ကိုယ့်ကို
အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာ သူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။
ကိုယ့်အတွေးပါ။ ကိုယ့်သဘောထားမှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေ မှားနေလို့၊
ကိုယ့်စိတ်ကို ကိုယ်နားမလည်လို့၊ ကိုယ့်စိတ် ကို ကိုယ်တည်ငြိမ်အောင်၊
အေးချမ်းအောင် မထားတတ်လို့၊ အဲဒီစိတ်က အတွေးတွေ အမျိုး မျိုးတွေး ပြီးတော့
ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။ တရားအားထုတ်ပြီးတော့နေရင် ကိုယ့်စိတ်က
ကိုယ့် မိတ်ဆွေဖြစ်နေတယ်။
ကိုယ့်စိတ်က ကိုယ့်ကို မကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင်
အဲဒီစိတ်က ရန်သူပဲ။ ကိုယ့်စိတ်က ကိုယ့်ကို ကောင်းတာလုပ်ဖို့
တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က မိတ်ဆွေပဲ။
ကိုယ့်စိတ်ကို ကိုယ့်မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပြီဆိုရင် အဲဒီလူမှာ
အင်မတန်မြင့်မားတဲ့ စိတ်ဓါတ် အရည် အသွေးတွေ ရှိလာလိမ့်မယ်။ ကိုယ့်စိတ်က
ကိုယ့်မိတ်ဆွေ တကယ်ဖြစ်သွားပြီဆိုရင် အဲဒီလူဟာ စိတ် ချမ်းသာ ကိုယ်ချမ်းသာ
နေသွားလို့ ရပြီ။ ကုန်ကုန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ
ရာခိုင်နှုန်းပြည့် တကယ်ဖြစ်မယ် ဆိုရင် တရားကိစ္စလမ်းဆုံးတဲ့ ထိအောင်
ရောက်နိုင်ပါတယ်။
“ Everything that crosses the mind, wears and tears the mind ”
စိတ်ထဲကို ဖြတ်သန်းသွားတဲ့အရာ မှန်သမျှဟာ စိတ်ကို ပင်ပန်းနွမ်းနယ်စေတယ်။
လူတွေဟာ အတွေးများလွန်းလို့ စိတ်ဓါတ်
energy
စိတ်ဓါတ်အင်အားတွေ အများကြီး ကုန်ဆုံးသွား တယ်နော် ။ အတွေးအတောထဲမှာ
ငေးမောပြီးတော့ မနေပဲ ဖြစ်နိုင်သလောက်၊ ရနိုင်သလောက် ပစ္စုပ္ပန် တည့်တည့်မှာ
သတိကပ်ပြီး နေမယ်ဆိုရင် စိတ်ပင်ပန်းမှု မရှိတော့ဘူး။ စိတ်ကြည်ကြည် လင်လင်
အေးအေး ချမ်းချမ်းနဲ့ တစ်နေ့တာကုန်သွားမယ်။