Labels
- ၀တၳဳတို
- Eco
- Video
- ကဗ်ာ
- ကမ ၻာသစ္စာစုမ်ား
- ကမ ၻာ့အေရး
- ကာတွန်း
- ကိုယ်တိုင်ရေးစာစုများ
- ကျန်းမာရေး
- ခရီးသွားစာစု၊ ဆောင်းပါး
- ဆုံးမစာ
- တရားတော်များ
- ဓမ္မစာစု
- ဓမ္မသံစဉ်
- ဓမ္မအတွေး
- ဓမ္မအတွေးကဗျာ
- ဓာတ်ပုံ
- ဖတ်စရာ
- ဖြစ်ရပ်မှန်
- မြန်မာမှု
- မြန်မာ့ရနံ့ကဗျာများ
- ဘာသာပြန်
- ဘာသာရေး
- မဃဒေဝ
- မှတ်စု
- ယဉ်ကျေးမှု
- ရသစာစု
- ရုပ်ပြ
- လင်္ကာ
- သတင်း
- သဘာဝဓမ္မ
- သမိုင်း
- သီချင်း
- သုတ
- ဟာသ
- အချစ်ကဗျာ
- အထ္ထုပတ္တိ
- အမျိုးသားနိုင်ငံရေး
- အားကစား
- အတွေးစာစု
- အတွေးအရေး
- အမေးအဖြေ
- စေတီတော်များ
- ဆောင်းပါး
- ဗေဒင်
- နိုင်ငံရေး
Saturday, November 8, 2014
နက္ခတ်ဆရာ ( ရာဘင်ဒြာနတ်တဂိုး )
ကျွန်တော်က မေးရုံ မေးပါတယ်။
“ညဥ့်ဦးယံမှာ လပြည့်ဝန်းကြီးဟာ သစ်ကိုင်းတွေကြားမှာ ထွေးငြိနေတဲ့အခါ ဘယ်သူမှ သူ့ကို ဖမ်းမယူနိုင်ဘူးလား”
ဒါပေမယ့် ကိုကိုက ကျွန်တော့်ကို ပြောင်တယ်။
“ကောင်လေး.. မင်းလောက် မိုက်တာ ရှိသေးမယ် ငါမထင်ဘူး၊ ဖိုးလမင်းဟာ ငါတို့နဲ့ အင်မတန် ဝေးလံတဲ့ဟာကို ဘယ်သူက ဖမ်းယူနိုင်မလဲကွ”
ကျွန်တော်က ပြန်ပြောတယ်။
“ကိုကို ဘာသိလို့လဲ၊ ကျွန်တော်တို့ ကစားစဉ် ပြတင်းပေါက်က ပြူပြီးတော့ မေမေ ပြုံးရယ်တဲ့အခါ .. မေမေ့ကို ဝေးတယ်လို့ ဆိုမလား”
ဒါပေမယ့် ကိုကိုက ပြောသေးတာပဲ။
“အ သေးတဲ့ ညီရယ်၊ လမင်းကို ဖမ်းယူနိုင်လောက်အောင် ကြီးကျယ်တဲ့ ကွန်ကြီးကို ဘယ်သွားရှာမလဲ”
ကျွန်တော်က ပြောတယ်။
“လက်နှစ်ဖက်နဲ့ ဖမ်းမှာပေါ့”
သည်တော့ ကိုကိုက တအားရယ်ပြီး ပြောတယ်။
“မင်းလောက် မိုက်တာ ရှိသေးမယ် ငါ မထင်ဘူး၊ လမင်းဟာ ငါတို့အနားကို ရောက်နိုင်ရင် ဘယ်လောက် ကြီးတယ်ဆိုတာ မင်း သိလိမ့်မယ်”
ကျွန်တော်က ပြန်ပြောတယ်။
“ကိုကိုတို့ကျောင်းမှာ သင်တာ အလကားတွေပါ၊ မေမေဟာ ကျွန်တော်တို့ကို ငုံ့နမ်းတဲ့အခါ မေမေ့မျက်နှာက အင်မတန်ကြီးလို့လား”
ကိုကိုကတော့ ပြောတုန်းပါပဲ။
“မင်းဟာ အ ကို အ ပါတယ်ကွာ”
ရာဘင်ဒြာနတ်တဂိုး
Thursday, November 6, 2014
မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ၏ ဓမ္မစာစု
မိမိတို့မှာ စိတ်ဖြစ်နေတာဟာ သုံးမျိုးပဲ
ဖြစ်နေတယ်နော်၊ ကုသိုလ်စိတ်၊အကုသိုလ်စိတ်၊ ၀ိပါက်ကိရိယာ ဆိုတဲ့ အဗျာကတစိတ်၊
အချိန်ရှိသ၍အဲဒီသုံးမျိုးပဲရှိတယ်။ ဘယ်လောက်ကြီးကျယ်တဲ့
ပုဂ္ဂိုလ်ဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် အကုသိုလ်ဖြစ်မယ်၊ သို့မဟုတ်
