2 3 4 5 6 7 8 9 10

Tuesday, June 13, 2017

ထာဝရသီချင်း



နွေထဲက လ
ရွှန်းပ၀င်းဝါ
ထိန်သာတယ်..။
မိုးထဲက လ
တိမ်လွှာတစ်လှည့်
မိုးတစ်လှည့်..။
ဆောင်းထဲက လ
နှင်းစမြူမှုန်
ပ၀ါခြုံ..။
ရှိနေမြဲ “လ”
အလှ
ထာဝရ..။


ကမ္ဘာကိုချစ်လျက်
မျက်နှာဝင်းပ
အလှမပျက်..။

ညွှန့်အေး(အင်းဝ)

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>