
သက်ရှိ၌သာ အသံရှိသည်ကို လက်ခံထားကြသည်။ သက်မဲ့၌ လည်း အသံရှိသည်။ လူ၏အသံကို ဘာသာစကား၊ ခွေး၏အသံ၊ သစ်ပင် ၏အသံ၊ ရေပြင်၏အသံ၊ လေ၏အသံ၊ မီး၏အသံ များကို မည်သို့အမည် တပ်ကြမည်နည်း။ ဘာသာစကားဟု ဆိုလျှင် သင့်တော်မည်ထင်ရ၏။
ပန်းမန်တို့၏ ဘာသာစကားမှာ အသံမဟုတ်။ အရောင်နှင့်အနံ့ဖြစ် သည်။ အချို့အရောင်သာရှိသည်။ အနံ့မရှိ။ မည်သို့သော ဘာသာစကား ဖြစ်စေ၊ ဆက်သွယ်ခြင်း၊ ထုတ်ဖော် ခြင်း၊ ဖော်ပြခြင်းများဖြစ်၏။ အရောင် သည် သတိပေးသည်။ ဆွဲဆောင် သည်။ ကြမ်းတမ်းမှုကို ဖော်ပြသည်။ အသံစကားတို့ကဲ့သို့ပင်ဖြစ်၏။
ဘာသာစကားသည် နားလည်ရုံ သာမက ခံစားမှုကိုဖြစ်စေသည်။ အသံနှင့် အရောင်သည်လည်း ထိုသို့ ခံစားမှုကိုဖြစ်စေသည်။ လေပြည်လေး ပွတ်တိုက်မှု ၊လေပြင်း၏အသံနှင့် တိုက်ခတ်မှုသည် လေအသုံးပြုသော ဘာသာစကား ဖြစ်သည်။