ဝိပါက်၊ကိရိယာဖြစ်မယ်။ ဘယ်လောက်သေးသိမ်တဲ့
ကလေးကလေးဖြစ်ဖြစ်၊တိရစ္ဆာန်သတ္တ၀ါပဲဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊
အကုသိုလ် ဖြစ်မယ်၊၀ိပါက်ဖြစ်မယ်၊ ကိရိယာဆိုတဲ့ အဗျကတဖြစ်မယ်၊ အင်မတန်
သေချာတယ်၊အင်မတန်သေချာ။
အကုသိုလ်စိတ် ။ ။ ဖြစ်တိုင်း၊ ပျက်တိုင်း အာရုံပါရမယ်၊ အဲဒါကြောင့်အကုသိုလ်ဆိုတာ ဘယ်လိုတရားပါတုန်းလို့ဆိုရင် -
'' ဖြစ်သော်ညစ်ထေး၊ အပြစ်ဘေးနှင့် ကျိုးပေးဒုက္ခ၊ ဆယ့်နှစ်ဝ၊ မုချ အကုသိုလ်ခေါ်''တဲ့ အပြစ်တွေ ဖြစ်တုန်း က ဒေါသရင်လဲပါနေပြီ၊ ဣဿာ၊ မစ္ဆရိယရင်လဲပါနေပြီ၊ မာနရင်လဲ ပါနေပြီ၊ ဖြစ်တုန်းက အဲဒီ အညစ်အကြေးတွေ ပါနေတယ်၊ အကုသိုလ်ဖြစ်တုန်းကအညစ်အကြေးတွ ပါနေမှတော့ အပြစ်က မကင်းဘူး၊ ဖြစ်တုန်းကကို အပြစ်မကင်းဘူး၊ နောက်အကျိုးပေးရင် မကောင်းကျိုးကိုပေးမယ်၊ ကောင်းကျိုးကို မပေးဘူး၊
ဒီအကုသိုလ်က ခုဘ၀ဖြစ်ဖြစ်၊ နောက်ဘ၀ဖြစ်ဖြစ် မကောင်းကျိုးကိုပေးမယ်၊ဒါကြောင့် အကုသိုလ်ဆိုတာ ဘယ်လို ဘာလိမ့်မတုန်းဆိုရင် ကိုယ့်စိတ်ကိုစဉ်းစားကြည့် '' ဖြစ်သော်ညစ်ထေး၊ အပြစ်ဘေးနှင့် ကျိုးပေး ဒုက္ခ၊ ဆယ့်နှစ်ဝ၊မုချ အကုသိုလ်ခေါ်'' ဖြစ်တယ်နော်၊ လောဘရင်လဲပါမယ်၊ ဒေါသရင်လဲပါမယ်ဒါအပြစ်ပဲ၊ မာနရင်လဲပါမယ် ဒါအပြစ်ပဲ၊ တစ်ယောက်နှင့်တစ်ယောက် မနာလိုတဲ့ဣဿာရင်လဲ ပါမယ်၊ ဒါအပြစ်ပဲ၊ သူတစ်ပါးကို မကြီးပွားစေလိုတဲ့ မစ္ဆရိယရင်လဲပါမယ်၊ ဒါအပြစ်ပဲ၊ အိပ်ချင်မူးတူး ငိုက်မျဉ်းနေတဲ့ထိနမိဒ္ဓရင်လဲ ပါမယ်၊ ဒါအပြစ်ပဲ၊ ဘုရားကို ဟုတ်မှဟုတ်ပါ့မလားလို့ ဘုရားအစစ်ကို ယုံမှားနေတဲ့ ၀ိစိကိစ္ဆာရင်လဲပါမယ်၊ ဒါအပြစ်ပဲ၊ ဖြစ်တုန်းက အပြစ်တစ်ခုခုနဲ့ ညစ်ပေနေတဲ့တရားမျိုး၊ ဒါအကုသိုလ်ခေါ်တယ်၊ နောက်အကျိုးပေးရင်လဲ မကောင်းကျိုးကိုပေးမှာပဲ။

Subscribe to:
Posts (Atom)
Recent Posts
လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ
-
►
2012
(173)
- ► January 15 (1)
- ► September 2 (1)
- ► September 9 (4)
- ► September 23 (2)
- ► September 30 (3)
- ► November 18 (1)
-
►
2013
(177)
- ► January 13 (1)
- ► February 10 (16)
- ► February 17 (13)
- ► February 24 (8)
- ► September 1 (3)
- ► September 22 (1)
- ► September 29 (4)
- ► October 27 (1)
- ► November 17 (1)
- ► December 1 (1)
- ► December 15 (1)
- ► December 29 (1)
-
▼
2014
(31)
- ► February 9 (1)
- ► September 28 (2)
- ► November 9 (8)
- ► November 16 (1)
