရွှေလီဝါး၊ သပိတ်ကျင်းဝါး၊ စင်ခမ်းဝါး၊ ရွှေကျင် ဝါး၊ နောင်ပုံဝါး၊ ကိုးတန်ဝါး၊ ပျဉ်း မနားဝါး၊ မဲတင်းခါးဝါးဟု ခွဲခြား ခေါ်ဝေါ်ကြသည်။

ရှေးခေတ်က အဖြူသမားတို့ သည် ရွှေလီမှလာသော ရွှေလီ တင်း ဝါးကိုသာ ရက်ထည်၊ ခွေထည်ပြု လုပ်ရန် အသုံးပြုခဲ့ကြသည်။ ရွှေလီ တင်းဝါးမှာ ၁၃ တောင်ခန့်ရှည်ပြီး အလုံးချော၊ ရင်ဖျားညီ၊ အဆစ်ရှည် ဝါးဖြစ်၍ ဝါးမျက်စိကျဉ်းကာ ဝါး သားကျစ်၍ ချောသည်။ နှီးကိုင်၊ နှီး ဖြာ၊ နှီးစိတ်၊ နှီးတုပ်ရာတွင် လုပ် ငန်းအတွက် အစစအဆင်ပြေသည်။

ယခုအခါ ရွှေလီဝါးများ အလာ ကျဲသွားသဖြင့် ၁၆ တောင်မှ ၁၉ တောင်အထိရှည်သော မဲတင်းခါးဝါး ကို ရက်ထည်၊ ခွေထည်အဖြစ် အသုံး ပြုလျက်ရှိကြသည်။ ဝါးအဖြူထည် ထုတ်လုပ်သော အဖြူသမားများသည် အဖြူကိုင်ဝါးကို ဝါးကပ်ထရံလုပ်ငန်း ရှင် (ဝါးထောင်ပိုင်ရှင်)တို့ထံမှ တစ် ဆင့် ဝယ်ယူကြရသည်။

ဝါးကပ်ထရံလုပ်ငန်းရှင်တို့ သည် ဧရာဝတီ၊ ချင်းတွင်းမှ မျှော လာသော ဝါးဖောင်များမှ ဖောင်စည်း လုံးချုပ်၍ သော်လည်းကောင်း၊ ဝါးပျစ်များကို စိတ်ကြိုက်ရွေးချယ်၍ သော်လည်းကောင်း ဝယ်ယူ၍ မြစ်ကမ်းမှ သယ်ယူကာ အိမ်၌ ဝါးထောင်များအဖြစ် ပြုလုပ်ထားကြသည်။ ထိုသို့ဝါးစင်များဆောက်၍ ဝါးများထောင်ရာတွင် ရေစိုဝါး၊ ရေလွတ်ဝါး ခွဲခြားထောင်ထားလေ့ ရှိသည်။ အခွေသမားတို့က ပိုတမ်းဝါးခေါ် ရေလွတ်ဝါးကို ကြိုက်ကြပြီး ရက်ထည်သမားတို့က ရေစိုဝါးကို ကြိုက်ကြသည်။ ဝါးထောင်ပိုင်ရှင်တို့က အဖြူ သမားများကို လုံးကောက် ရောင်းသည်။

Tuesday, April 2, 2013

အမှားတရား ထိုနှစ်ပါး

              ဖြစ်စဉ် ဖြစ်ရပ်များတွင် အမှား၊ အမှန် ရှိစမြဲဖြစ်ပါသည်။ အမှားကို သိမှသာလျှင် အမှန်ကို သိနိုင် မည်ဖြစ် ပါသည်။ သို့သော် ပုထုဇဉ်အမျိုးမျိုး ရှိရာတွင် တချို့က သူတစ်ပါးအမှား မှ သင်ခန်းစာယူကာ ကိုယ် မမှားရ အောင် ရှောင်တတ်သည်။ တချို့က မိမိကိုယ်တိုင်မှားပြီးမှ သင်ခန်းစာ ယူ တတ်သည်။ သို့သော် တချို့မှာ မူကား ကိုယ်တိုင်မှားနေသည်ကိုပင် မှားမှန်း မသိ ဆင်ကန်းတောတိုးဖြစ်နေကြ သည်။
         ယခုတင်ပြလိုသည့် စေတနာမှာ အမှားကိုသိမြင်ပြီး အမှန်ကို ဖော် ဆောင်နိုင်ကြစေ ရန် ဖြစ်ပါ သည်။ လောကတွင် အခြေခံအားဖြင့် အမှား တရား နှစ်ပါးရှိပါသည်။



 ယင်းမှာ အစွန်းရောက်ခြင်း ပြင်းထန်စွာ လွန် ကဲခြင်းဖြစ်ပါသည်။ ဥပမာ-သတ္တဝါ တွေအဖို့ အစာစား၍ (အာဟာရမှီဝဲ ၍) အသက်ရှင်သန်ကြရပါသည်။ သဗ္ဗေသတ္တာ အာဟာရ ဌိတိကာ ဟု ဆိုထားပါသည်။ ယင်းသို့ ဆိုခြင်း ကြောင့် အစားအစာကိုသာ အတင်း စားနေကာ အစားကြူးပါက အသက် မရှည်နိုင်ပါ။ အတိုင်းအတာထက် ကျော်ကာ အစားကြူး သူများ သည် ရောဂါထူပြောကာ အသက်တိုကြရ ပါသည်။ တစ်ခါ အစားအစာကို ဆင်ခြင်ပါ ဆိုခြင်းကြောင့် လွန်လွန် ကဲကဲ အစားနည်းပါကလည်း အသက် မရှည်နိုင်ပါ။ ကျွန်တော်နှင့် ဆွေမျိုးနီးစပ်တော်သူ အမျိုးသမီးတစ် ဦးမှာ ဆီးချိုရောဂါ ရှိခြင်းကြောင့် ထမင်းနှင့်အသားများကိုပါ ဖြတ် တောက်ပစ်လိုက်ပါသည်။ နံနက်၊ ညစာ ကန်စွန်းရွက်ပြုတ် ကိုသာ စား နေခြင်းကြောင့် လကြာလာသည့်အခါ ကိုယ်ခံအား အလွန် နည်းလာပြီး လေ ဖြတ် သွားပါသည်။ ဤသို့လျှင် ပြင်း ထန်သော အစွန်းရောက်မှုမျိုးသည် အမှားတရားများသာဖြစ်ပါသည်။

လွန်းကြင်ငှက်အသည်း

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>