- ► November 23 (2)
- ► November 30 (4)
- ► December 28 (2)
-
►
2015
(136)
- ► January 18 (4)
- ► January 25 (1)
- ► February 8 (2)
- ► September 6 (4)
- ► September 13 (1)
- ► September 20 (1)
- ► September 27 (2)
- ► October 11 (3)
- ► October 18 (1)
- ► November 1 (3)
- ► November 8 (1)
- ► November 29 (3)
- ► December 6 (2)
- ► December 13 (1)
-
►
2016
(31)
- ► January 17 (1)
- ► January 31 (1)
- ► February 7 (1)
- ► February 14 (1)
- ► October 16 (1)
- ► October 23 (1)
- ► November 6 (1)
- ► December 4 (1)
-
►
2017
(14)
- ► January 15 (3)
-
►
2019
(11)
- ► January 20 (1)
- ► January 27 (4)
- ► February 3 (1)
Popular Posts
-
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက သည်ကမ်းယံစေတီဦးဆီသို့  ဖူးမြော်ရန် ရောက်လာပေလာ့ ဘော အိုအချင်း လှိုင်းကလေး သင် ..။ ကမ်းရောက်ပြန်တော့ တြေ...
-
မြတ်စွာဘုရား ပရိနိပ္ဖာန်စံတော်မူခဲ့သည်နေ့ (ကဆုန်လပြည့်နေ့) ကို သတိရ အမှတ်ရ၍ မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော် များကို တန်ဖိုးထား နားလည် တ...
-
ဆန်းစခါနွေ ရာသီစက်ဝန်း တစ်ကျော့ပြန်ပြီ။ နွေ၊ မိုး၊ ဆောင်း လည်း ခါခါပြောင်းပြီ၊ ခုလည်းတစ်ကျော့ ရောက်ခဲ့ပါပြီ။ ခါနွေဦးသို့တည်....။ ...
-
သည်မီးအိမ် တို့ရင်ထဲဝယ် ဆွဲချိတ်တည်ငြိမ်၊ ၀င်းလဲ့ထိန်သော မီးအိမ်ကလေးရှိပါသည်။ မုန်တိုင်းတိုက်တိုက်၊ မိုးမိုက်မိုက်လည်း စိ...
-
ကောဋ္ဌိကသုတ် အနှစ်ချုပ် သာဝတ္တိပြည်မှာ ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာကောဋ္ဌိကတို့ နှစ်ပါး ဆုံတွေ့ ကြတဲ့အခါ ရှင်မဟာကောဋ္ဌိက က မေးခွန်းတွေ ...
-
သာယာသောတစ်နေ့ .. သူက အပယ်ရတနာ လိုဏ်ဂူဘုရား၏ တောင်ဘက်စင်္ကြန်နံရံရှိ ရုပ်ပုံများအကြောင်း၊ ထိုရုပ်ပုံများနှင့် အတူ ရေးခြယ်ထာ...
-
အခန်းမကျော်အောင် ၅နှစ် အရွယ် နှင့် ၇နှစ်အရွယ် ညီအကို ကလေးငယ်နှစ်ယောက်တို့ တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်...
-
ဗုဒ္ဓဘာသာသည် အမျိုးသမီးထုကို အစဉ်အမြဲ အလေးပေးခဲ့၏။ အမေဖြစ်သည့် အမျိုးသမီး ကို ပြုစု လုပ်ကျွေးဖို့ လေးစားဖို့ တန်ဖိုးထားဖ...
-
မေး။ ။ အရှင်ဘုရား မြတ်စွာဘုရား တစ်ဆူလျှင် ဝေနေယျသတ္တ၀ါပေါင်း ၂၄ သင်္ချေ၊ ကုဋေ ခြောက်ဆယ်၊ ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်အောင် တရားဓမ...